ပုလဲ-ပုံညာ လွမ်းတယ်ဗျာ

• ပုံညာတောင်ထိပ် အတိတ်ကာလ၊ ခဏခဏရောက်၊
• ပုလဲအနောက်က ပုံညာတကြော ယော၊ ကျော၊ ဂန့်ဂေါ၊
• သဘောကောင်းကြ ရုပ်လှကြ၊ မေ့မရပါ။

• ရေကောင်း မြေကောင်း၊ ပြောင်ဖူးကောင်း၊ ပဲကောင်း၊
• ‘ဆောင်းမီးကား’ ဆိုတဲ့စကား ခုထိနားထဲကြား၊
• စကားဝဲဝဲ အသားမဲသူမရှိ၊
• သိသူ မသိသူ၊ ဆေးလာကုဘူးသူ၊
• NLD ကိုမဲပေးသူ၊ ဘယ်သူဖြစ်ဖြစ်၊
• အနှစ်နှစ်ဆယ်ကျော်ကြာ၊ ပုံညာထိပ်ရေအိုးစဉ်မှာ
• တခါတော့ လာချင်သေးတယ်ဗျာ။

ဒေါက်တာတင့်ဆွေ
၁၁-၂-၂ဝ၁၄
(‘ဆောင်းမီးကား’ = အအေးမိနှာစေး)

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး