Gonorrhea ဂနိုးရီးယားရောဂါ

အိမ်ထာင်သည်အမျိုးသားတယောက် အပြင်မှာ အခကြေးငွေနဲ့ပျော်ပါးမိလို့ ရောဂါရလာတယ်။ ဆေးကုတယ်။ သက်သာတယ်။ သူ့ဇနီးကိုကူးတယ်။ ဆေးကုတယ်။ သက်သာတယ်။ မပျောက်နိုင်ဘူးတဲ့။

ဂနိုးရီးယားရောဂါဟာ လိင်ကတဆင့်ကူးစက်ရောဂါတွေထဲမှာ အများဆုံးထဲက တခုဖြစ်တယ်။ ဆီးပူညောင်းကျရောဂါလို့ ခေါ်ကြတယ်။ Neisseria gonorrhoeae ဗက်တီးရီးယားကြောင့်ဖြစ်တယ်။ လိင်ဆက်ဆံရာမှာသုံးတဲ့ ကျားအင်္ဂါ၊ မအင်္ဂါ၊ ပါးစပ်၊ စအိုတွေကနေ ဝင်လာတာပါ။ အဖေါ်မှာ ပိုးရှိရင် ယောက်ျားတွေက ၂ဝ% မိန်းမတွေက ၅ဝ% ကူးစက်ဘို့ အခွင့်အလမ်းရှိတယ်။ အရင်ကနည်းသွားခဲ့ရာကနေ အခုပြန်များလာပြန်ပြီ။

ယောက်ျားပိုးဝင်တာနဲ့ ၂ ရက်ကနေ ၁ဝ ရက်အတွင်း လက္ခဏာတွေပေါ်တယ်။ ဆီးအောင့်မယ်။ ခပ်ပြစ်ပြစ်-ခပ်ဝါဝါ အရေ ပန်းအဖျားကနေ ဆင်းမယ်။ အစေ့ရောင်မယ်၊ နာမယ်။ ဆီးကျိတ်ရောင်မယ်၊ နာမယ်။ အမျိုးသမီးပိုးဝင်တဲ့နောက် ၃ ပါတ်အထိနေလို့ ပိုကြာတတ်တယ်။ ဒါလဲ ၃ဝ-၄ဝ%မှာ ဘာ လက္ခဏာမှ မပေါ်ဘူး။ သားအိမ်အဝ မှာလည်း ဖြစ်လာတတ်တယ်။ ဆက်ဆံရင်နာမယ်။ ဆီးခဏခဏသွားချင်မယ်၊ ဆီးသွားရင်နာမယ်။ ဗဂျိုင်းနာမှာ ပူစပ်လာမယ်။ အဖြူ-အဝါ-ခပ်စိမ်းစိမ်း အရောင်ဆင်းမယ်။ ကြားရက်မှာ သွေးဆင်းတတ်တယ်။ ဆက်ဆံနေတုံး သွေးဆင်းတတ်တယ်။ ပိုဆိုးတဲ့ တင်ပါးဆုံးတွင်းအင်္ဂါတွေရောင်တဲ့ရောဂါ ဖြစ်လာတတ်တယ်။ ဗိုက်အောက်ပိုင်း ဆီးစပ်နေရာက နာမယ်။ ဖြစ်ရင် ကလေးမရတာအထိ ဖြစ်နိုင်တယ်။ ရောဂါသေခြာအောင် ဆီးလမ်း-မွေးလမ်းကဆင်းတဲ့အရည်ကို စစ်ရတယ်။ ၂ ရက် ကြာတယ်။ သွေးဖြူဥများနေမယ်။ ရောဂါရှိတဲ့မအေက ကလေးကိုကူးရင် မျက်စိနာမယ်။ မကုရင် မျက်စိကွယ်နိုင်တယ်။

ဂနိုးရီးယားရောဂါအတွက် သုံးနေတဲ့ဆေးတချို့ကို ရောဂါပိုးကခံနိုင်ရည်ရှိလာနေတယ်။ အဲတာကြောင့် အမေရိကန် ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးကနေ ၂ဝ၁၅ ခုနှစ် ဒီဇင်္ဘာလမှာ ထုတ်ပြန်ထားတဲ့ လိင်ကတဆင့်ကူးစက်ရောဂါများ အတွက်လမ်းညွှန်အရ ကုသနည်းတွေကိုသာ ကိုးကားပါတယ်။

Gonococcal Infections in Adolescents and Adults လူရွယ်လူကြီးဂနိုးရီးယားရောဂါ
ရောဂါပိုးဆေးယဉ်တာအတွက် ဆေး (၂) မျိုးတွဲကုသလည်းကိုသုံးသင့်တယ်။ ဥပမာ cephalosporin + azithromycin ဆေးအတွဲ။ azithromycin ဆေးဟာ doxycycline ဆေးနဲ့တွဲတာဖက်ပိုသင့်တယ်။

Uncomplicated Gonococcal Infections of the Cervix, Urethra, and Rectum သားအိမ်ဝ၊ ဆီးသွားပြွန်နဲ့ စအိုလမ်း ဂနိုးရီးယား (ရိုးရိုး) ကူးစက်ခြင်း
Ceftriaxone 250 mg IM အသားဆေး (၁) လုံးထိုးပါ + Azithromycin 1g စားဆေး (၁) လုံးသောက်ပါ။
သို့မဟုတ်
Cefixime 400 mg စားဆေး (၁) လုံးသောက်ပါ + Azithromycin 1g စားဆေး (၁) လုံးသောက်ပါ။

Uncomplicated Gonococcal Infections of the Pharynx အာခေါင်ဂနိုးရီးယားပိုးကူးစက်ခြင်း
Ceftriaxone 250 mg IM အသားဆေး (၁) လုံးထိုးပါ + Azithromycin 1g စားဆေး (၁) လုံးသောက်ပါ။

Pregnancy ကိုယ်ဝန်ဆောင် ဂနိုးရီးယားကူးစက်ခြင်း
Ceftriaxone 250 mg IM အသားဆေး (၁) လုံးထိုးပါ + Azithromycin 1g စားဆေး (၁) လုံးသောက်ပါ။

Gonococcal Conjunctivitis ဂနိုးရီးယားမျက်စိနာရောဂါ
Ceftriaxone 1 g IM ဆေး (၁) လုံးထိုးပါ + Azithromycin 1g စားဆေး (၁) လုံးသောက်ပါ။

Arthritis and Arthritis-Dermatitis Syndrome ဂနိုးရီးယားအဆစ်နာရောဂါ
Ceftriaxone 1 g IM or IV every 24 hours ထိုးဆေး (၂၄) နာရီတကြိမ်ထိုးပါ + Azithromycin 1g စားဆေး (၁) လုံးသောက်ပါ။
သို့မဟုတ်
Cefotaxime 1 g IV ထိုးဆေး (၈) နာရီတခါထိုးပါ (သို့) Ceftizoxime 1 g IV နာရီတခါထိုးပါ + Azithromycin 1g စားဆေး (၁) လုံးသောက်ပါ။

Gonococcal Meningitis and Endocarditis ဂနိုးရီးယားပိုးကြောင့် နှလုံးနှင့် ဦးနှောက်မှေးရောင်ရောဂါ
Ceftriaxone 1–2 g IV ထိုးဆေး (၁၂-၂၄) နာရီတခါထိုးပါ + Azithromycin 1g စားဆေး (၁) လုံးသောက်ပါ။

Gonococcal Infections Among Neonates မွေးစကလေးများ ဂနိုးရီးယားပိုးကူးစက်ခြင်း
Ophthalmia Neonatorum Prophylaxis ဂနိုးရီးယားမျက်စိနာ ကာကွယ်ရန်
Erythromycin (0.5%) ophthalmic ointment မျက်စဉ်းကို မျက်စိ (၂) ဖက်လုံး (၁) ကြိမ်စီခပ်ပါ။

Ophthalmia Neonatorum Treatment ဂနိုးရီးယားမျက်စိနာ ကုသရန်
Ceftriaxone 25–50 mg/kg IV or IM ထိုးဆေး (၁) လုံးထိုးပါ။ 125 mg ထက်မများစေရ။

DGI and Gonococcal Scalp Abscesses in Neonates
Disseminated gonococcal infection (DGI) ခေါ် ဂနိုးရီးယားပိုးကြောင့် tenosynovitis, dermatitis, and multiple skin lesions အဆစ်ရောင်၊ ဦးနှောက်မှေးရောင်၊ အရေပြားရောင်၊ အရေပြားနာတွေဖြစ်ခြင်း နှင့် ကလေးငယ်များ ဦးရေခွံအနာပေါင်ခြင်း
Ceftriaxone 25–50 mg/kg/day IV or IM တနေ့ (၁) လုံး၊ (၇) ရက်ထိုးပါ။ ဦးနှောက်မှေးရောင်ရင် (၁၄) ရက်ထိုးပါ။
သို့မဟုတ်
Cefotaxime 25 mg/kg IV or IM ထိုးဆေးကို (၁၂) နာရီတခါ (၇) ရက်ထိုးပါ။ ဦးနှောက်မှေးရောင်ရင် (၁၄) ရက်ထိုးပါ။

Neonates Born to Mothers Who Have Gonococcal Infection ဂနိုးရီးယားရှိတဲ့မိခင်ကနေမွေးလာတဲ့ကလေး
Ceftriaxone 25–50 mg/kg IV or IM ထိုးဆေး (၁) လုံးထိုးပါ။ 125 mg ထက်မများစေရ။

Gonococcal Infections Among Infants and Children ကလေးငယ်လေးတွေနဲ့ ကလေးတွေဂနိုးရီးယားကူးစက်ခြင်း
Ceftriaxone 25–50 mg/kg IV or IM ထိုးဆေး (၁) လုံးထိုးပါ။ 125 mg ထက်မများစေရ။

ဂနိုရီးယားကြောင့်ဖြစ်တဲ့ ဆီးပြွန်အဝရောင်ခြင်း၊ သားအိမ်အဝရောင်ခြင်း၊ အာခေါင်ရောင်ခြင်း၊ Ofloxacin 400 mg ၁ ပြား၊ ဒါမှမဟုတ် Levaquin® 500 mg ၁ ပြား၊ ဒါမှမဟုတ် Tequin® 400 mg mg ၁ ပြား၊

သာမန်ဂနိုရောဂါ၊ Ceftriaxone 125 mg IM ထိုးဆေး ၁ လုံး၊ ဒါမှမဟုတ် Cefixime 400 mg ၁ ပြား၊ ဒါမှမဟုတ် ဒါမှမဟုတ် Ofloxacin 400 mg ၁ ပြား၊ ဒါမှမဟုတ် Levofloxacin 250 mg ဒါမှမဟုတ် Penicillin မတည့်ရင် Spetinomycin 1 Gm IM ထိုးဆေး ၁လုံး၊ ဒါမှမဟုတ် Cefpodoxime 400 mg ၁ ပြား၊ ဒါမှမဟုတ် Levofloxacin 250 mg တနေ့ ၁ ပြား။

ရှုတ်ထွေးတဲ့ဂနိုရောဂါ၊
Penicillin G 10 million units IV နေ့စဉ်အကြောဆေး ၅ ရက်ဆက်သွင်းပါ၊ ဒါမှမဟုတ် Ceftriaxone 1 Gm IV နေ့စဉ် အကြောဆေး ၅ ရက်ဆက်သွင်းပါ၊ ဒါမှမဟုတ် Levofloxacin 500 mg တနေ့ ၁ ကြိမ်၊ ၅ ရက်သောက်ပါ။ Endocarditis နှလုံးရောင်နေသူကို Ceftriaxone 1 Gm အကြောဆေး တနေ့ ၂ ခါ၊ ၃ ပါတ်သွင်းပေးပါ။

(ဂနိုရီးယား) ပိုးနဲ့အတူ (ကလာမိုင်ဒီယား) ပိုးလဲ တွဲရှိနေတာက ၅ဝ% လောက်ရှိလို့ တခုကိုသာမကဘဲ ၂ မျိုးလုံး တွဲပေးတာကောင်းတယ်။ (ကလာမိုင်ဒီယား) ပိုးအတွက်
• Doxycycline 100 mg တနေ့ ၂-၃ ကြိမ်၊ ၁ဝ-၁၄ ရက်သောက်ပါ။ ဒါမှမဟုတ်
• Azithromycin 1.0 gm တခါထဲသောက်ပါ။ ဒါမှမဟုတ်
• Azithromycin 500mg ကို ပဌမနေ့သောက်ပြီး၊ 250mg ကို တနေ့ ၁ ကြိမ်၊ နောက်၎ ရက်ဆက်သောက်ပါ။

မိန်းကလေးအသက်ငယ်ရင် ဒါမှမဟုတ် ကိုယ်ဝန်ရှိရင် ထိုးဆေးပေးတာ ကောင်းတယ်။ ခံစားနေရတာတွေ သက်သာပေမဲ့ ဆေးပါတ်စေ့ပါစေ။ အိမ်ထောင်သည်တွေဆိုရင် နှစ်ယောက်လုံး တပြိုင်တည်းဆေးကုပါ။ ကာကွယ်ဘို့ကွန်ဒွန် သုံးပါ။ မကုသရင် ဆိုးဝါးတာတွေဖြစ်လာတတ်တယ်။ သွေးကတဆင့် တခြားနေရာတွေဆီ ကူးစက်မယ်။ နောက်ဆက်တွဲ ရောဂါတွေရှိလာရင် ဖျားမယ်၊ ဗိုက်နာမယ်၊ ဆီးလမ်း-မွေးလမ်းက တခုခုဆင်းမယ်၊ အဆစ်နာ၊ အရေပြားမှာ အနီရောင် အပြင်တွေ အလယ်ကခပ်မည်းမည်းဖြစ်မယ်၊ အားယုတ်မယ်၊ စအိုနာ၊ လည်ချောင်းနာမယ်။ ၂ဝ-၄ဝ% အမျိုးသမီးမှာ တင်ပဆုံတွင်းအင်္ဂါတွေရောင်ခြင်း၊ ဦးနှောက်မြှေးရောင်နိုင်တယ်။ ၁% နှလုံးသားရောင်နိုင်တယ်။ (ကလာမိုင်ဒီးယား) ၆ဝ% အမျိုးသမီး တခြားပိုးကြောင့် အဖြူဆင်းခြင်း။

လိင်ကတဆင့်ကူးစက်ရောဂါတခုခု ရှိသူတိုင်း HIV ကိုလဲစစ်ရပါမယ်။ သံသယရှိတဲ့အပြုအမူနောက် ၃ လနေရင် စစ်လို့ရပါပြီ။ ဂနိုရီးယားဖြစ်သူတွေက Syphilis ဆစ်ဖလစ်နဲ့ Chlamydia ကိုလည်းစစ်ပါ။

Dr. တင်ဆွေ
၂၆-၅-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး