Greetings မင်္ဂလာပါ ဆရာ

ကျွန်တော် ဒီနေ့မနက် ရွာကို သေချာဖုန်းဆက်ကြည့်တော့ ရွာအဝင်ဆိုင်းဘုတ်လည်း မရှိပါ။ ကြံဖွတ် ဆိုင်းဘုတ်လည်း မရှိပါဆရာ။ ဒါပေမဲ့ အိမ်တိုင်းမှာ ခွပ်ဒေါင်းစိတ်ဓါတ်တော့ အပြည့်ရှိနေပါတာတော့ ဝမ်းသာစရာပါဆရာ။ အဝေးက လှမ်းရိုက်တော့ပုံက ကောင်းကောင်း မရဘူးဆရာ။ နောက်ပြီး Message Box ကနေ ပို့ထားတဲ့ မင်းရွာကနေ မုံရွာကိုဆွဲတဲ့ ဒိုင်နာကားလည်း ရှိနေပြီဆရာ။ အဲဒါ လမ်းမှာတွေ့လို့ရိုက်ထားတာလေး ဒီနေ့ ထပ်ပို့လိုက်ပါတယ် ဆရာ။ ပုံတွေ ပို့ရကျိုးနပ်လို့ ဝမ်းသာပါတယ်ဆရာ။

‘Summer holiday နွေကျောင်းပိတ် အတိတ်သတိရ’ ထဲမှာ ပုလဲကနေ မင်းရွာ၊ သုံးတိုင် (ခြောက်မိုင်) အကွာခရီး လှည်းစီးသွားရတာကို ထည့်ရေးခဲ့ပါတယ်။ မြေက ‘တနယ်မြေမ’ အမျိုးအစားမို့ မိုးရွာသီမှာ လှည်းဘီးတွေကို ရွံ့ကပ်ရင် လှည်းရပ် ရွံ့ခြစ်ပြီးမှ ခရီးဆက်နိုင်တယ်။ အခုတော့ ခရီးသည်တင်ယာဉ်ရှိနေပြီတဲ့။ ၁၉၉ဝ ကတည်းက ‘ဒီမိုကရေစီ စိတ်ဓါတ် ရွံ့မကပ်တာ’ တကယ်ဝမ်းသာတယ်။

ဒေါက်တာတင့်ဆွေ
၂-၅-၂ဝ၁၄
ဓါတ်ပုံ = အောင်ကိုဝင်း (ပုလဲ)

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး