Pride မာန်

ဆရာ ကျနော်က ပုဂံက အရုပ်ပုံ ရေးသူပါ။ ကျနော့်ပြသာနာက ရမ်းကြည်ညို ရမ်းလေးစားထဲ မပါဘူးဗျ။ ဘာလို့ဆို ကျနော်က ဖူးမျှော်လို့တော့ရတယ်၊ မာန်လျှော့လို့မရ ဖြစ်နေတာခင်မျ။ ဆရာနဲ့ စကားအချို့ ဘာညာ ပြောချင်မိ့

ကျွန်တော် ၂ဝ၁၄ ခုနှစ် အောက်တိုဘာလထဲ တနင်္ဂနွေတနေ့မှာ ဘောလင်းဂရင်းကို ကထိန်အတွက်သွားပါတယ်။ ၂၂၉ မိုင် ဝေးတဲ့ခရီးကို အင်ဒီယာနာပိုးလစ်ဘုန်းကြီးက ၃ နာရီ ၄၅ မိနစ်ကြာ ကားမောင်းပါတယ်။ အသွားအပြန် လမ်းတလျှောက်လုံး စကားတွေပြောကြတယ်။

ကျွန်တော်ပြောခဲ့တာတွေထဲမှာ မာန်လျှော့တာကို သိပ်နှစ်သက်တယ်လို့ပါတယ်။ သြကာသကန်တော့တာရဲ့အဆုံးမှာ ဖူးမြော်မာန်လျှော့ ကန်တော့ပါ၏အရှင်ဘုရားကို ရွတ်တိုင်း မာန်လျှော့နေရာမှာ စိတ်ထဲမှာရော အသံထွက်တာပါ လျှော့ချမိတယ်။ ကျွန်တော့်အသံ တုန်းကပါလျှော့ကျနေမယ်။ ကျွန်တော် အဲလိုပြုပြင်မှုလုပ်တာ နှစ်တွေ အများကြီးတော့ မကြာလှသေးပါ။

ဘလော့တွေကိုစရေးတော့ အဆိုအမိန့်၊ မိုတိုလေးတခုလောက် သုံးဘို့ရာလိုက်ရှာတာ လောကသာရပျို့ကို တွေ့ပါတယ်။
• အသက်ရှည်စွာ အနာမဲ့ကြောင်း၊
• ကောင်းလှစေချင်၊ ပဲ့ပြင်နိစ္စ၊
• ကွပ်ဆုံးမသား၊ မိဘဆရာ စကားနာ၍၊၊
• ကျမ်းစာသိမြင်၊ တတ်အောင်သင်လော့၊
• ပေါ်လွင်မပြု၊ ကောင်းရာတုလျက်၊
• ကောင်းမှုမြတ်နိုး၊ ကောင်းအောင်ကြိုး၍၊၊
• ကောင်းကျိုးကိုယ်၌ တည်စေမင်း။ (ကန်တော်မင်းကျောင်းဆရာတော်)

မာနကြီးခြင်း၊ မာန်တက်ခြင်းအကြောင်းတရားတွေကို လိုက်ရှာတော့ ဇာတ်ကိုစွဲ၍၊ မျိုးနွယ်ကိုစွဲ၍၊ အတတ်ပညာကိုစွဲ၍၊ အနာရောဂါကင်းမှုကိုစွဲ၍၊ အရွယ်ပျိုနုခြင်းကိုစွဲ၍၊ အသက်ရှည်ခြင်းကိုစွဲ၍၊ အဆင်းလှခြင်းကိုစွဲ၍၊ ဘောဂပေါကြွယ် တင့်တယ်မှုမျိုးကိုစွဲ၍၊ ကျော်စောခြင်းအခြံအရံများခြင်းကိုစွဲ၍၊ ဘဝင်မြင့်ကြ၊ မာနဖြစ်ကြသည်လို့ဖတ်ရပါတယ်။

Pride မာန်မာနစကားလုံးဟာ Honor ဂုဏ်၊ Gratification ကျေနပ်မှု၊ Self-respect ကိုယ့်ကိုယ်ကို လေးစားခြင်း၊ Arrogance စိတ်ကြီးဝင်ခြင်း၊ စသဖြင့်တွေနဲ့ ဆင်တူပါတယ်။ နောက်ဆုံးအဓိပ္ပါယ်က မနှစ်သက်အပ်ဆုံးပါ။

ခြေသုတ်ပုဆိုးကဲ့သို့ ကျင့်နိုင်ရပါလို၏။

ဒေါက်တာတင့်ဆွေ
၂-၁၁-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး