Synthetic cannabinoids မူးယစ်ဆေးသစ်တွေ




ဘိန်း၊ ဆေးခြောက်၊ ကိုကိန်း ဆိုတဲ့မူးယစ်ဆေးတွေက ရှေးကျသွားပြီလို့ပြောရပါတော့မယ်။ စိတ်ကြွဆေးတွေကလဲ ဆန်းသစ်မှုအဆင့်မှာ မရှိတော့ပါ။ သူ့ထက်သူ လူ (ဆေး) စွမ်းကောင်းတွေပေါ်ပေါ်လာနေပါတယ်။ အစွမ်းတွေ ပိုထက်လာတဲ့ သဘောတော့ မဟုတ်ပါ။ ပေါ်ပြီးသားဆေးဝါးတွေကို ရာဇဝတ်မှုကြောင်းအရနှိင်နင်းနိုင်အောင် ဥပဒေစိုးမိုးရေးကနေ ဥပဒေသစ်တွေ လုပ်ပေးရလို့ ဆေးအဟောင်းတွေကို လက်ရှောင်ပြီး ဥပဒေဘက်တော်သားတွေကို နှာတဖျားအသာစီးရအောင် ကြံဆောင်လာကြလို့ ဖြစ်ပါတယ်။

ကနေ့ အမေရိကမှာ ဆေးသစ်တွေကို ရိုးရိုးကုန်စုံဆိုင်မှာဖြစ်ဖြစ်၊ ဓါတ်ဆီဆိုင်မှာဖြစ်ဖြစ် ဝယ်လို့ရနေတယ်။ K-2 နဲ့ Spice ဆိုတာ ဓါတ်ခွဲခန်းမှာပြုပြင် ထုတ်လုပ်ထားတဲ့ ဆေးခြောက်နွယ်ဝင် မူးယစ်ဆေးတမျိုးပါဘဲ။ နေရာဒေသအလိုက် ဆေးခြောက်ကိုလဲ တရားဝင် ရောင်းဝယ်လို့ရထားပါတယ်။

420, Magnolia Rush, K 2, Voo Doo, Mango fadi's Spice (Herbal Incense), Moe-Joe platinum, Texas Gold, Florida Spice (Herbal Incense), Marshmallo Butter (Herbal Incense) စတဲ့နာမည်တွေနဲ့ရောင်းနေပါတယ်။

မူးယစ်ဆေးဝါးထိန်းချုပ်ရေးမှာ ပိုပြီးရှုတ်ထွေးလာနေပါတယ်။ Cocaine ကိုကိန်း၊ Meth မက်သ် နဲ့ Heroin ဟီရိုယင်း တွေခေတ်ကလို မဟုတ်တော့ပါ။ ဆေးသစ်တွေကို အာရှမှာထုတ်တာပါ။ ဓါတ်ခွဲခန်းမှာ အရင်ဆေးဝါးတွေနဲ့မတူ တမျိုးတမည် ပေါင်းစပ်ထားပါတယ်။ အစွမ်းသတ္တိကတော့ ရှိပြီးသားဆေးတွေနဲ့ အတော်ကြီးဆင်တူကြတယ်။ တရားဝင်မူးယစ်ဆေး၊ ဒီဇိုင်နာဆေးလို့ ခေါ်တယ်။ အဖြူရောင်အမှုံ့နဲလာပြီး ရှူလို့ရတယ်၊ သောက်လို့ရတယ်၊ ထိုးလို့ရတယ်။ သုံးစွဲသူတွေ အများဆုံး သုံးတဲ့နည်းကတော့ သတ်သတ်မှတ်မှတ် Inert leaf ဓါတ်မပြုစေနိုင်တဲ့သစ်ရွက်ပေါ်မှာတင်ပြီး ရှူကြတာပါ။

Cannabinoids ဆေးခြောက်နဲ့ဆင်တူတယ်လို့ ဓါတုဗေဒအရ သတ်မှတ်တယ်။ ဆေးသစ်တွေရဲ့ ကောင်းကျိုးလို့ လူငယ်တွေခေါ်ကြတဲ့ High တက်လာတဲ့သတ္တိကတော့ ရပါမယ်။ ဒါပေမဲ့ ဆရာဝန်တွေအမြင်အရ ဆိုးကျိုးတွေကို တိတိပပ မသိရသေးပါ။ အရေးပေါ်ဌာနနဲ့ အဆိပ်သင့်ဌာနတွေဆီကို ကျောက်ကပ်အလုပ်မလုပ်နိုင်တော့တာ၊ အတက်ရောဂါနဲ့ စိတ်ဖေါက်ပြန်တဲ့ရောဂါလက္ခဏာတွေနဲ့ ရောက်လာကြပါတယ်။

မူးယစ်ဆေးထိန်းချုပ်ရေးဌာနတွေအတွက် ခက်နေသေးတာက ဥပဒေအသစ်မရှိသေးတဲ့အပြင် ဒီဆေးအသစ်သုံးထားသူကို ဆီးစစ်ရင်လဲ ဆေးအဟောင်းတွေမှာလို ဆီးထဲမှာဆေးကိုမတွေ့နိုင်ပါ။ ကွန်မြူနတီတွေ၊ မိဘတွေ၊ ကျောင်းတွေနဲ့ အာဏာပိုင်တွေကနေ ကလေးသူငယ်တွေကို ပညာပေးတာတွေလုပ်နေပါတယ်။ ဒါကြောင့် ၂ဝ၁၂ နဲ့စာရင် ၂ဝ၁၃ မှာ ထက်ဝက်လောက် ကျဆင်းလာပါတယ်။

တက်ဆပ်စ် ကို Synthetic cannabinoids ပြုပြင်မွမ်းမံထားတဲ့ဆေးခြောက်ရောက်လာတာ ၂ဝ၁ဝ ကဖြစ်ပါတယ်။ အဲဒီနှစ်မှာဘဲ ဆေးရုံအရေးပေါ်ဌာနတွေကိုရောက်လာသူပေါင်း ၁၁၄ဝ၆ ယောက်ရှိတယ်။ ဆေးသုံးသူတွေမှာ မျက်လုံးတွေနီနေမယ်။ အစာအတင်းစားချင်မယ်။ နှလုံးခုန်မြန်မယ်။ တက်မယ်။ အန်မယ်။

၂ဝ၁၃ ဆန်းစစ်မှုတခုအရ ၆ တန်းကနေ ၁၂ တန်းကျောင်းသားတွေထဲမှာ ၁၁% က ဒီဆေးကိုစမ်းဘူးကြတယ်။ အရင်နှစ်ကထက်တော့ နည်းနည်းလျှော့လာဖြစ်ပါတယ်။ ဆရာဝန်တွေကနေသတိပေးတဲ့တချက်က ဒီလိုဆေးဟာ အင်မတန် အန္တရာယ်များတယ်။ သူတို့သုံးနေကြသစ်ရွက်ပေါ်မှာတင်ပြီးရှူတဲ့အခါ ညီညီညာညာဖြန့်ထားတာမဟုတ်ရင် ဆေးအဆ အများကြီးတခါတည်းတန်းဝင်မိလို့ အသက်သေစေနိုင်တယ်။ ၂၆--၂ဝ၁၄ နေ့မှာ ဂျက်ဆီ ခေါ်တဲ့လူငယ်လေး သေဆုံးတယ်။ အလောင်းကိုခွဲစိတ်စစ်ဆေးတဲ့အခါ ဦးနှောက်နဲ့ အဆုပ်ရောင်နေတာတွေ့တယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး