Root Vegetables and Exotic Fruits Month သစ်ဥသစ်ဖုလ

ဒီစာရေးစဉ်က ပဲမြစ်စားနေတယ်။ အခု ပိန်းဥပြုတ်စားနေတယ်။ သူများတိုင်းပြည်တွေမှာ ဒီဇင်္ဘာလဟာ နိုင်ငံတကာ အမြစ်ပါအသီးအနှံများနှင့် အရောင်အသွေးစုံ နှစ်သက်ဖွယ် အသီးများလဆိုပြီး ကျင်းပကြတယ်။ အမှန်က ဆောင်းရာသီ တလျှောက်လုံး ကောင်းတယ်။ လူအများက အမြဲလိုလိုစားသုံးတဲ့ အစားအစာမှန်သမျှ ကောင်းပါတယ်။ အထူးအဆန်း မဟုတ်ပါ။

Root vegetables ဟင်းသီးဟင်းရွက်အမြစ်ဆိုတာ သစ်ဥသစ်ဖုတွေကို ပြောတာပါ။ အမြစ်တွေထဲမှာ အစားအစာတွေ သိုလှောင်ထားတယ်။ ကာဗွန်ဟိုက်ဒရိတ်ဓါတ်တွေဖြစ်တယ်။ သကြားဓါတ်ပါဝင်တာမတူကြပါ။ Starch ကော်လိုဟာ ပါတယ်။ တချို့ကစေးတယ်။ ရုက္ခဗေဒအလိုအရ True root အမြစ်အစစ်၊ Root-like stem အမြစ်နဲ့တူတဲ့ပင်စည်လို့ ခွဲထားတယ်။ Modified plant stem မွမ်းမံထားတာမျိုးလဲရှိသေးပါတယ်။ Shallot bulbs လိုလဲရှိတယ်။

ပိန်းဥ၊ အာတာလွတ်ဥ၊ ကန်စွန်းဥ၊ မုန်လာဥအဖြူ၊ မုန်လာဥအဝါ၊ မျောက်ဥ၊ ကြွေးဥ၊ ဂျင်း၊ ဂျင်းနု၊ ခါကြက်ဥ၊ စတဲ့ လူစားလို့ရတာတွေ အားလုံးဖြစ်ပါတယ်။ နယ်စပ်ဒေသ၊ တောင်ပေါ်ဒေသတွေမှာ ထူးဆန်းတာတွေရှိတယ်။ သကြားဓါတ်များတာတွေက ဆီးချိုသမားတွေနဲ့ မသင့်ပါ။

Eexotic fruits အရောင်အသွေးစုံ နှစ်သက်ဖွယ်အသီးများ
1. Rambutan ကြက်မောက်သီး
2. Jackfruit ပိန္နဲသီး
3. Lychee လိုင်ချိစ်သီး
4. Star fruit စောင်းလျားသီး
5. Mangosteen မင်းဂွတ်သီး
6. Kumquats ကမ္ဗလာသီး
7. Durian ဒူးဒရင်းသီး၊
8. Dragon fruit နဂါးမောက်သီး၊
9. African cucumber အာဖရိကန်သခွါးသီး

မြန်မာပြည်မှာ သူများတွေဆီမှာမရှိတဲ့ သစ်ဥသစ်ဖုအမြစ်တွေ ပေါပါတယ်။ ကျန်းမာရေးနဲ့ညီညွတ်တဲ့ ရာသီစာလည်း ဖြစ်တယ်။ လူအများစားသုံးတာသမျှ အဆန်းမဟုတ်တာတော့ သတိပြုကြစေလိုပါတယ်။

ဒေါက်တာတင့်ဆွေ
၆-၁-၂၀၂၀
၁၀-၂-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး