Doxycycline (ဒေါက်ဆီဆိုက်ကလင်း)


၁။ ဆရာရှင့် သမီးက ပထမနှစ်ကျောင်းသူပါ။ ဝက်ခြံပေါက်လို့ doxy သောက်တာ သက်သာတဲ့ရှင့်။ နေရောင်ထဲသွားလို့ ရလားရှင့်။ သမီးက ကျူရှင်သွားနေရလို့ပါ။

၂။ မင်္ဂလာပါဆရာ ကျွန်မ အသက် ၄၂ နှစ်ပါ။ လွန်ခဲ့သော ၄ လလောက်က ထိုင်းနိုင်ငံထုတ် အလှကုန်တစမျိုးအား အသုံးပြူ ပြီးနောက် မျက်နှာပေါ်တွင် အဆီဖုမေးရိုးတစ်ဝိုက်တွင် အဆိုးဆုံးထွက်လာတယ်။ သူငယ်ချင်းတယောက်က ပြောလာတာက Doxycycline ဆေးတောင့် ညအိပ်ခါနီးသောက်ပေးဘို့ပါ။ ဆေးရဲ့ အကျိုးအပြစ်များနဲ့ သောက်သုံးရန် သင့်မသင့် မေတ္တာရှေ့ထား၍ ဆရာအချိန်ရတဲ့အခါ ဖြေကြားပေးပါဆရာ။ ကျန်းမာပကတိ ချမ်းသာစွာ အမြဲရှိပါစေရှင့်။

Doxycycline (HCl) ဆိုတာ Achromycin, Vibramycin တွေလိုဘဲ Tetracycline (တက်ထွာဆိုက်လင်း) တမျိုး ပိုးများစွာကိုနိုင်တဲ့ ပဋိဇီဝဆေး၊ဖြစ်တယ်။ ဗက်တီးရီးယားတွေကို မျိုးမပွါးစေအောင် လုပ်ပေးတယ်။ ဆေးကုမ္ပဏီတွေက ပေးတဲ့နာမယ်တွေက Adoxa, Alodox, Avidoxy, Doryx, Monodox, Oracea, Oraxyl, Periostat, Vibramycin Calcium, Vibramycin Monohydrate, Vibramycin, Vibramycin Hyclate, Vibra-Tabs တွေဖြစ်တယ်။

ဝက်ခြံ၊ Blemishes, Bumps, Acne-like lesions ခေါ်တဲ့ မျက်နှာမှာ ဝက်ခြံလို အနီဖုလေးတွေ ဖြစ်တာတွေ အတွက်လဲ သုံးတယ်။ ဂနိုးရီးယား၊ (ကလာမိုင်ဒီးယား) ဆစ်ဖလစ်၊ (ရှန်ကာရွိုက်)၊ ကျားအစေ့ရောင်၊ လိင်ကတဆင့် ကူးစက် ရောဂါတွေ၊ ဆီးလမ်းပိုးဝင်တာ၊ သွားဖုံးရောင်၊ နူမိုးနီးယား၊ Hemophilus influenzae, Streptococcus pneumoniae, Mycoplasma pneumoniae တွေကြောင့် ဖြစ်တဲ့ အသက်ရှူလမ်းရောဂါ၊ Lyme disease (လိုင်မ်း) ရောဂါ၊ အရေပြား အနာ၊ Anthrax ဒေါင့်သန်းရောဂါတွေအပြင် ဂနိုးရီးယား ကြောင့် မဟုတ်တဲ့ ဆီးပြွန်ရောင်၊ Rocky mountain spotted fever အဖျား ရောဂါတမျိုး၊ (တိုက်ဖတ်စ်) ရောဂါ၊ ကာလဝမ်းရောဂါ၊ Brucellosis တိရစ္ဆာန်-လူ ကူးစက်ရောဂါ၊ Rickettsial infections (ရစ်က်ဆီရယ်-အင်ဖက်ရှင်) ရောဂါ၊ Q fever (ကျူ) အဖျား၊ မျက်ခမ်းစပ်ရောဂါ၊ Inclusion conjunctivitis မျက်စိနာ၊ ဝမ်းကိုက်ရောဂါတွေအတွက် သုံးတယ်။ ငှက်ဖျား ကာကွယ်ဘို့ပါ သုံးနိုင်တယ်။ ငှက်ဖျားဒေသမသွားခင် ၂ ရက်ကြိုသောက်ပါ။ ပြန်လာရင် ၄ ပါတ်အထိ ဆက် သောက်ပါ။ အားလုံးပေါင်း ၄ လထက်တော့ မပိုစေနဲ့။

Acne ဝက်ခြံ Doxycycline 100 mg တနေ့ ၂ ကြိမ်၊ ၁-၂-၃ ပတ်။

သာမန် ဘေးထွက်ဆိုးကျိုးတွေ = ပျို့-အန်၊ ဗိုက်အောင့်၊ အရေပြားယား၊ မွေးလမ်းကြောင်းယား၊ မွေးလမ်းကြောင်း အဖြူဆင်း။

ဆိုးဝါးတဲ့ ဘေးထွက်ဆိုးကျိုးတွေ (အဖြစ်နည်းပါတယ်) = ခေါင်းအကြီးအကျယ်ကိုက်ခြင်း၊ ခေါင်းမူး၊ မျက်စိ ကြည့်မကောင်း၊ ကိုယ်ပူ၊ ချမ်း၊ ကိုက်ခဲ၊ ဆုပ်ကွေးလိုခံစား၊ ဆီးနည်း၊ ဝမ်းပျက်၊ ဆီးအရောင်ရင့်၊ ဗိုက်နာ၊ ပျို့-အန်၊ နှလုံးခုန်မြန်၊ အစားပျက်၊ အသားဝါ၊ လည်ချောင်းနာ။

FDA ကနေ Pregnancy category D သတ်မှတ်ထားတယ်။ ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေကို မပေးပါ။ အထဲက ကလေးကို ထိခိုက်စေနိုင်တယ်။ သွားတွေ အရောင်မလှ ဖြစ်စေနိုင်တယ်။ ကိုယ်ဝန်တားဆေးတွေရဲ့ သတ္တိကိုလဲ ထိခိုက်နိုင်တယ်။ ကိုယ်ဝန်တားဘို့ တခြာနည်း (Condom, Diaphragm, Spermicide) တခုခုသုံးပါ။

Demeclocycline, Minocycline, Tetracycline ဆေးတွေနဲ့တူလို့ တမျိုးကို မတည့်ရင် သူ့ကိုလဲ မတည့် ဖြစ်နိုင်တယ်။ ကျောက်ကပ် ရောဂါရှိနေရင် သတိထားရမယ်။ အသက် ၈ နှစ်အောက်ကလေး မပေးတာ ကောင်းတယ်။ Antacids, Anticoagulants, Carbamazepine, Penicillin, Phenobarbital, Phenytoin, Vitamins, Calcium, Iron, Magnesium ဆေးတွေနဲ့ အချိန်ခြာပြီး သောက်တာ ကောင်းတယ်။ ကျောက်ကပ်နဲ့ အသည်းရောဂါရှိရင် သတိနဲ့ပေးရမယ်။ နေရောင်ကို ရှောင်နေတာ ကောင်းတယ်။

ပဌမမေးခွန်းမှာ ဖြစ်တဲ့သူ အသက် မသိပါ။ သက်သာတဲ့ရှင်လို့မရေးသင့်၊ သက်သာတယ်ရှင်လို့သာရေးသင့်တယ်။

ဆေးနာမည်ရေးရင် အတိုကောက်မရေးသင့်ပါ။

Doxy မြန်မာဘာသာပြန်
- Floozy မိန်းမကောင်း၊
- Mistress အမျိုးသမီးကြီး၊
- Prostitute ငွေရှာတဲ့မိန်းမ၊

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး