FB at glance ကိုယ့်ဟာနဲ့ကိုယ်

ကနေ့မနက် စောစောအိပ်ယာထဖြစ်လို့ ဖေ့စ်ဘွတ် ကိုစောစာဖွင့်တယ်။ 
• အမျိုးထဲကတယောက် ဖခင်မွေးနေ့ဆွမ်းကြွေးတဲ့ပုံနဲ့ ကောင်းမှုတွေကို အမျှဝေတယ်။၊ 
• လူငယ်တချို့က ပညာရေးအတွက်ဆန္ဒပြနေတဲ့ပုံတွေ၊ 
• NLD အဖွဲ့ဝင်တွေက ပါတီဥက္ကဋ္ဌရဲ့သတင်းပုံတွေ၊ 
• ကျွန်တော့်ဆေးပညာစာလေးတွေကို ‘ရှယ်’ ထားလဲတွေ့တယ်။
• ပြည်ခိုင်ဖြိုးထဲကတယောက်က လူအများ အော့နှလုံးနာပါတယ်ဆိုသူရဲ့ပုံတွေကို တသီကြီးတင်တယ်။
• ဆေးပညာစာသင်ပေးဘူးတဲ့ ကလေးမလေးတယောက်က သူ့ ‘စမတ်ဖုန်း’ အသစ်ပုံကိုတင်တယ်။

ငယ်တုံးက အရပ်စကား (ဘမ်းစကား) တခုရှိတယ်။ “စမတ်ကို ဂွမ်နေတာပဲ” တဲ့။ ကိုယ့်ဟာနဲ့ကိုယ် စမတ်နေကြတယ်။ ကိုယ့်ဟာကို လွတ်မကျစေနဲ့။ လွှတ်ကျရင်တော့ ဂွမ်ကနဲပဲ။

ဒေါက်တာတင့်ဆွေ
၂၅-၁၁-၂ဝ၁၄

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး