French kiss ပြင်သစ်အနမ်း နဲ့ ကျန်းမာရေး

(ကန်တော့ပါ)

မေးလို့ ရေးထားတာ ၆ နှစ်ရှိပြီ။ မေးလို့ ပြန်တင်ပါရစေ။ နှုတ်ခမ်းချင်းနမ်းတာကို Lip kiss လို ပြောတာများတယ်။ ခေတ်အခေါ်က French kiss ဖြစ်ပါတယ်။ Mouth-to-mouth ဆိုတဲ့ အသုံးကို နှလုံးမခုန်၊ အသက်မရှူတဲ့အခါ အရေးပေါ် သူနာပြုစုနည်း CPR မှာ ပါးစပ်ကနေ လေမှုတ်သွင်းတာကိုသာ ခေါ်တယ်။

လျှာမပါဘဲ နှုတ်ခမ်းချင်းသာ နမ်းတာကို Light Kissing ခေါ်တယ်။ French Kissing ကို Deep Kissing ခေါ်တယ်။ အဲဒီနမ်းနည်းမှာ တယောက်ရဲ့ နှုတ်ခမ်းနဲ့ နောက်တယောက်ရဲ့ လျှာထိတွေ့မှု လုပ်ကြတယ်။ အဲလိုလုပ်တာက အပြန်အလှန်သဘာရှိမယ်။ တဖြေးဖြေးချင်းနဲ့ စိတ်လိုလက်ရ ရှိရတယ်။ သိပ်ရင်းနှီးမှုလဲ ရှိရတယ်၊ စိတ်ပါလက်ပါ ဖြစ်ရတယ်၊ လိင်စိတ်တွေ ဖြစ်ပေါ်လာစေမယ်။

ပြင်သစ်လို Baiser amoureux (Love kiss) ချစ်သူတွေရဲ့အနမ်း၊ Baiser avec la langue (Kiss with the tongue) လျှာနဲ့နမ်းတယ်လို့ ခေါ်တယ်။ အရင်တုံးက Florentine kiss လို့လဲခေါ်ခဲ့သေးတယ်။ ဘန်းစကားနဲ့ Ice skating shoe လို့ခေါ်တာက အကျအန စွပ်ရ- စီးရ-လည်ပတ်စေရလို့ ထင်ပါတယ်။ လိင်စိတ်-အနမ်းသဘော သက်ရောက်တာက အဖေါ်ရဲ့နှုတ်ခမ်းကို အာရုံခံကောင်းလှတဲ့ လျှာနဲ့ ထိတွေ့-ကစားရလို့ ဖြစ်တယ်။ ပါးစပ်ဝန်းကျင်ဟာ ကိုယ်ခန္ဓာရဲ့ လိင်စိတ်နှိုးထစေတဲ့ ပင်မနေရာဖြစ်ပြီး လျှာကအထွတ်အထိပ်ကျတယ်။

ဘယ်လို နမ်းကြသလဲ -
၁။ အရင်ဆုံး နှုတ်ခမ်းတွေကို စိုစွတ်စေလိုက်ပါ။
၂။ မျက်နှာကို ဒေါင့်ဖြတ်ထားလိုက်ပါ။ နှာခေါင်းထိပ်တွေကနေ အဟန့်အတား မဖြစ်စေအာင် ရှောင်ဘို့ပါ။
၃။ နမ်းခါနီးတုံးက တယောက်မျက်နှာ တယောက် စိုက်ကြည့်ရာကနေ မျက်လုံးတွေ ပိတ်လိုက်ပါ။ တချို့ကလဲ ခဏပိတ် လိုက်ပြီးမှ ပြန်ဖွင့်တယ်။
၎။ ပါးစပ်တွေ ပိတ်ထားကြပြီး၊ နှုတ်ခမ်းချင်း အသာအယာ ထိတွေ့ကြပါစေ။
၅။ တယောက်တဝက် စိတ်တူသဘောတူ နမ်းကြမယ်ဆိုတာ ဆုံးဖြတ်ရတယ်။
၆။ လျှာနဲ့ကစားပါ။ သာယာမှုကနေ စေ့ဆော်လို့ ပါးစပ်က တဖြေးဖြေး ပွင့်လာလိမ့်မယ်။ လျှာကို သူ့ပါးစပ်ထဲ အများကြီးတော့ မသွင်းပါနဲ့။
၇။ စိတ်ရှည် ဖြေးလေး၊ အချိန်ပေးပါ။
၈။ အသက်ရှူဘို့ မမေ့ပါနဲ့။
၉။ ပါးစပ်-နှုတ်ခမ်း-လျှာတွေ ရောနှောသွားကြပါစေ။
၁ဝ။ အစမှာ ယဉ်ယဉ်ကျေးကျေး ငြိမ်ငြိမ်လေးထားခဲ့တဲ့ လက်တွေက အလုပ်လုပ်လို့ရပါပြီ။
၁၁။ ပါးစပ်က မပြောပေမဲ့ ကိုယ်အမူအရာကပြတဲ့ အဖေါ်ရဲ့စိတ်ကို သဘောပေါက်ပါ။ Good kisser နဲ့ Bad kisser မတူတာက တဖက်သားရဲ့ အဲဒီ ဘော်ဒီ-လဲန်ဂွေ့ခ်ျကို နားလည်ပြီး နာလည်တဲ့အတိုင်း လိုက်လုပ်တတ်တာ ဖြစ်ပါတယ်။

French kissing ups risk of oral HPV infection နှုတ်ခမ်းခြင်းနမ်းရာကနေ HPV ကူးစက်မှုတိုးစေတယ်လို့ ၁၂-၅-၂ဝဝ၉ နယူးယောက်တိုင်းမ်မှာရေးခဲ့ပါတယ်။ ပါးစပ်သုံးဆက်ဆံတာနဲ့အတူလောက်ဖြစ်တယ်လို့ပါတယ်။ HPV ကြွက်နို့လဲ ကူးစက်မှုနှုန်းပိုများတယ်လို့ ဆန်းစစ်မှုတခုကို ကိုးကားထားတာပါ။ ကြွက်နို့က လိင်လမ်းမှာဖြစ်ရင် အမျိုးသမီးမှာ သားအိမ်ဝကင်ဆာ ဆက်ဖြစ်နိုင်တဲ့အန္တရာယ်ရှိတယ်။

ပါးစပ်သုံးဆက်ဆံတာကနေ Gonorrheal pharyngitis ဂနိုးရီးယားပိုက အာခေါင်၊ အာသီးတွေကို ကူးစက်လာနိုင်တယ်။ အိုဟိုင်ယိုတက္ကသိုလ်က ဒေါက်တာဂီလီဆွန်ကနေပြောလိုက်တာပါ။ လူ ၃၃၂ + ၂၁ဝ ယောက်ကို စမ်းသပ်တော့ ၄့၈% + ၂့၉% မှာ HPV infection ကြွက်နို့ပိုးကူးစက်နေကြတယ်။

သူတို့ထဲက ၂၈% ဟာ ပါးစပ်သုံးဆက်ဆံတာမလုပ်ကြပဲ၊ နှုတ်ခမ်းခြင်းနမ်းတာသာ အနည်းဆုံး (၁ဝ) ခါသာလုပ်ပါသတဲ့။ သူတို့မှာပါ Oral HPV infection ပါးစပ်ကနေကူးတဲ့ကြွက်နို့ ပိုများနေတာတွေ့ပါတယ်။ ဒါကြောင့် French kissing နဲ့ Oral HPV infections နဲ့ ဆက်စပ်နေတယ်လို့ ပြောနိုင်တာဖြစ်ပါတယ်။ အဲလိုသာဖြစ်နေရင် နောင် ၁ဝ-၂ဝ နှစ်ဆိုရင် ကင်ဆာ ဖြစ်နိုင်ခြေပါရှိမယ်။

Dr. တင့်ဆွေ
၂၉-၈-၂ဝ၁၁
၂၃-၉-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး