Skip to main content

IUI and IUTPI ကိုယ်ဝန်ကို အပြင်ကနေရအောင် လုပ်ပေးနည်း (၂) မျိုး

ဆရာရှင့် ကျွန်မအသက် ၂၉ ပါ။အိမ်ထောင်ကျတာ ၁ နှစ်ရှိပါပြီ။ ၂ လ မာဘလွန်တားဆေးစားခဲ့ပါတယ်။ ဆေးဖြတ်ပြီး ခုထိကလေးမရသေးပါဘူးရှင့်။ဆေးစစ်ကြည့်တော့လည်း အမျိုးသားရော ၂ ယောက်လုံး ကောင်းပါတယ်။ ရာသီလည်း ပုံမှန်ပါဘဲ။ ovulation test kit နဲ့စမ်းတော့လည်း လတိုင်းသားဥကြွေပါတယ်ရှင့်။ folic acid စားနေတာလည်း ၅ လ တောင်ရှိပါပြီရှင့်။ ခုသားဥပြွန်နဲ့ဝမ်းခေါင်းထဲ သုက်ပိုးတိုက်ရိုက်ထည့်နည်းဆိုတဲ့ IUTPI ဆိုတဲ့နည်း လုပ်နေကြပါတယ်ဆရာ။ အဲနည်းနဲ့လုပ်သင့်ပါလားဆရာ။အဲနည်းရဲ့ side effect တွေများပါလားဆရာ။ 

၂။ ဆရာဖန်ပြွန်သန္ဓေသားနဲ့ပက်သက်လို့ စုံစုံလင်လင်သိချင်ပါတယ်ရှင့်။

၃။ မင်္ဂလာပါဆရာ။ သမီး ဆရာ့ကို မေးစရာလေးရှိလို့ပါ။ IUI and IUTPI နှစ်ခုမှာ ဘယ်တစ်ခုက ပိုပြီး အောင်မြင်ပါလဲဆရာ။ ပြီးတော့ နာတာကျင်တာကရော ဘယ်တစ်ခုကိုပိုပြီး ရှိပါလဲဆရာ။ သမီးက အဲဒီနှစ်ခုလုပ်မှ ရတော့မှာမို့လို့ပါရှင်။

Standard IUI သုံးနေကျ စံချိန်ကိုက်နည်း
Ovarian stimulation ဆိုတဲ့ မျိုးဥထွက်အောင်လုပ်ပေးတာနဲ့အတူ သုက်ပိုးကို အပြင်ကနေစီမံပြီး စနစ်တကျ ထည့်နည်း ဖြစ်တယ်။ ၁၅ နှစ်သက်တမ်းရှည်ပြီ။ ပဌမဆုံးရွေးကြတဲ့နည်းလဲဖြစ်တယ်။ IVF နည်းထက် ၂ ဆပိုပြီး ရလဒ်ထွက်တယ်။ ပိုမြန်တယ်။ နာတာလဲသက်သာတယ်။ မေံဆေးမလိုတတ်ဘူး။ WHO နဲ့ဆေးသိပ္ပံစာတမ်းတွေအရ Sperm insemination သုက်ပိုးထည့်ပေးခြင်းကို IVF နည်း ၆ ကြိမ်နဲ့ မအောင်မြင်မှ ဒီနည်းကို ဆက်သွားတယ်။ Gonadotrophins ဟော်မုန်းဆေး ထိုးတာကလည်း ၄ ရက်သာလိုတာမို့ IVF ထက်နည်းတယ်။

Insemination သုက်ရည်ထည့်တာကို hCG (Pregnyl or Profasi) ဆေးပေးပြီးနောက် ၂၄-၃၆ နာရီအကြာမှာ လုပ်တယ်။ သူ့ခင်ပွန်းဆီကနေ သုပ်ပိုးထုတ်စေမယ်။ ဒိနောက် Sperm preparation procedure ပြင်ဆင်မှုလုပ်တယ်။ Motile spermatozoa တွေကိုစုယူမယ်။ Prostaglandins အပြင် Inflammatory factors နဲ့ Antigenic proteins တွေကို ဖယ်ထုတ်ပြစ်မယ်။ Dead သေနေတာ၊ Damaged ပျက်စီးနေတာနဲ့ Abnormal spermatozoa ပုံစံမမှန်တောတွေလဲ ဖယ်ထားတယ်။ 

ဒါ့အပြင် Leukocytes သွေးဖြူဥတွေ၊ Immature germ cells တွေ၊ Bacteria ဗက်တီးရီးယားတွေ၊ တခြား White blood cells သွေးဖြူဥတွေနဲ့ Cellular debris အစအနတွေကိုပါ ဖယ်ရှားမယ်။ Insemination ကို Catheter ပိုက်အပျော့စားလေးနဲ့လုပ်တယ်။ Prepared sperm ပြုပြင်ထားပြီးသာ သုက်ရည် 0.5ml ကိုထည့်သွင်းပေးမယ်။ ထည့်သွင်းပြီးနောက်မှာ Progesterone ဟော်မုန်းစားဆေး ၁၄ ရက်သောက်ရမယ်။ Luteal phase အဆင့်ကိုပိုကောင်းစေဘို့ဖြစ်တယ်။ ၁၄ ရက်အကြာမှာ Pregnancy ကိုယ်ဝန်ကို Blood test သွေးစစ်ပြီးစစ်ဆေးမယ်။

IUTPI = Intra Uterine Tubo Peritoneal Insemination 
နည်းသစ်ကို L. Mamas method နည်းလို့လဲခေါ်သေးတယ်။ သုက်ပိုးကို 10ml အထိထည့်ပေးတာဖြစ်တယ်။ သုတေသန လုပ်ကြည့်တော့ သုက်ရည် 4 ml ထည့်တာတောင်မှ မလုံလောက်ဘူးလို့တွေ့ရှိရာကနေ ဒီနည်းကို တီထွင်အသုံးပြုတာ ဖြစ်တယ်။ Intrauterine pressure သားအိမ်တွင်းဖိအားကြောင့်ဖြစ်မယ်လို့ ယူဆတယ်။ ဒါနဲ့ ထုထည်ကို တိုးတိုးပြီး စမ်ရာကနေ ဒီပမာဏအထိ ထည့်ပေးတယ်။ ကိုယ်ဝန်ရနှုန်း မထင်မှတ်ဘဲ များတာကိုတွေ့ရတယ်။ Hysterosalpingography (HSG) လုပ်နာကိုပါ တွဲလုပ်ပါသေးတယ်။ ဒီလိုလုပ်တာအတွက် ဆွေးနွေးမှုတွေ အများကြီး လုပ်နေပါတယ်။ ကိုယ်ဝန်ရလမ်း များတာတွေ့ရတယ်။ 

ဘာလို့ ကလေးမရသေးသလဲဆိုတဲ့အချက်က မရေမရာသူတွေအတွက် ဒီနည်းကနေ ဖြေရှင်းနိုင်မယ်လို့ ယူဆကြပါတယ်။ ဥပမာ သားအိမ်ပြွန်က အဖျားနေရာမှ ပိတ်နေရင် သုက်ရည်ထုထည်နည်းနည်းက မစွမ်းနိုင်ဖြစ်မယ်။ သုက်ရည်များတော့ သားအိမ်အတွင်းခေါင်း ကိုသာမက ပြွန်ကနေ ထွက်လာပြီး ဗိုက်ခေါင်းထဲနဲ့ သားအိမ်နောက်နေရာ Pouch of Douglas အထိ ရောက်စေပြီး Peritoneal ဝမ်းတွင်းခေါင်းထဲက အရည်နဲ့ Follicular fluids မျိုးဥအိမ်ကအရည်တွေနဲ့ပါ ပေါင်းစပ်စေနိုင်မယ်။ ဒီလိုဖြစ်အောင်မြင်ခြင်းကို Intra Utero Tubo Peritoneal Insemination (IUTPI) နည်းဖြစ်လာစေတယ်လို့ ဆေးစာအရပြောပါတယ်။

ဒီစာဖတ်ပြီး ကလေးအမေအခေါ်ခံရပါစေသတည်း။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Depo Provera Analysis သုံးလခံထိုးဆေး အတွေ့အကြုံဖေါက်သယ်ချခြင်း

Depo ထိုးဆေး ကိုယ့်အတွေ့အကြုံတွေကို (အွန်လိုင်း) မှာပြောကြတဲ့ အမျိုးသမီး ၅ဝ ကိုရွေးပြီး မျှဝေလိုက်ပါမယ်။ ပြောသူအားလုံးက အမေရိကန်တွေပါ။ မြန်မာအမျိုးသမီးတွေပြောတာကိုလဲ သိချင်ပါတယ်ဗျာ။
1) Depo ဆေး မထိုးဘဲနေတာ ၁၅ လကြာတော့ ကိုယ်ဝန် ပျက်တယ်။
2) Depo ကို ၁၂ နှစ်ကြာထိုးထားပြီး ၈ လစောင့်နေတာ ကိုယ်ဝန် မရသေးပါ၊
3) ဆေးမထိုးတာ ၃ လကြာပြီ၊ ရာသီပြန်မှန်အောင်လို့ ဆရာဝန်က စားဆေး စားခိုင်းထားတယ်၊ ၁-၂ နှစ်နေမှ ကိုယ်ဝန်ယူဘို့ ဆရာဝန်က ပြောတယ်။
4) ၆ လထိုးထားတယ်။ အခု ၁ နှစ်နဲ့ ၁ဝ လရှိနေပြီ၊ ရာသီက မမှန်သေးဘူး၊ ဒီကြားထဲမှာ ရာသီ ၆ ခါဘဲ လာတယ်။
5) ၁ နှစ်ထိုးထားတယ်။ မထိုးတာ ၁၆ လရှိပြီ။ Clomid ဆေးကြောင့် မျိုးဥတော့ ထွက်တယ်။ ကိုယ်ဝန် မရသေးဘူး။
6) ၅-၆ နှစ် Depo ထိုးခဲ့တယ်။ ၁၃ လကြာတော့ ကိုယ်ဝန်ရပါတယ်။
7) Depo မထိုးတော့တာ ၄ လရှိပြီး ကလေး မရသေးဘူး။
၁ဝ လ ထိုးထားပြီး အခု Othro tricylen (Norgestimate/Ethinyl estradiol) သောက်နေရတယ်။ ရာသီပြန် မှန်အောင်လို့။ ၆ လ ရှိနေပြီ။ ကလေးထပ်လိုချင်သူတွေ မထိုးစေချင်ဘူး။
9) ၂ နှစ်ခွဲ ထိုးထားတယ်။ မထိုးဘဲ ၄ လနေတော့ ရာသီပြန်လာတယ်။ ဒါပေမဲ့ ၂ ပါတ်တခါ လာနေတာ ၃ လရှိပြီ။ ၁ နှစ် ကျော်စပြုပြီ၊ ကိုယ…

Kidney Stones Home Remedies ကျောက်တည်တာသက်သာအောင် အိမ်မှာဘယ်လိုလုပ်မလဲ

၁။ ဒေါက်တာရှင့် ဆီးလမ်းကြောင်းမှာ ကျောက်တည်နေပါသည်။ သမီး fb မှာ ဒီကောမက်တခုပဲရေးတတ်ပါသည်။ တခြားဘာမှမလုပ်တတ်ပါ။ ခုက့ မှာနေပါတယ်။ သမီးရဲ့ညီမလေးပါ။ ဗိုက်အောင့်အောင့်နေတာ ကြာပါပြီ။ ဆေးသွားပြ ဓါတ်မှန်ရိုက်တော့ ဆီးလမ်းကြောင်းမှာ ကျောက်ရှိတယ်လို့ပြောပါတယ်။ လူက အရမ်းပိန်ပါတယ်။ ခွဲရမှာလဲ မိသားစုနဲ့ ဝေးတော့ အရမ်းအားငယ်နေတာပါ။ သမီးနားမလယ်လို့ပါဒေါက်တာ ကယ်တင်နိုင်တဲ့ဒေါက်တာ တွေ့တာနဲ့ဝမ်းသာအားရ မေးမိတာပါ။ မခွဲချင်ပါဘူးရှင့်။ ကျေးဇူးပြုပြီး ဘယ်လိုလုပ်ရမယ်ဆိုတာ စိတ်အရမ်းပူနေလို့ပါရှင့်။
၂။ ဆရာ ကျနော့်အမေ ကျောက်ကပ်နှစ်ဘက်စလုံးခွဲထားရပါတယ်။ ဆယ်နှစ်ကျော်ပါပြီ။ ကျောက်တည်နေလို့ပါ။ အခုလဲ ကျောက်တွေပြန်တည်နေလို့ပါ။ အသက်က (၆၃) နှစ်ပါ။ ခုတလောအခြေအနေ နဲနဲဆိုးနေပါတယ်။ အဲဒါ ကျောက်ကျစေမဲ့ နည်းလမ်းများရှိရင် သိချင်ပါတယ်ဗျာ။ ထပ်ခွဲဖို့ဆိုတာကလဲအခက်အခဲနဲနဲရှိလို့ပါ။ ကျေးဇူးတင်ပါတယ်။
၃။ ကျွန်တော့့် မှာ အလုပ်လုပ်နေပါတယ်။ လွန်ခဲ့တဲ့ တနှစ်က နံရိုးဘေးအောက်မှာ နေ့တဝက်လောက် မခံမရပ်နိုင်လောက်အောင် နာကျင်ခဲ့ဖူးပါတယ်။ အခုတခါ ထပ်နာလာပါတယ်။ အာလ်ထွာဆောင်းရိုက်တော့ ကျောက်ကပ်မှာ ကျောက်တည်နေပါတယ်။ တဖက်က တစ်လုံး နောက်တဖက်က သ…

Tonics အားဆေး

၁။ ကျွန်တော့အဖွားကအသက် ၇ဝ ကျော်ပါပြီ။ သူမအတွက် လက်ဆောင် အားဆေးဝယ်ပေးချင်ပါတယ်။ ဘယ်လိုအားဆေးမျိုးက အသင့်တော်ဆုံးဖြစ်ပါသလဲခင်ဗျာ။

၂။ ကျွန်မအဖေက အသက် ၄၄ ပါ။ အဖေက ခုတလော အားနည်းပြီး မူးမူးနေတယ် ပြောပါတယ်။ အလုပ်လဲ အရမ်းများပြီး ကမ္ဘာ့ဖလားတုန်းက ဘောလုံးပွဲ သန်းခေါင်ကျော် ကြည့်တာလဲ ပါပါလိမ့်မယ်။ အသက် ၄ဝကျော်တွေ စားသင့်တဲ့ အားဆေး ပြောပြပေးပါလား ဆရာ။ အဖေက ခြေတွေ လက်တွေမှာ အရေခွံလဲ လန်တတ်ပါတယ်။ တခြား အားဆေးတွေနဲ့ မတည့်ပဲ မြန်မာပြည်က ထုတ်တဲ့ Vitazone စားမှ အဲဒီ အရေခွံ လန်တာတွေ ပျောက်ပါတယ်။ တော်တော်လဲ သိသာပါတယ်။ အဖေက အားဆေးတွေ ပုံမှန်သောက်ပါတယ်။ စိတ်ဖိစီးမှုလဲ မများပါဘူး။

၃။ ဆရာရှင့် ကျွန်မ၏သားဖြစ်သူ ၁၆နှစ်သား ၁၀တန်း ကျောင်းသားအား မည်သည့်အားဆေး တိုက်ရန် သင့်တော်သည်ကို ညွှန်ကြားပေးပါရှင် စာမေးပွဲ နီးလာပြီဖြစ်သဖြင့် နေမကောင်းမဖြစ်စေရန်နှင့် အားအင် ဖွံ့ဖြိုးစေချင်ပါတယ်ရှင်။ ကျေးဇူးပြု၍ ပြန်လည်ဖြေပေးပါရှင်။ ကျေးဇူးတင်ပါတယ် ဆရာရှင့်။

အားဆိုတာ ဘာလဲ။ တယောက်တမျိုးပြောပါမယ်။ ဆရာဝန်ကတော့ ပြန်မေးချင်တယ်။ အပြေးသန်ချင်တာလား၊ ဝချင်တာလား၊ သွေးအားလား၊ ဗီတာမင်လား၊ အသည်းမကောင်းလို့လား၊ မိန်းမ-ယောက်ျား ပီသချင်တာလား။ …