Liver Transplant Matching Criteria အသည်းချင်း တူကြရဲ့လား

အသည်းအစားထိုးဘို့အတွက် အသည်းလှူမဲ့သူကို (က) Blood and tissue type သွေးနဲ့ (တစ်ရှူး) အမျိုးအစား၊ (ခ) Condition and size of the organ အသည်းအခြေအနေနဲ့ အရွယ်အစားတွေကို စစ်ဆေးပါမယ်။

(၁) Blood and Tissue Compatibility သွေးနဲ့ (တစ်ရှူး) အမျိုးအစား တူ-မတူ၊
• သွေးအုပ်စု A ကနေ A နဲ့ AB ကိုလှူနိုင်တယ်။
• သွေးအုပ်စု B ကနေ B နဲ့ AB ကိုလှူနိုင်တယ်။
• သွေးအုပ်စု AB ကနေ AB ကိုလှူနိုင်တယ်။
• သွေးအုပ်စု O ကနေ A, B, AB, နဲ့ O ကိုလှူနိုင်တယ်။

Tissue type (တစ်ရှူး) အမျိုးအစား တူ-မတူစစ်ဆေးခြင်း
ဆေးရုံတခုနဲ့တခု မတူပါ။ Tissue compatibility (တစ်ရှူး) အမျိုးအစား တူ-မတူ ဆိုတာမှာ Human leukocyte antigens (HLA) ကိုစစ်ပါတယ်။ တူလေကောင်းလေဖြစ်တယ်။ တော်တော်တန်တန်မတူလဲ Anti-rejection drugs ဆေးတွေ ပေးမှာမို့ စိုးရိမ်စရာမရှိပါ။

Cross-matching တိုက်ရိုက် တူ-မတူ စစ်ဆေးခြင်း
White blood cells သွေးဖြူဥတွေချင်း ပေါင်းစပ်ကြည့်ပါမယ်။ သွေးဖြူဥတွေသေကျေပျက်စီးရင် Positive ခေါ်ပြီး လှူလို့မရပါ။ Negative ဆိုရင် လှူနိုင်တယ်။

(၂) General Health အထွေထွေကျန်းမာရေး စစ်ဆေးခြင်း
Chest x-ray ရင်ပတ်ဓါတ်မှန်၊ Electrocardiogram (ECG) အီးစီဂျီ၊ Blood tests သွေးစစ်၊ Urine tests ဆီးစစ်တာတွေ လုပ်ပါမယ်။ လှူမဲ့သူက အမျိုးသမီးဖြစ်နေရင် သားဖွါးမီးယပ်ဆိုင်ရာကို စစ်ပါမယ်။ ရာသီ၊ ကိုယ်ဝန်၊ (မင်မိုဂရမ်)။
• No heart, renal, or liver problems or abnormalities နှလုံး၊ ကျောကပ်နဲ့ အသည်း၊
• No history of deep vein thrombosis or history of bleeding problems သွေးယို-သွေးခဲဘူးတဲ့ရာဇဝင်၊
• Negative for Hepatitis B and C and for HIV ဘီပိုး၊ စီပိုးနဲ့ အိတ်ခ်ျအိုင်ဗွီ၊
• No history of diabetes ဆီးချို၊
• No prior liver surgery အရင်ကအသည်းခွဲစိတ်ဘူးခြင်းမရှိ၊
• No alcoholism or frequent and heavy alcohol intake အရက်၊
• No history of cancer ကင်ဆာရာဇဝင်၊
• No psychiatric illness under treatment စိတ်၊
• Height and weight ကိုယ်အလေးချိန်နဲ့ အရပ်အမောင်း၊
• Age limit အသက် ၄၅-၅၅-၆ဝ ထက်မကြီးရ။

• (၃) Health of Liver အသည်းအခြေအနေ စစ်ဆေးခြင်း
• Hepatic angiogram အသည်းသွားသွေးကြောတွေအခြေအနေကို သိရမယ်။ သွေးလွှတကြောထဲကို ဆေးထိုးပေးပြီးမှ ရိုက်မယ်။
• Computed tomography (CT) angiography (CT scan) သွေးပြန်ကြောထဲကို ဆေးထိုးပြီးမှ ရိုက်မယ်။

(၄) Other Assessments တခြား စစ်ဆေးချက်များ
• Psychological စိတ်ပိုင်းစစ်ဆေးမှုနဲ့
• Financial reviews ငွေကြေးစစ်ဆေးမှု။

ဒေါက်တာတင့်ဆွေ
၂၉-၇-၂ဝ၁၃

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး