Medical vocabulary ဆေးစာ ဝေါဟာရများ

- abdomen ဝမ်းဗိုက်၊
- abdominal discomfort ဗိုက်နာ (နေမထိထိုင်မသာ)၊
- abortion သားပျက် (ကိုယ်ဝန်ပျက်-ဖျက်)၊
- abrasion ပွန်းနာ၊
- abscess ပြည်တည်နာ၊
- ache ကိုက်ခြင်း၊
- Acne (အက်ဂနီစ်) ဝက်ခြံ
- acupuncture အပ်စိုက်ကုနည်း၊
- acute ရက်တို၊ ချက်ချင်းဖြစ်သော၊
- Adam's apple ယောက်ျားများသာရှိသော လည်ပင်းအစိ၊
- ADD--attention deficit disorder ပတ်ဝန်းကျင်ကို သတိမမူတဲ့ စိတ်ရောဂါ၊
- ADHD--attention deficit hyperactivity disorder ပတ်ဝန်းကျင်ကို သတိမမူတဲ့ တက်ကြွသော စိတ်ရောဂါ၊
- adhesion ကပ်နေသည့် အမြှေး၊ တွယ်ကပ်ခြင်း၊
- admissions desk ဝင်ခွင့်ဆိုင်ရာ စားပွဲ၊
- adolescence လူငယ်၊ လူရွယ်၊
- adrenal gland (အဒြီနယ်လ်-ဂလင်း)၊ (ကျောက်ကပ် အထက်မှာရှိသည်)
- adrenaline (အဒြီနယ်လင်း) (အဒြီနယ်လ်) က ထွက်သော ဟော်မုန်း၊ ဆေး၊
- advance health care directive ရှေးဦး ကျန်းမာရေး လမ်းညွှန်၊
- adverse reaction မတည့်သည့် တုံ့ပြန်မှု၊
- advice nurse အကြံပေး သူနာပြု၊
- afterbirth မွေးဖွါးပြီးနောက်၊
- AIDS--Acquired Immuno-Deficiency Syndrome ခုခံအား ကျဆင်းရောဂါ၊
- albuminuria ဆီးထဲမှာ (အယ်လဗျူမင်) ဓါတ် (အသားဓါတ်) ပါနေခြင်း၊
- alcoholism အရက်စွဲခြင်း၊
- allergen (အလာဂျီ) ရစေတဲ့ဓါတ်၊
- allergic reactions (အလာဂျီ) တုံ့ပြန်မှု၊
- allergy (အလာဂျီ) မတည့်ခြင်း၊
- Alopecia (အေလိုပီးဇီးယား) ဆံပင်ကြွတ်ရောဂါ၊
- ambulance လူနာတင်ယာဉ်၊
- ambulatory care လူနာသယ်ပို့စနစ်၊ ရွေ့ရှား၍ကုသပေးခြင်း၊
- amenorrhea ရာသီမလာခြင်း၊ ရာသီထိန်ခြင်း၊
- amnesia သတိမေ့ခြင်း၊
- amniocentesis ရေမြွာရည် ဖေါက်-စုပ်ယူ စစ်ဆေးခြင်း၊
- amniotic fluid ရေမြွာရည်၊
- amniotic sac ရေမြွာရည်အိတ်၊
- Amoebiasis (အမီးဘား) ဝမ်းကိုက်ရောဂါ၊
- amputation ခြေ-လက် ဖြတ်ခြင်း၊
- andropause ယောက်ျား သွေးဆုံးခြင်း၊
- Anemia (အနီမီးယား) သွေးအားနည်းရောဂါ၊
- anesthesia မေ့ဆေး၊ (ထုံဆေးလည်း ပါဝင်သည်)၊
- anesthesiologist မေ့ဆေး ဆရာဝန်၊
- aneurysm သွေးကြော ဖေါင်းရောဂါ၊
- angina နှလုံးသွေးကြော ကျဉ်း-ပိတ်သဖြင့် ရင်ပတ်နာခြင်း၊
- ankle ခြေခြင်းဝတ်၊
- anorexia အစားပျက်ခြင်း၊
- Anthrax (အင်းသရက်စ်) ဒေါင့်သန်းရောဂါ၊
- antibacterial ဗက်တီးရီးယားကို နိုင်သည့်၊ ဆန့်ကျင်သည့်၊
- antibiotic ပဋိဇီဝဆေး၊ သက်ရှိမှ ထုတ်ယူပြီး တခြားသက်ရှိကိုနိုင်သည့်ဆေး၊
- antibodies (အင်တီဘော်ဒီ) ခုခံပေးသည့်ဓါတ်၊
- anticoagulant သွေးမခဲစေသည့်ပစ္စည်း၊
- antidepressant စိတ်မကျဆေး၊
- antidote အဆိပ်ဖြေဆေး၊
- antifungal မှိုဆေး၊
- antihistamine (အင်တီဟစ်တမင်း) ဆေး၊
- anti-inflammatory ရောင်ရမ်းခြင်းကို သက်သာသည့်ဆေး၊
- antiseptic ပိုးမဝင်စေသည့်ဆေး၊ အနာ မရင်းစေသည့်ဆေး၊
- anus စအို၊
- anxiety စိုးရိမ်စိတ်၊
- appendectomy အူအတက်ဖြတ်ခြင်း၊
- Appendicitis (အပန်ဒီဆိုက်တစ်) အူအတက်ရောင်ရောဂါ၊
- appendicitis အူအတက်ရောင်ခြင်း၊
- appendix အူအတက်၊
- appetite စားချင်စိတ်၊
- arrhythmia နှလုံခုန် မမှန်ခြင်း၊
- arteries သွေးလွှတ်ကြော၊
- arteriosclerosis သွေးလွှတ်ကြောကျဉ်းရောဂါ၊
- Arthritis (အာသရိုက်တစ်) အဆစ်ရောင်ရောဂါ၊
- artificial insemination သုတ်ပိုးကို အတုနည်းသုံး၍ ထည့်သွင်းပေးခြင်း၊
- Ascariasis (အက်စကာရီရေးဆစ်) သံကောင်ရောဂါ
- asphyxia အသက်ရှူမဝခြင်း၊
- aspirin (အက်စ်ပရင်) အကိုက်-အနာ-အဖျားကျဆေး၊
- Asthma (အက်စ်မာ) ပန်းနာရောဂါ၊
- astigmatism အလင်းတန်းများအား ပုံမှန်မမြင်ခြင်း၊
- asymptomatic ရောဂါလက္ခဏာ မပေါ်ခြင်း၊
- athlete's foot အားကစားသမားခြေထောက် (မှိုရောဂါ)
- atrium နှလုံး အပေါ်ခန်း ၂ ခန်း၊
- atrophy ကြံလှီသွားခြင်း၊
- audiologist နားအထူးကု၊
- auditory canal နားပြွန်၊
- bacteria ဗက်တီးရီးယား၊
- bacterial infection ဗက်တီးရီးယား ဝင်ခြင်း၊
- balanced diet မျှတသည့် အစာအာဟာရ၊
- bandage ပတ္တီး၊
- band-aid တခါသုံး အလွယ်ကပ်နိုင်သည့် ပလာစတာ၊
- bariatric surgeon ကိုယ်အလေးချိန်ကျစေရန် ခွဲစိတ်ပေးသည့်ဆရာဝန်၊
- BBT--basic body temperature အခြေခံ ကိုယ်ပူချိန် (ဘာမှမလုပ်သေးချိန်မှာရှိတဲ့) အပူချိန်၊
- bear down ဖိပေးသည်၊ ကျစေသည်၊ ပိန်စေသည်၊
- bed pan အိပ်ယာထဲမှာ ဝမ်း-ဆီးသွားရန်ခွက်၊
- bed rest အိပ်ရာထဲ နားနေခြင်း၊
- bedbug ကြမ်းပိုး၊
- bee venom ပျားကောင် အဆိပ်၊
- belch ချွတ်ဆေး (ကလိုရင်းပါသည့်ဆေး)၊ အရောင်ချွတ်ဆေး၊
- benign ကင်ဆာမဟုတ်သော၊ အန္တရာယ်မရှိသော၊
- Beriberi (ဘယ်ရီဘယ်ရီ) ဗီတာမင်ဘီ(၁) နည်းသည့်ရောဂါ၊
- bile သည်းခြေရည်၊
- biopsy အသားစ ထုတ်ယူစစ်ဆေးခြင်း၊
- bipolar disorder နှစ်ကိုယ်ခွဲ စိတ်ရောဂါ၊
- birth canal မွေးလမ်းကြောင်း (ဗဂျိုင်းနား)
- birth control ကလေး မမွေးစေရန် တားဆီးခြင်း၊
- bladder ဆီးအိမ်၊ သည်းခြေအိတ်၊
- blepharitis မျက်ခွံရောင်ခြင်း၊
- blister အပူလောင်အဖု၊
- bloated ဖေါင်းပွပွနေခြင်း၊
- blood clot သွေးခဲ၊
- blood platelet သွေးမှုံ၊
- blood pressure သွေးဖိအား၊
- blood relative သွေးချင်းနီးစပ်သော၊
- blood smear သွေးကို မှန်ပြားလေးပေါ်မှာ ပါးပါးလေးသုတ်ခြင်း၊
- blood thinner သွေကျဲဆေး၊
- blood transfusion သွေးသွင်းခြင်း၊
- blood vessels သွေးကြောများ (သွေးလွှတ်ကြော + သွေးပြန်ကြော)
- blood work သွေးအလုပ်၊
- blurred vision မျက်စိအမြင်ဝေဝါးခြင်း၊
- body ache ကိုယ်လက် ကိုက်ခဲခြင်း၊
- body mass index အရပ်နှင့်အလေးချိန်အရ အဆီပမာဏကိုတိုင်းသည့် ညွှန်းကိန်း၊
- bone marrow ရိုးတွင်းခြင်ဆီ၊
- bone splint အရိုးကျိုးလျှင် ခုခံပေးရသည့်ပစ္စည်း၊
- booster shot အားကောင်းစေရန် ထပ်ထိုးသည့်ဆေး၊
- bowel sound အူ၏မည်သံ၊
- bowel အူ၊
- bradycardia နှလုံးခုန်နှေးခြင်း၊
- brain ဦးနှောက်၊
- break out in a rash အနီပြင် ထွက်လာခြင်း၊
- breast mass နို့ ထုထည်၊
- breast self-examination ရင်သားကို မိမိဖါသာ စမ်းသပ်နည်း၊
- breastfeed မိခင်နို့တိုက်ခြင်း၊
- breathing problems အသက်ရှူပြဿနာ၊
- breech delivery ကလေး တင်ပါးဆုံပြုသည့်အနေအထားဖြင့်မွေးခြင်း၊ ခြေကဖွါးကလေး မွေးမည်၊
- bronchial asthma ပန်းနာ၊ (အဆုပ်ကြောင့်ဖြစ်သည်) နှလုံးကြောင့်လဲရှိသေးသည်၊
- bronchitis လေပြွန်ရောင်ခြင်း၊
- bronchodilator လေပြွန်ကျယ်ဆေး၊ (ပန်းနာဆေး)၊
- bronchus လေပြွန်၊ (အဆုပ်ထဲဝင်သည့်အပိုင်း)
- bruise သွေခြည်ဥခြင်း၊ ပွန်းပဲ့ခြင်း၊
- bullet wound ကျည်ဆံ ဒဏ်ရာ၊
- bunion ဖေါင်း-ကြီးနေခြင်း၊
- burn မီးလောင်နာ (မီးတောက်ကြောင့်) Scald = အရည်ပူကြောင့်
- burning pain ပူလောင်နာ၊
- burning sensation ပူလောင်နေသည်ဟု ခံစားရခြင်း၊
- Caesarean section = CS, LSCS ဗိုက်ခွဲကလေးမွေးခြင်း၊
- Calculi (ကာလ်ကူလိုင်) ကျောက်၊ ဆီး၊ သဲခြေအိပ်ကျောက်ရောဂါ၊
- calories ကယ်လိုရီ၊
- Cancer (ကင်ဆာ)၊
- cane ကြိမ်၊
- canine စွယ်သွား၊ (ခွေးစွယ်)
- capillary သွေးကြောမျှင်၊
- capsules ဆေးတောင့် (အထဲကတခုခုကို ဖုံးအုပ်ထားသည့်အရာ)၊
- carbohydrates ကာဗွန်ဟိုက်ဒရိတ်၊ (ကစီဓါတ်) (သကြား-အချိုဓါတ်)
- carbon monoxide ကာဗွန်မိုနော့ဆိုက်၊
- Cardiac arrest (ကားဒီယက်-အရက်စ်) နှလုံးခုံရပ်ရောဂါ၊
- cardiac arrest နှလုံးရပ်သွားခြင်း၊
- cardiac catheterization နှလုံးထဲ ပြွန်ငယ်ထိုးသွင်းခြင်း၊
- cardiologist နှလုံးအထူးကု၊
- cardiology နှလုံးရောဂါဗေဒ၊
- carpal tunnel syndrome လက်ကောက်ဝတ်နေရာ ဘာလို့ဖြစ်မှန်းမသိဘြဲဖစ်သည့် လက်မ၊ လက်ညှိုး၊ လက်သူကြွယ်တခြမ်း ထုံနေသည့်ရောဂါ၊
- cartilage အရိုးနု၊
- cast ကျောက်ပတ္တီးအဖုံး စသည်၊ အခွံ၊
- cataract မျက်စိ အတွင်းတိမ်၊
- CAT--computerized axial tomography ဓါတ်မှန်နှင့် ကွန်ပြူတာဆက်ပြီး ဝန်ရိုးကိုလိုချင်သလို လှည့်ပြီး ကန့်လန့်ဖြတ်လဲ မြင်နိုင်အောင်လုပ်နိုင်သည့် ကရိယာ၊
- catheter (ကသီတာ)၊ ဆီးခြူပိုက်၊
- cavity အခေါင်း၊
- CBC--complete blood count သွေးကို အလုံးစုံ ရေတွက်ခြင်း၊
- CCU--critical care unit အထူးစောင့်ရှောက်သည့်ဌာန၊ အခမ်း၊
- CDC--Center for Disease Control ကူးစက်ရောဂါထိန်းသိမ်ရေး၊
- cerebellum (ဆယ်ရီဘယ်လမ်) (ဦးနှောက်၏ အစိတ်အပိုင်း၊ အသေး)
- cerebral ischemia ဦးနှောက် သွေးအရောက်နည်းခြင်း၊
- cerebral palsy မျက်နှာ တခြမ်းလေဖြတ်ခြင်း၊
- cerebrovascular ဦးနှောက် သွေးလှည့်စနစ်၊
- cerebrum (ဆယ်ရီဘရမ်)၊ (ဦးနှောက်၏ အစိတ်အပိုင်း၊ အကြီး)
- cervical pregnancy သားအိမ်အဝ၌ သန္ဓေတည်ခြင်း၊
- cervix သားအိမ်အဝ၊
- chamomile (ချာမိုမိုင်းလ်) ဆေးဘက်ဝင် အရွက်၊ လက်ဖက်ရည်လို လုပ်သောက်နိုင်သည်၊
- Charley horse ခြေသလုံးတွေနာတာကို တင်စားခေါ်ခြင်း၊
- check up စစ်ဆေးခြင်း၊
- chemotherapy ကင်ဆာဆေးပေးခြင်း၊
- chest discomfort/tightness /pain ရင်ပတ် အနေရခက်ခြင်း၊ နာခြင်း၊ တင်းကြပ်ခြင်း၊
- chicken pox ရေကျောက်ရောဂါ၊
- Chickenpox (Varicella) (ချစ်ကင်း-ပေါက်စ်) (ဗယ်ရီဆဲလား) ရေကြောက်ရောဂါ၊
- chills ချမ်းသည်၊ Chills = တုံသည်၊
- chiropractor နှိပ်နည်းတမျိုး၊
- choke ဆို့ပိတ်နေခြင်း၊ (အစာမျိုတာ နေရာလွဲဝင်၍)
- cholectytitis သည်းခြေလမ်းရောင်ခြင်း၊
- Cholera (ကိုလိုရာ) ကာလဝမ်းရောဂါ၊
- cholera ကာလဝမ်းရောဂါ၊
- cholesterol ကိုလက်စထော၊
- chronic pain နာတာရှည်နာ၊
- chronic နာတာရှည် (Acute ၏ ပြောင်းပြန်)
- circulatory system သွေးလှည့်စနစ်၊
- circumcision ပန်းငုံသည်ကို ခွဲစိတ်သည့်နည်း၊
- cirrhosis အသဲခြောက်ခြင်း၊ (ဆရိုးဆစ်စ်)
- clavicle, collarbone (ကော်လာဘုန်း)၊ (ကလယ်ဗီကယ်လ်)၊ ညှပ်ရိုး၊
- Cleft lip (ကလက်ဖ်-လစ်ပ်စ်) နုပ်ခမ်းကွဲရောဂါ၊
- cloudy urine ဆီးနောက်နေခြင်း၊ (အနယ်ပါ၍)
- coccyx မီညှောင့်ရိုး၊
- cogitation စိတ်ကူး၊ သိနိုင်စွမ်း၊ တွေးနိုင်စွမ်း၊
- coitus လိင်ဆက်ဆံခြင်း၊
- colic ရစ်ပြီးနာခြင်း၊ (အစာလမ်း၊ ဆီးလမ်း)
- colitis အူမကြီးရောင်ခြင်း၊
- colonoscopy အူမကြီးထဲ ကရိယာထည့်စစ်ဆေးခြင်း၊
- Color blindness (ကာလာ-ဘလိုင်းနက်စ်) အရောင်မခွဲခြားတတ်သည့်ရောဂါ၊
- colostrums နို့အဖြူ မထွက်ခင်ထွက်သည့် နို့ရည်ကြည်၊
- coma သတိမရဖြစ်နေခြင်း၊
- complications နောက်ဆက်တွဲ မကောင်းသည့်အကျိုးချက်များ၊
- compress ဖိနှိပ်ခြင်း၊
- concussion ဦးနှောက်ကို အနည်းငယ်သာ ထိခိုက်ခြင်း၊ (အခေါက်ခံရသလောက်)၊
- confused စိတ်ရှုတ်ထွေးနေခြင်း၊
- congenital မွေးရာပါ၊
- congested ပြည့်တင်းနေခြင်း၊ (သွေး၊ အရည်)၊
- Congestive heart disease (ကွန်ဂျက်စတစ် ဟာ့တ် ဒီဇီးစ်) နှလုံးရောင်ရောဂါ၊
- conjunctivitis မျက်စိနာ (မျက်စိအဖုံးလွှာ ရောင်ခြင်း)၊
- consent သဘောတူညီချက်၊ ခွင့်ပြုချက်၊
- constipation ဝမ်းချုပ်ခြင်း၊
- Contagious or communicable disease (ကွန်တေးဂျီးယပ်စ်-ဒီဇိစ်) (ကွန်မြူနီကေးဘဲလ်-ဒီဇိစ်) ကူးစက်ရောဂါ၊
- continuous pain ဆက်တိုက်နာ၊
- contraceptive ကိုယ်ဝန်တား ဆေး-နည်း၊
- contraction တင်းကြုံ့ခြင်း၊
- contrast material (for MRI) ခွဲခြားမြင်နိုင်သောပစ္စည်း၊
- contusion ဦးနှောက်ကို ထိခိုက်ခြင်း၊ (သွေးခြည်ဥတဲ့အထိ)
- convulsion တက်ခြင်း၊
- cornea မျက်ကြည်လွှာ (မျက်စိအနက်ပေါ်မှာ ဖုံးထားသည့် ကြည်လင်သည့်အလွှာ)၊
- corneal transplant မျက်ကြည်လွှာ အစားထိုးခြင်း၊
- coronary bypass surgery နှလုံးသွေးလွှတ်ကြောအား ဖြတ်ဆက်ပေးခြင်း၊
- Coronary heart disease (ကိုရိုနရီ-ဟာ့တ်-ဒီဇီးစ်) နှလုံးသွေးကြောကျဉ်းရောဂါ၊
- cough syrup ချောင်းဆိုးပျောက်ဆေး၊
- cough ချောင်းဆိုး၊
- CPR--cardiopulmonary resuscitation နှလုံးအဆုပ် ပြန်လည်အလုပ်လုပ်စေရန် ရှေးဦးသူနာပြုနည်း၊
- cramp ကြွက်တက်ခြင်း၊ ကြွက်သားနာခြင်း၊
- croup ချောင်းအကျယ်ကြီးဆိုးခြင်း၊
- crown သရဖူ၊ မွေးလမ်းတွင် ကလေးခေါင်းပြူလာခြင်း၊
- crutches ချိုင်းထောက်၊
- cryosurgery အေးခဲစေသည့်နည်းသုံး ခွဲစိတ်ကုသနည်း၊
- CT scan--computed tomography စီတီ-စကင်၊
- culture ပိုးမွေးမြူခြင်း၊ (ပိုးအား ဆေးနှင့် နိုင်မနိုင်သိစေရန်)
- Cushing's disease ဟော်မုန်းများနေသည့်ရောဂါ၊
- cyanosis ပြာနှမ်းနေခြင်း၊ အောက်စီဂျင်မဝခြင်း၊
- cystic fibrosis မျိုးဗီဇရောဂါ၊ ဒုက္ခိတဖြစ်နေပြီး အသက်တိုသည်၊
- cystitis ဆီးအိမ်ရောင်ခြင်း၊
- cytology ဆဲလ်များကိုစစ်ဆေးသည့်ဗေဒ၊
- D&C--dilatation & curettage သားအိမ်ကို ချဲ့ပြီး ခြစ်ထုတ်ခြင်း (သားပျက်လူနာအား လုပ်ရသည်)
- daily dose နေ့စဉ်တိုက်ရန်၊
- dandruff ဘောက်၊
- dazed အံ့သြခြင်း၊
- deaf နားမကြား၊
- decongestant နှာခေါင်း ပိတ်နေသည်ကို သက်သာမည့်ဆေး၊
- defecate ဝမ်းသွားသည်၊
- defibrillator နှလုံးခုန်စေရန် လျှပ်စစ်ဖြင့်ဖိပေးရသည့် ကရိယာ၊
- degenerative joint disease ဇရာသဘော ယိုယွင်းလာသည့် အဆစ်များရောဂါရခြင်း၊
- dehydration ရေဓါတ်နည်းခြင်း၊
- delirium စိတ်ကရောင်ခြောက်ခြားဖြစ်ခြင်း၊
- delivery မွေးခြင်း၊ ပေးဝေခြင်း၊
- dementia သတိမေ့ရောဂါ၊
- Dengue fever (ဒန်ဂူး-ဖီဗာ) သွေးလွန်တုပ်ကွေးရောဂါ
- dental floss သွားကိုသန့်ရှင်းပေးသည့်ကြိုး၊
- dentures သွားအတုကပ်၊
- depression စိတ်ကျခြင်း၊ အောက်ကျနေခြင်း၊
- dermatitis အရေပြားရောင်ခြင်း၊ အရေပြားနာ၊
- dermatologist အရေပြားအထူးကု၊
- development ဖွံ့ဖြိုးတိုးတက်မှု၊deviated nasal septum နှာခေါင်းထဲက ပိုင်းခြားထားသောအကန့် တဖက်သို့ယိုင်နေခြင်း၊
- Diabetes mellitus (ဒိုင်ယာဘီးတီးစ်-မလိုက်တပ်စ်) ဆီးချိုရောဂါ၊
- diabetes ဆီးချိုရောဂါ၊
- diagnosis ရောဂါအမည်၊
- dialysis ကျောကပ် စစ်ပေးခြင်း၊ (ရေစစ်သလို)
- diaper rash ကလေး အတွင်းခံအဝတ်ကြောင့် ဖြစ်ရသည့် အနီစက်များ၊
- diaphragm ဗိုက်နှင့်ရင်ခေါင်းကြားရှိ ကြွက်သားပြားခုံးခုံးကြီး၊
- diarrhea ဝမ်းလျှောခြင်း၊
- diet အစားအစာ၊
- dietician အာဟာရပညာရှင်၊
- difficulty breathing အသက်ရှူခက်ခြင်း၊
- diffuse ရောထွေးနေခြင်း၊
- Diphtheria (ဒစ်ပဿီးရီးယား) ဆုံဆို့ရောဂါ၊
- diplopic အရုပ် နှစ်ခုမြင်နေခြင်း၊
- disability မသန်မစွမ်း၊
- disc အပြားငယ်၊
- discharge instructions ဆေးရုံဆင်း ညွှန်ကြားချက်များ၊
- discomfort အနေရခက်ခြင်း၊
- disinfectant ပိုးမဝင်စေသည့်ဆေး၊
- dislocation အဆစ်လွဲခြင်း၊
- disorder တလွဲဖြစ်နေခြင်း၊
- diverticula အတက်ငယ်များ၊
- dizziness ခေါင်းနောက်နေခြင်း၊
- doctor on-call အရေးပေါ်ခေါ်ယူနိုင်သည့် ဆရာဝန်၊
- douche သန့်ရှင်းစေရန် ဆေးဖြန်းခြင်း (ဗဂျိုင်းနား)၊
- Down Syndrome မွေးရာပါ ကလေး ဦးနှောက်မပြည့်သည့်ရောဂါ၊
- dressing ဆေးထည့်ခြင်း၊ ဖုံးအုပ်ပေးခြင်း၊
- drops အစက်ချဆေး၊
- dropsy ဖေါရောင်ခြင်း၊
- drowsiness မူးဝေနေခြင်း၊
- drowsy အိပ်ချင်နေခြင်း၊
- dry labor ရေမြွာရည်က အရင်ထွက်ကုန်ပြီးမှ ကလေးထွက်ခြင်း၊
- DTP--diphtheria, tetanus, and pertussis vaccine ဆုံဆို့- မေးခိုင်-ကြက်ညှာ ကာကွယ်ဆေး၊
- due date မွေးဖွါးနိုင်သည့်ရက်၊
- dull pain ထုံနာနာ၊
- duodenum (ဒူယိုဒီနမ်) အူသိမ်၏ အစပိုင်း၊
- dust mite လှေးကောင်၊
- dysentery ဝမ်းကိုက်ရောဂါ၊
- dyslexia စာသင်ရခက်သည့်အခြေအနေ၊
- dysmenorrhea ရာသီလာစဉ် နာကျင်-ကိုက်ခဲခြင်း၊
- dysuria ဆီးသွားစဉ် နာခြင်း၊
- ear canal နားပြွန်၊
- ear lobe နား (နားကပ် ဝတ်သည့်နေရာ)
- ear wax နားဖါ၊
- earache နားကိုက်၊
- eating plan အစားစားဇယား၊
- ECG /EKG--electrocardiogram လျှပ်စစ်သုံး နှလုံးတိုင်းစက်၊
- echocardiogram ပဲ့တင်သံဖြင့် စစ်ဆေးခြင်း၊
- eclampsia ကိုယ်ဝန် သွေးဆိပ်တက်ခြင်း၊
- ectopic pregnancy သားအိမ်ပြင်ပ သန္ဓေတည်ခြင်း၊
- eczema နှင်းခူနာ၊
- edema ဖေါရောင်ခြင်း၊
- EEG--electroencephalogram ဦးနှောက်အား လျှပ်စစ်နည်းဖြင့် စစ်ဆေးခြင်း၊
- elbow တံတောင်ဆစ်၊
- electric stimulation (Transcutaneous electric nerve stimulation) လျှပ်စစ်ဖြင့် အာရုံကြောကို ကလိပေးခြင်း၊
- electrodes လျှပ်စစ်ဓါတ်လွှတ်ပေးသည့် အစွန်း၊
- electrolyte ဓါတ်ဆား၊
- embry- သန္ဓေသား၊
- emesis အန်ခြင်း၊
- EMG--electromyelogram လျှပ်စစ်ဖြင့် ကြွက်သားကို စစ်ဆေးခြင်း၊
- emphysema အဆုပ်ဖေါင်းရောင်နေသည့်ရောဂါ၊
- enamel သွားအပေါ်ယံ ကြွေလွှာ၊
- Encephalitis (အင်ကဖလိုက်တစ်) ဦးနှောက်ရောင်ရောဂါ၊
- Endemic (အင်းဒမစ်) နေရာဒေသတခုခု၌ ဖြစ်တတ်သည့်ရောဂါ၊ အများအပြားဖြစ်လာခြင်း၊
- endocarditis နှလုံးအတွင်းသားရောင်ခြင်း၊
- endocrinology ဟော်မုန်းများအကြောင်း၊ (အင်ဒိုခရိုင်း-ဂလင်းများမှ ဟော်မုန်းများ ထွက်သည်)
- endometriosis သားအိမ် အတွင်းဆုံးအလွှာတစ်ရှူး တခြားနေရာရောက်နေသည့် ရောဂါ၊
- endometrium သားအိမ် အတွင်းဆုံးအလွှာ၊
- endoscopy အစာလမ်းကြောင်းထဲ ကရိယာထည့်စစ်ဆေးခြင်း၊
- enema ဝမ်းခြူခြင်း၊
- engorged ကြီး-ဖေါင်းနေခြင်း၊
- ENT--Ear, Nose, Throat နား-နှာခေါင်း-လည်ချောင်း၊
- enterology အစာလမ်းကိုေ လ့လာခြင်း၊
- enzyme (အင်ဇိုင်မ်း) ဓါတ်ကူ၊
- Epidemic (အပီဒါးမစ်) နေရာဒေသတခုခု၌ ဖြစ်နေကြထက်ပို၍ရောဂါဖြစ်လာခြင်း၊ (ဒေသတွင်းကပ်ရောဂါ)
- epidemic နေရာတကာပျံ့နေခြင်း၊ ကွက်၍ဖြစ်သော ကပ်ရောဂါ၊
- epidural analgesia ခါးရိုးဆစ်ထဲ ထုံဆေးထိုးခြင်း၊ ဗိုက်မနာဘဲ ကလေးမီးဖွါးရန်၊ ခွဲစိတ်ရန်၊
- epidural ခါးရိုးဆစ်ထဲ ထုံဆေးထိုးခြင်း၊ ဗိုက်မနာဘဲ ကလေးမီးဖွါးရန်၊ ကိုယ်အောက်ပိုင်း နေရာများ ခွဲစိတ်ရန် ထိုးသည့် ထုံဆေး၊
- epilepsy ဝက်ရူးပြန်ရောဂါ၊
- episiotomy ကလေးမွေးနိုင်ရန် မွေးလမ်းကြောင်း ချဲ့ကိုက်ခြင်း၊
- erectile dysfunction ယောက်ျား ပန်သေ-ပန်းညှိုးရောဂါ၊
- ER--emergency room အရေးပေါ်အခန်း၊
- erosion စားသွားခံရခြင်း၊
- ERT--estrogen replacement treatment မ-ဟော်မုန်း (အီစထိုဂျင်) အစားထိုးကုသပေးခြင်း၊ (ဥပမာ သွေးဆုံးသူများ)
- esophagus (အီဆိုဖေးဂတ်စ်) အစာမျိုပြွန်၊ (အာခေါင်နှင့် အစာအိမ်အကြား)
- estrogen မ-ဟော်မုန်း (အီစထိုဂျင်)
- euphoria အတိုင်းမသိ ပျော်ရွှင်နေခြင်း၊
- evil eye ကံမကောင်းစေသည်ဟု ယူဆသည့်အကြည့်၊
- expiration ကုန်ဆုံး-သေဆုံးခြင်း၊
- expressed out the milk နို့ညှစ်ခြင်း၊
- eye drops မျက်စဉ်း၊
- eyelid မျက်ခွံ၊
- faint သတိလွတ်သွားခြင်း၊ ခဏတာ မူးမေ့သွားခြင်း၊
- fallopian tube သားအိမ်ပြွန်၊ (ဖလိုပီယန်-ကျုဘ်)
- false labor တကယ်မမွေးဘဲ ဗိုက်နာခြင်း၊
- family planning မိသားစုစီမံကိန်း၊
- fasting blood sugar အစာမစားချိန်ရှိသည့် သွေးထဲက သကြားဓါတ်၊
- fasting အစာငတ်ခံခြင်း၊
- fatigue အားကုန်ခြင်း၊
- feces ဝမ်း-မစင်၊
- feet ခြေထောက်၊
- female sterility အမျိုးသမီး ကလေးမရနိုင်သူ၊
- femur ပေါင်ရိုး၊
- fertility counseling ကလေးရနိုင်စေရန်အတွက် အကြံဥာဏ်ရယူခြင်း၊
- fertilization အဖို-အမ ပေါင်းစပ်ခြင်း၊
- fetal heart tone ဗိုက်ထဲက ကလေးနှလုံးခုန်သံ၏ ပြင်းအား၊
- fetus ဗိုက်ထဲကကလေး၊
- fever blister ဖျား၍ပေါက်သည့်အပူဖူး၊
- fever ဖျားခြင်း၊
- fibroid သားအိမ်အသားပို၊ (ဖိုက်ဘရွိုက်)၊
- fibula ခြေသလုံးထဲက အပြင်ရိုး၊
- Filariasis (ဖိုင်လေရီရေးဆစ်) ဆင်ခြေထောက်ရောဂါ
- filling သွားပေါက်ဖါခြင်း၊
- finger လက်ချောင်း၊
- fissure အကွဲ၊ ဥပမာ စအိုကွဲနာ၊ ပါးစပ်ကွဲခြင်း၊
- floaters မျက်စိထဲ အစက်အပျောက်မြင်နေခြင်း၊
- flu တုပ်ကွေး၊
- fluoride ဖလိုရိုက်၊ သွားကောင်းစေသည့်ဓါတ်၊
- fluoroscopy ဓါတ်မှန်နှင့် (ဖလူရိုဆင့်) အရောင်တွဲထားသည့် စမ်းသပ်ကရိယာ၊
- followup appointment နောက်တကြိမ်ပြန်ပြရမည့် ရက်ချိန်း၊
- fontanelle ငယ်ထိပ်၊
- food allergy အစာမသင့်ဖြစ်ခြင်း၊
- forceps ညှပ်၊ ဇာဂနာ၊ ကလေးမွေးရန်ညှပ်၊ သွေးကြောညှပ်၊
- forearm လက်ဖျံ၊
- forehead နဖူး၊
- foreskin ယောက်ျားပန်းကို ဖုံးနေသည့် ဆွဲလှန်၍ရသော အရေပြား၊
- fracture အရိုးကျိုးခြင်း၊
- freckle အစက်အပျောက်များ (မျက်နှာ)၊
- frigidity အမျိုးသမီ လိင်စိတ်နည်းဖြင်း၊
- frozen shoulder ပခုံး လိုသလို လှုတ်ရှားမရခြင်း၊
- FSH--follicle stimulating hormone ဟော်မုန်းတမျိုး၊ အရယ်ွရောက်ခြင်း၊ ကြီးထွားခြင်းကို သက်ရောက်သည်၊ ဦးနှောက်ထဲက ပစ်ကျူထရီ-ဂလင်းနှင့် မျိုးဥ၊ ဝှေးစေ့တို့က ထွက်သည်၊
- fungal infection မှိုပိုးဝင်ခြင်း၊
- fungus ဖန်းဂတ် = မှို၊
- gall bladder သည်းခြေအိတ်၊
- ganglion အရည်အိတ်၊ လက်ကောက်ဝတ်တဝှိုက်အဖြစ်များသော အကျိတ်၊
- Gangrene, necrosis (ဂန်ဂရင်း) တစ်ရှူးများသေခြင်း၊
- gargle ပါးစပ်ပလုပ်ကျင်းသည်၊
- gastric banding အစာအိမ်ကို ချည်နှောင်ထားခြင်း၊ အဝလွန်သူများအတွက်လုပ်သည်၊
- gastric bypass အစာလမ်းကို ဖြတ်ကူးဆက်ပေးခြင်း၊
- gastric ulcer အစာအိမ်နာ၊
- gastritis အစာအိမ်ရောင်ခြင်း၊
- gauze ဂေါ့စ်၊ ပိတ်ကျဲစ၊
- generic drugs ဆေးနာမည်အတိုင်း ရောင်းသည့်ဆေး၊
- genetic counseling မျိုးဗီဇဆိုင်ရာ အကြံပေး၊
- genetic မျိုးဗီဇ၊
- genitals လိင်အင်္ဂါများ၊
- geriatrics လူအိုများအား စောင့်ရှောက်ခြင်း၊
- gestation ကိုယ်ဝန်ဆောင်ချိန်၊
- gestational diabetes ကိုယ်ဝန်ဆောင်ချိန် ဆီးချိုရှိခြင်း၊
- GI--gastroenterology အစာအိမ်-အူလမ်းကြောင်း၊
- gingivitis သွားဖုံးရောင်ခြင်း၊
- glands (ဂလင်း) အိတ်၊
- glaucoma မျက်စိ ရေတိမ်၊
- glucose (ဂလူးကို့စ်) သကြားဓါတ်
- glucose tests သကြားဓါတ်စမ်းသပ်ခြင်း၊
- glyburide ဆီးချို အမျိုးအစား ၂ ဆေး၊
- glycosuria ဆီးထဲ သကြားဓါတ်ပါနေခြင်း၊
- glypizide ဆီးချို အမျိုးအစား ၂ ဆေး၊
- gnawing pain အကိုက်ခံရသလိုနာ၊
- goiter (ဂွိုက်တာ) လည်ပင်းကြီး၊
- golfer's elbow ဂေါက်သမား တံတောင်ဆစ်နာ၊
- gonorrhea (ဂနိုရီးယား) လိင်ကတဆင့်ကူးစက်ရောဂါ တခု၊
- Gonorrhoea (ဂနို) ရောဂါ၊
- gout (ဂေါက်) အဆစ်နာရောဂါ၊
- GP--General Practitioner ဆေးကုနေသည့် ဆရာဝန်၊
- Graves Disease (ဂရေ့ဖ်-ဒဇိစ်) လည်ပင်းကြီး ဟော်မုန်းများရောဂါ၊
- groin ပေါင်ခြံ၊
- gums သွားဖုံး၊
- gynecology မီးယပ်ရောဂါဗေဒ၊
- hacking cough ချောင်းခြောက်ဆိုးခြင်း၊
- hallucination မရှိတာကို မြင်-ကြားနေခြင်း၊
- hay fever (ဟေး-ဖီဗာ) အလာဂျီကြောင့်ဖြစ်သည့်ရောဂါ၊
- HDL High-density lipoprotein (ကိုလက်စထော)၊
- headache ခေါင်းကိုက်ခြင်း၊
- healthy ကျန်းမာနေသော၊
- heart attack နှလုံး-သွေးကြောကျဉ်းရောဂါ ရုတ်တရက်ဖြစ်ခြင်း၊
- heart burn ရင်ပူခြင်း၊ အစာအိမ်မှာ အစာခြေရည်များခြင်း၊
- heart failure နှလုံးက လိုသလောက် အလုပ်မလုပ်နိုင်တော့ခြင်း၊
- heart murmur ပုံမှန်မဟုတ်သော နှလုံးခုန်သံ၊
- heat stroke အပူလှိုင်းမိခြင်း၊
- heating pad အပူပေးသည့် အခုအခံ၊
- heavy lifting အလေးအပင်မခြင်း၊
- hematemesis သွေးအန်ခြင်း၊
- hematoma သွေးခဲ၊ သွေးအစိုင်အခဲ၊ အထဲမှာသွေးယိုနေသည့်အခဲ၊
- hemodialysis သွေးကို စစ်ပေးခြင်း၊ (ရေစစ်သလို)
- hemoglobin (ဟီမိုဂလိုဘင်)၊ သွေးကိုနီစေသည့်ဓါတ်၊ သံဓါတ်နှင့်လုပ်သည်၊
- hemophilia သွေးမခဲသည့် မျိုးရိုးလိုက်ရောဂါ၊
- hemorrhage သွေးယိုခြင်း၊
- hemorrhoids လိပ်ခေါင်း၊
- Hepatitis A, B, C, E (ဟက်ပတိုက်တစ်) အသဲရောင် အေ၊ ဘီ၊ စီ၊ အီး၊
- hereditary မျိုးရိုးလိုက်ခြင်း၊
- hernia (ဟာနီယာ)၊ အူကျရောဂါ၊ အင်္ဂါအစိတ်အပိုင်းတခု သူ့နေရာမှ စူထွက်ခြင်း၊ ကျထွက်ခြင်း၊
- herniated disk ခါးဆစ်ရိုးကြား အရိုးနု-အပြား နေရာလွဲထွက်လာခြင်း၊
- Herpes (ဟားပိစ်) ရေယုံရောဂါ၊
- hiccups ကျို့ထိုးခြင်း၊
- hip ခါး၊ တင်နေရာ၊
- hives (အလာဂျီ) ရသဖြင့် ထွက်သည့် အနီပြင်၊ ပျားတုပ်ခံရသလို၊
- HIV--Human Immunodeficiency Virus ခုခံအားကျရောဂါ လူမှာဖြစ်စေသည့် ဗိုင်းရပ်စ်၊
- hoarse အသံသြခြင်း၊
- Holter monitor ဗဟိုအာရုံကြောစနစ်ရှိ လျှပ်စစ်ဓါတ်ကို စောင့်ကြည့်ပေးသည့်ကရိယာ၊
- hormone ဟော်မုန်း၊
- hot and cold spells ပူလိုက်၊ အေးလိုက်ဖြစ်ခြင်း၊ ဥပမာ သွေးဆုံးချိန်၊
- household chemicals အိမ်သုံး ဓါတုဆေးများ၊
- hurt အနာတရဖြစ်စေသည်၊
- huskiness အသံအက်နေခြင်း၊
- hydrogen peroxide (ဟိုက်ဒရိုဂျင်-ပါအောက်ဆိုက်) ပိုးသန့်ဆေးတမျိုး၊
- hyperacidity အက်စစ်ဓါတ်များနေခြင်း၊
- hyperglycemia သွေးထဲ သကြားဓါတ် များနေခြင်း၊
- hypersensitivity ပိုမို၍တုံ့ပြန်ခြင်း၊
- Hypertension (ဟိုက်ပါတင်းရှင်း) သွေးတိုးရောဂါ၊
- hyperthyroidism လည်ပင်းကြီးဟော်မုန်းများရောဂါ၊
- hypoglycemia သွေးထဲ သကြားဓါတ် နည်းနေခြင်း၊
- hypotension သွေးဖိအားကျနေခြင်း၊
- hysterectomy သားအိမ်ထုတ်ခြင်း၊
- hysteria စိတ်လှုတ်ရှားမှု လွန်ကဲသဖြင့် အမူအယာ ပုံမှန်မဟုတ်သည့် စိတ်ရောဂါ၊
- ibuprofen (အိုင်ဘူပရိုဖင်) အနာအကိုက်-အဖျား သက်သာဆေး၊
- ICU--intensive care unit အထူးကြပ်မတ်ကုသပေးသည့်အခန်း၊
- illness နေမကောင်းဖြစ်ခြင်း၊ အနာ-ရောဂါ၊
- immune system ရောဂါပြီးစနစ်၊
- immunity ရောဂါပြီးခြင်း၊ ဥပမာ ဝက်သက်ဖြစ်ပြီးသူ နောက်ထပ် ဝက်သက် မဖြစ်တော့ခြင်း၊ ကာကွယ်ဆေးထိုးသူ ရောဂါမဖြစ်နိုင်ခြင်း၊
- immunoglobulin ရောဂါကို ခုခံတိုက်ဖျက်ပေးသည့်ဓါတ်၊ (အင်တီဘော်ဒီ)၊
- impetig- ဗက်တီးရီးယားကြောင့်ဖြစ်သော အနာ၊ ကူးစက်နိုင်သည်၊
- implantation တခုခုကို အထဲ ထည့်ပေးခြင်း၊ ဥပမာ ကလေးရစေရန် အပြင်မှာ ပေါင်းစပ်ပေးပြီးနောက် သားအိမ်ထဲထည့်ပေးခြင်း၊
- impotence ပန်းသေ-ပန်းညှိုး ရောဂါ၊
- incisor ရှေ့သွားများ
- incontinence မထိန်းနိုင်ခြင်း၊ ဥပမာ ဆီး-ဝမ်း၊
- incubation period ရောဂါလက္ခဏာမပေါ်မီယူသည့်ကာလ၊ ပိုးဝင်ပြီးနောက် ရောဂါခံစားရန် ကြာသေးသည့်ကာလ၊
- incubator အပူချိန်၊ စိုထိုင်းဆ၊ အောက်စီဂျင် လိုသလိုချိန်ပေးထားသည့် သေတ္တာ-အခန်း၊
- index finger လက်ညှိုး၊
- indigestion အစာမကျေဖြစ်ခြင်း၊
- induced abortion ကိုယ်ဝန်ပျက်စေရန် တမင်လုပ်ခြင်း၊
- induced labor ကလေးမွေးစေရန် တမင်လုပ်ပေးခြင်း၊
- infection inflammation (အင်ဖက်ရှင်)၊ (အင်ဖလမေးရှင်း) ရောဂါပိုဝင်ခြင်း၊ ပိုးဝင်၍ရောင်ရမ်းခြင်း၊
- infertile ကလေးမရနိုင်ခြင်း၊
- inflammation (အင်ဖလမေးရှင်း) ရောဂါပိုဝင်ခြင်း၊ ပိုးဝင်၍ ရောင်ရမ်းခြင်း၊
- Influenza (Flu) (အင်ဖလူယင်ဇာ) (ဖလူး) တုပ်ကွေးရောဂါ၊
- ingrown toenail ခြေစွယ်ငုတ်ခြင်း၊
- inguinal hernia ပေါင်ခြံမှာ ဖြစ်သော အူကျရောဂါ၊ (ချက်စူတာ၊ ဗိုက်ချုပ်ရိုးစူတာတွေနဲ့ ခွဲခြားရန် ပေါင်ခြံကို ထည့်သုံးသည်၊)
- inhale ရှူသွင်းခြင်း၊
- inhaler အသက်ရှူကရိယာ၊
- injection ထိုးဆေး၊
- inpatient အတွင်းလူနာ၊
- insecticide အင်းဆက်တွေကို သေဆေး၊
- insomnia အိပ်မပျော်ခြင်း၊
- insulin (အင်စူလင်) ဆီးချိုထိုးဆေး၊ (အင်စူလင်) ဟော်မုန်း၊
- intermittent pain နာလိုက် ရပ်လိုက်နာ၊
- intrauterine device သားအိမ်ထဲ ထည့်ထားရသည့်ပစ္စည်း၊ (ကလေး မရစေရန်)
- intravenous anesthesia သွေးပြန်ကြောထဲ ထိုးရသည့် မေ့ဆေး၊
- inverted nipples နို့သီးခေါင်း အထဲဝင်နေခြင်း၊
- in-vitr- fertilization ဓါတ်ခွဲခမ်းထဲမှာ အဖို-အမ မျိုးဥများ ပေါင်းစပ်ပေးခြင်း၊
- iodine (အိုင်အိုဒင်း) ၄င်းနည်းလျှင် လည်ပင်းကြီးဖြစ်စေသည်၊ အနာထည့်ဆေးအဖြစ်လဲ သုံးနိုင်သည်၊
- iris မျက်စိ သူငယ်အိမ်အဝိုင်းပေါက်ဘေးက ကျဉ်းလိုက်၊ ကျယ်လိုက် ဖြစ်နေသော အစိတ်အပိုင်း၊
- iron supplements သံဓါတ်ဆေး၊
- Iron-deficiency anemia (အိုင်းယွင်း-ဒီဖင်ရှင်စီ-အနီးမီးယား) သံဓါတ်နည်း သွေးအားနည်းရောဂါ၊
- irregular pulse လက်ကောက်ဝတ် သွေးခုန်တာ ပုံမှန်မဟုတ်ခြင်း၊
- irritable bowel syndrome အူလမ်းမငြိမ်သည့် ဝမ်းခဏခဏပျက်သည့်ရောဂါ၊
- irritation စိတ်အနှောင့်အယှက်ဖြစ်ခြင်း၊
- isolate သည်းခြားခွဲထုတ်ခြင်း၊
- itch ယားခြင်း၊
- IUD--intra-uterine device သားအိမ်ထဲ ထည့်ထားရသည့်ပစ္စည်း၊ ကလေးမရစေရန်၊
- IV--intravenous သွေးပြန်ကြောထဲဆေးထိုးခြင်း၊
- jaundice (ဂျွန်းဒစ်) အသား-မျက်လုံး-ဆီး ဝါခြင်း၊
- jaundice pancreatitis (ဂျွန်းဒစ်) ကြောင့် သရက်ရွက်ရောင်ခြင်း၊
- jock itch ဂျွတ် = မှိုကြောင့်ဖြစ်သောအနာ၊ ပေါင်ခြံစသည်မှာဖြစ်၊
- joints အဆစ်များ၊
- kidney failure ကျောက်ကပ် လိုသလောက် အလုပ်မလုပ်နိုင်ခြင်း၊
- kidneys ကျောက်ကပ်များ၊ (၂ ခုရှိ၍ အများသုံးသည်၊ အဆုပ်ကဲ့သို့)
- kilogram (ကီလိုဂရမ်)၊
- labia နုတ်ခမ်း၊ (ပါးစပ်၊ မိန်မ အင်္ဂါအဝ၊)
- labor and delivery ကလေးမွေးခြင်း၊
- labor pain ကလေးမွေးချင်လို့နာ၊
- laceration of the perineum မိန်းမ မွေးလမ်းဘေးနေရာ (ပရီနီယမ်) စုတ်ပြဲသွားခြင်း၊
- lactation consultant နို့တိုက်နည်း အတိုင်ပင်ခံပညာရှင်၊
- lactose intolerance နို့ထဲပါသည့် သကြားဓါတ်ကို မခံနိုင်ဖြစ်ခြင်း၊
- Lamaze method ကလေးမွေးရာတွင် လွယ်ကူစေရန် မိခင်လောင်းကို အားပေးသည့် ပြင်သစ်ဆရာဝန် တီထွင်သည့်နည်း၊
- laparoscopy ဗိုက်ထဲ ကိရိယာထည့် စစ်ဆေးခြင်း၊
- large intestine အူမကြီး၊
- larynx အသံအိုး၊
- laser surgery လေဆာဖြင့်ခွဲစိတ်ကုသခြင်း၊
- laxative ဝမ်းနုတ်ဆေး၊
- lazy eye မျက်စိတဖက်က မျက်မှန်တပ်လဲမရသည့် သိပ်မမြင်သည့်ရောဂါ၊
- lens မှန်ဘီလူး၊
- Leprosy (Hansen's Disease) (လက်ပရိုစီ) အနာကြီးရောဂါ၊
- lesion အနာ၊
- lethargic မလှုတ်ရှားချင်၊ မလုပ်ချင်ဖြစ်နေခြင်း၊
- leukemia လူကီးမီးယား၊ (သွေးကင်ဆာ)
- lice သန်း၊ ဆံပင်-အမွှေးထဲနေသည့် သန်း၊
- ligament အရွတ်၊
- limp ထော့နင်း-ထော့နင်း ဖြစ်နေခြင်း၊
- listlessness အားယုတ်နေခြင်း၊
- liver အသဲ၊
- low calorie ကယ်လိုရီ နည်းခြင်း၊
- low fat အဆီ နည်းခြင်း၊
- lower back pain ခါးနာ၊
- lumbar or cervical roll ခါး၊ လည်ပင်းတို့အား အနာသက်သာစေရန် ပတ်ထားရသည့် အလိပ်၊
- lump အလုံး-အကျိတ်၊
- lupus ရောဂါပြီးစနစ် မမှန်သဖြင့် ဖြစ်ရသည့် နာတာရှည်အနာ၊
- lymph (လင့်ဖ်) သွေးပြန်ရည်၊ (တက်စေ့နှင့်ဆိုင်သည်)
- malaria ငှက်ဖျား၊
- malignant (မလင်ဂနင့်) ကင်ဆာ၊
- mammogram နို့ကိုဓါတ်မှန်ရိုက်ခြင်း၊
- mania စွဲလမ်းမှု၊
- manic depressive စွဲလမ်းမှု စိတ်ရောဂါတွင် အကျစွန်းဘက် ရောက်နေချိန်၊
- mastectomy ရင်သား ဖြတ်ထုတ်ခြင်း၊
- maternity ward ကလေးမွေးလူနာဆောင်၊
- Measles (မီဆဲလ်စ်) ဝက်သက်ရောဂါ၊
- medical excuse ကျန်းမာရေးအရခွင့်ပြုချက်၊
- medical history နောက်ခံကျန်းမာရေးသမိုင်း၊
- Medical vocabulary ဆေးစာ ဝေါဟာရများ
- medicated compress ဆေးဖြင့် ဖိအားပေးခြင်း၊ ရိုးရာဆေးကုနည်းတမျိုး၊
- medicated compress ဆေးဖြင့်
- medication ဆေးပေးခြင်း၊
- melena ဝမ်းထဲသွေးပါနေခြင်း (ဝမ်းအမဲရောင်သွားခြင်း)၊
- membrane (မင်ဘရိန်း)၊ အဖုံးလွှာပါး၊
- Meningitis (မင်နင်ဂျိုက်တစ်) ဦးနှောက်အမှေးရောင်ရောဂါ၊
- meningitis ဦးနှောက်ကိုဖုံးထားသည့် အလွှာရောင်ခြင်း၊
- Meningococcemia (မနင်ဂိုကော့ကပ်စ်) ပိုးသွေးထဲရောက်ရောဂါ၊
- menopause သွေးဆုံးချိန်၊
- menses ရာသီသွေး၊
- menstrual cycle ရာသီ လစဉ် စက်ဝန်း၊
- menstruation ရာသီဆင်းခြင်း၊
- mental health စိတ်ကျန်းမာရေး၊
- mental retardation စိတ်ဖွံ့ဖြိုးမှု နောက်ကျနေခြင်း၊
- mercurochrome ပိုးသန့်ဆေး တမျိုး၊
- metabolism (မက်တာဘော်လဇင်) ဇီဝဖြစ်စဉ်၊
- metastasis ပြန့်နှံ့ခြင်း၊ ဥပမာ ကင်ဆာ၊
- microorganism သေးငယ်သည့် ပိုးမွှား၊ ဥပမာ ဗက်တီးရီးယား၊
- middle ear infection နားအလည်ပိုင်း ပိုးဝင်ခြင်း၊ (နား ကို ၃ ပိုင်းခွဲထားသည်)
- midwife သားဖွါးဆရာမ၊
- migraine (မိုင်ဂရင်း) ခေါင်းမူး-ခေါင်းကိုက်ရောဂါ၊
- Migraine (မိုင်ဂရိန်း) ခေါင်မူး၊ ခေါင်းကိုက်ရောဂါ၊
- miscarriage သားပျက်ခြင်း၊ (အလိုအလျောက် ပျက်ခြင်း)
- MMR--measles, mumps & rubella vaccine ဝက်သက်-ပသိရောင်-ဂျာမန်ဝက်သက် ရောဂါ ၃ မျိုး ကာကွယ်ဆေး၊
- molar အံသွား၊
- mold ပုံဖေါ်ခြင်း၊
- mole မှဲ့၊
- mood swings စိတ်မူပြောင်းခြင်း၊ တက်လိုက် ကျလိုက်ဖြစ်ခြင်း၊
- morning sickness ကိုယ်ဝန်ဆောင်စ ခံစားရသည့်လက္ခဏာများ၊
- morning-after pill အရေးပေါ် ကိုယ်ဝန်တားဆေး၊ ညက အတူနေပြီး မနက်ရောက်သောက်သည့်သဘော၊
- mosquit- ခြင်၊
- motion sickness ကားမူးရောဂါ၊ ရွေ့ပြောင်းလျင်မူး-အန်သည့်ရောဂါ၊
- mountain sickness တောင်တက်လျှင် မူးသည့်ရောဂါ၊
- MRI--magnetic resonance imaging သံလိုက်ဓါတ်သုံး ပုံဖေါ်နည်း၊
- MS--multiple sclerosis နှလုံအဆို့ရှင် ကျဉ်းသည့်ရောဂါ၊
- mucous stool ဝမ်းထဲအကျိအချွဲပါခြင်း၊
- mucus အကျိအချွဲ၊
- Mumps (မန့်ပ်) လည်ပင်အကြိတ်ရောင်ရောဂါ၊
- mumps ပသိရောင်ရောဂါ၊ (ပါးရောင်ခြင်း)
- muscle tissue ကြွက်သား တစ်ရှူး၊
- Myopia (မိုင်ယိုးပီးယား) အနီးမှုန်ရောဂါ၊
- nasal cavity နှာခေါင်းအတွင်းခေါင်း၊
- nasal congestion နှာခေါင်း ပွစိပွစိနေခြင်း၊
- nasal irrigation နှာခေါင်းကိုဆေးဖြန်းခြင်း၊
- nasal spray နှာခေါင်းထဲ ပန်းရသည့်ဆေး၊
- nausea ပျို့ခြင်း၊
- nauseating pain အန်ချင်သလိုနာ၊
- navel ချက်၊
- nebulizer နှာခေါင်းမှရှူရန် ဆေးထည့်သည့် ရေ-ဆေးရည်
- needle aspiration biopsy အသားစကို စစ်ဆေးရန် ဆေးထိုအပ်ဖြင့်စုတ်ယူခြင်း၊
- neonatal မွေးကင်စကလေး၊
- Neoplasm (နီယိုပလာဇမ်) ကင်ဆာရောဂါ (ဆဲလ်မတူသည့်ကင်ဆာ)၊
- nephritis ကျောက်ကပ်ထဲကပြွန်များ ရောင်ခြင်း၊
- nephrologist ကျောက်ကပ် အထူးကု၊
- nerves အာရုံကြော၊
- neuralgia အာရုံကြောနာခြင်း၊
- neurasthenia အားယုတ်၊ စိတ်ကျ၊ စိုးရိမ်၊ ခေါင်းကိုက်၊ အာရုံကြောတလျှောက် နာခြင်းတို့ တွဲဖြစ်ခြင်း၊
- neuritis အာရုံကြောရောင်ခြင်း၊
- neurologist အာရုံကြောအထူးကု၊
- neurosis စိတ်ဖိစီးရောဂါ၊ (အမူအရာ ပုံမှန်၊ မမြင်မကြားအပ်တာမရှိ)၊
- NICU--neonatal intensive care unit မွေကင်းစကလေး အထူးကုသဆောင်၊
- night sweats ညချွေးထွက်ခြင်း၊
- nodule အလုံး-အကျိတ်ငယ်၊
- nostrils နှာခေါင်းထိပ်ဖျား၊
- Novocain ထုံဆေးနာမည်၊
- numbing pain ခဲကိုက်ထုံသလိုနာ၊
- numbness ထုံနေခြင်း၊
- nurse practitioner သူနာပြုအလုပ်လုပ်သူ၊
- nurse သူနာပြု၊
- nursery ကလေးငယ်များအား စောင့်ရှောက်ခြင်း၊
- nurse's station သူနာပြုများရှိနေသည့်နေရာ၊
- nursing သူနာပြုစုခြင်း၊
- nutrition အာဟာရ၊
- OB/GYN--Obstetrics/Gynecology သားဖွါး-မီးယပ်၊ (အော့ဖ်စ်တက်ထရစ်) (ဂိုင်နကော်လော်ဂျီ)
- Obesity (အိုဘီစတီ) အဝလွန်ရောဂါ၊
- obesity အဝလွန်ခြင်း၊
- observation စောင့်ကြည့်ခြင်း၊
- obstetrician သားဖွါးပညာရှင်၊
- occupational therapist အလုပ်အကိုင် လုပ်နိုင်စေရန် ရုပ်ပိုင်းဆိုင်ရာ ပြုပြင်ပေးသည့် ပညာရှင်၊
- ointment လိမ်းဆေး၊ ကော်မျက်စဉ်း၊ စေးပြစ်သည့်ဆေး၊
- oncology ကင်ဆာ ပညာ၊
- onset အစပိုင်း၊
- ophthalmology မျက်စိဗေဒ၊
- OR--operating room ခွဲစိတ်ခန်း၊
- orthodontics သွားအထူးကု၊
- osteoporosis အရိုးအားနည်းရောဂါ၊
- OTC--over-the-counter medication ဆေးဆိုင်မှာ ဆေးလက်မှတ်မပါဘဲဝယ်နိုင်သည့်ဆေး၊
- otitis နားရောင်ခြင်း
- otolaryngologist နား-လည်ချောင်းအထူးကု၊
- Outbreak (အောက်ဘရိတ်) နေရာကွက်ကြား၌ ရုတ်တရက်အများအပြား ရောဂါဖြစ်လာခြင်း၊
- outpatient အပြင်လူနာ၊
- ovarian cyst မျိုးဥအိမ် အကျိတ် (အိတ်)
- ovarian pregnancy မျိုးဥအိမ်မှာ သန္ဓေတည်ခြင်း၊
- ovaries မျိုးဥအိမ်၊ ၂ ခုရှိ၍ အများသုံးသည်၊
- overactive bladder လိုတာထက်ပိုလုပ်နေသည့် ဆီးအိမ်၊
- ovulation conception မျိုးဥထွက်ခြင်း၊ သန္ဓေတည်ခြင်း၊
- oxygen အောက်စီဂျင်၊
- pacemaker နှလုံးခုန် မှန်စေရန် လုပ်ပေးသည့် ကရိယာ၊ (ရင်ပတ်မှာ ထည့်ပေးတားသည်)
- pain reliever အနာသက်သာဆေး၊
- palate အာခေါင်၊
- pallor of face မျက်နှာဖြူရော်နေခြင်း၊
- palpitations ရင်တုံခြင်း၊
- pamphlet လက်ကမ်းစာစောင်၊
- pancreas သရက်ရွက်၊
- Pancreatitis (ပန်ကရီရပ်-တိုက်တစ်) သရက်ရွက်ရောင်ရောဂါ၊
- Pandemic (ပင်ဒမစ်) ကမ္ဘာနှင့်ချီ၍ ရောဂါဖြစ်လာခြင်း၊ (ကမ္ဘာ့ကပ်ရောဂါ)
- pap smear သားအိမ်ကင်တာအတွက် သားအိမ်အဝကို သုတ်ယူစစ်ဆေးခြင်း၊
- paralysis လေဖြတ်ခြင်း၊
- paramedics ဆေးတတ်ကျွမ်းသူအကူ၊
- parasitic infection ပါရာဆိုက်ဝင်ခြင်း၊ ဥပမာ သန်ကောင်၊
- Paratyphoid fever (ပါရာ-တိုက်ဖွိုက်) ရောဂါ၊
- patella ဒူးက ဂုံညင်း၊
- patient advocate လူနာရှေ့နေ၊
- PCP--Primary Care Provider အခြေခံကျန်းမာရေး စောင့်ရှောက်ပေးသူ၊
- pediatrician ကလေးအထူးကု၊
- pelvic exam တင်ပါးဆုံနေရာ စမ်းသပ်ခြင်း၊
- Pelvic inflammatory disease (PID) (ပဲလ်ဗစ်-အင်ဖလေမင်ထရီ-ဒီဇိစ်) တင်ပါးဆုံတွင်းအင်္ဂါများရောင်သည့်ရောဂါ၊
- pelvis တင်ပါးဆုံ၊
- penicillin ပနယ်စလင်၊
- penis ကျားလိင်တံ၊
- perianal abscess စအိုဘေး ပြည်တည်နာ၊
- perineum ဆီးပေါက်၊ မွေးလမ်း၊ စအိုတို့ရှိနေသည့်နေရာတဝှိုက်၊
- periodontal disease သွားအထူးကု၊
- Peritonitis (ပယ်ရီတိုနိုက်တစ်) ဗိုက်အမြှေးရောင်ရောဂါ၊
- persistent pain မရပ်မနားနာ၊
- perspire အရေပြားမှ အငွေ့ပြန်ထွက်ခြင်း၊
- Pertussis (Whooping Cough) (ပါကျူးဆစ်) ကြက်ညှာချောင်းဆိုးရောဂါ၊
- pertussis ကြက်ညှာချောင်းဆိုး၊
- PET--positron emission tomography နူကလီယာသုံး ပုံဖေါ်ခြင်း၊
- pharmacist ဆေးဝါးပညာရှင်၊
- phlegm အသက်ရှူလမ်းမှထွက်သောအချွဲ၊
- phobia ကြောက်စိတ်၊
- PID--pelvic inflammatory disease တင်ပဆုံကွင်းအတွင်းအင်္ဂါများရောင်ခြင်း၊ (အမျိုးသမီး)
- pill ဆေးလုံး၊
- pituitary gland ဦးနှောက်ထဲရှိ (ပစ်ကျူထရီ-ဂလင်း) ဟော်မုန်းများထုတ်သည်။
- placenta အချင်း၊
- Plague (ပလိပ်) ပလိပ်ရောဂါ၊
- plaque အပေါ်ယံ အပြားလွှာဖြစ်လာခြင်း။
- pleurisy အဆုပ်အိတ်ထဲအရည်အောင်းခြင်း၊
- Pneumonia (နူမိုးနီးယား) အဆုပ်ခဲသည့်ရောဂါ၊
- poisoning အဆိပ်သင့်ခြင်း၊
- Poli- or Poliomyelitis (ပိုလီယို) အကြောသေရောဂါ၊
- polyuria ဆီးများခြင်း၊
- poor circulation သွေးကောင်းကောင်းမလျှောက်ခြင်း၊
- post-op ခွဲစိတ်အပြီး၊
- postpartum depression ကလေးမွေးပြီး စိတ်ဓါတ်ကျခြင်း၊
- power of attorney ရှေ့နေလိုက်ခွင့်၊
- pre-diabetes stage ဆီးချိုမဖြစ်မီကာလ၊
- prenatal (antenatal) ကလေးမဖွါးမီ၊ ကိုယ်ဝန်ဆောင်ချိန်၊
- pre-op ခွဲစိတ်ခြင်းမပြုမီ၊
- presbyopia အနီးက အရာတွေကို ကောင်းကောင်းမမြင်ခြင်း၊
- prickling pain ဆိတ်သလိုနာ၊
- prognosis တိုးတက်မှု၊
- prostate gland ယောက်ျား ဆီးကျိတ် (ဂလင်း)၊
- prostate ယောက်ျား ဆီးကျိတ်၊
- prosthesis အတု၊ သွားတု၊ ခြေတု၊ လက်တု၊
- psoriasis ရောဂါပြီးစနစ်ကြောင့်ဖြစ်ရသည့် နာတာရှည်အနာ၊
- psychiatrist စိတ်အထူးကု၊
- psychosis စိတ်ရောဂါ၊
- PT--physical therapy ရုပ်ပိုင်း ကုသပေးခြင်း၊
- puffy ဖေါနေခြင်း၊
- pulmonary function test အဆုပ်အလုပ်ကိုစစ်ဆေးခြင်း၊
- pulmonology အဆုပ်ဗေဒ၊
- pulse rate လက်ကောက်ဝတ်သွေးခုန်နှုန်း၊
- pump the stomach အစာအိမ်ဆေးခြင်း၊
- pupil သူငယ်အိမ်၊
- pus ပြည်၊
- pustule ပြည်အိတ်ငယ်၊
- pyorrhea ပြည်ထွက်ခြင်း၊
- pyuria ဆီးထဲပြည်ပါနေခြင်း၊
- quarantine သီးခြားထွဲထားခြင်း၊ သူ့နေရာကို တခြားလူမလာရ၊
- queasy အန်ချင်၊ နေမကောင်းချင်၊
- Rabies (ရေးဘီးစ်) ခွေးရူးပြန်ရောဂါ၊
- radiating pain နာတဲ့နေရာကနေ တခြားဆီမှာဆက်နာ၊
- radiation therapy ဓါတ်ရောင်ခြည်ဖြင့်ကုသခြင်း၊
- radioactive iodine ရေဒီယိုဓါတ်ကြွ အိုင်အိုဒင်း၊
- radiography ဓါတ်မှန်ရိုက်ခြင်း၊
- radiology ဓါတ်မှန်ပညာ၊
- rash အနီပြင်၊
- RBC--red blood count သွေးနီဥအရေအတွက်၊
- rectal exam စအိုလမ်းစမ်းသပ်ခြင်း၊
- rectum အစာဟောင်းအိမ်၊
- red blood cells သွေးနီဥ၊
- rehabilitation ပြန်လည်နလံထစေရန်ပြုစုခြင်း၊
- relapse ပြန်ဖြစ်ခြင်း၊
- renal failure ကျောက်ကပ် အလုပ်မလုပ်နိုင်တော့ခြင်း၊
- replicate အတူပွါးခြင်း၊
- resection ခွဲစိတ်ဖြတ်ထုတ်ခြင်း၊
- resistance ခုခံခြင်း၊ ဆေးမတိုးခြင်း၊
- respiration အသက်ရှူခြင်း၊
- retina မျက်စိအတွင်းမြင်လွှာ၊ (ကင်မရာ အရုပ်ထင်သည့် ဖလင်နေရာ)
- retinal detachment မျက်စိမြင်လွှာကွာခြင်း၊
- retinitis မျက်စိမြင်လွှာရောင်ခြင်း၊
- RH factor အာရ်အိတ်ခ်ျ-ဖက်တာ၊ သွေးအုပ်စု စစ်လျင် ရှိသူ-မရှိသူ၊
- Rheumatic fever (ရူမက်တစ်-ဖီဗာ) အဆစ်ရောင်အဖျားရောဂါ၊
- Rheumatic heart disease (ရူမက်တစ်) နှလုံးရောဂါ၊
- rheumatism ရူမက်တစ် အဆစ်နာရောဂါ၊
- Rheumatoid arthritis (ရူမက်တစ်-အာသရိုက်တစ်) အဆစ်ရောင်ရောဂါ၊
- rheumatoid arthritis ရူမက်တစ် အဆစ်နာခြင်း၊
- rheumatoid factor test ရူမက်တစ် အဆစ်နာရောဂါ ရှိ-မရှိစစ်ခြင်း၊
- rhinitis နှာစေးခြင်း၊
- ribs နံရိုးများ၊
- Rickets (ရစ်ကက်) ဗီတာမင်ဒီ နဲသည့်ရောဂါ၊
- ringing in the ears နားထဲ တဝီဝီမည်နေခြင်း၊
- ringworm ပွေး၊
- risk factors အန္တရာယ်ရှိသည့်အချက်၊
- risk အန္တရာယ်၊
- RN--registered nurse မှတ်ပုံတင်ထားသည့် သူနာပြု၊
- root canal သွားပေါက်သည့်အခေါင်း၊
- roseola ကလေးငယ်များတွင်ဖြစ်သော ဗိုင်းရပ်စ် အဖျားရောဂါ၊
- rubdown ပွတ်သပ်ချခြင်း၊
- Rubella (ရူဘဲလား) ဂျာမန်ဝက်သက်ရောဂါ၊
- rubella ရူဘဲလား၊ ဂျာမန်-ဝက်သက်ရောဂါ၊
- runny nose နှာရည်ယိုခြင်း၊
- rupture ကွဲထွက်ခြင်း၊ (ဥပမာ သားအိမ် ကွဲခြင်း)
- saliva တံတွေး၊ သွားရည်၊
- sample နမူနာ၊
- sarcoma ဆာကိုးမား၊ ကင်ဆာ၊
- Scabies (စကေးဘီးစ်) ဝဲ၊ ယားနာရောဂါ၊
- scaly/dry ခြောက်သွေ့၊
- scapula စကက်ပြူလာ၊ လက်မောင်းနောက်က သုံးဒေါင့်ပုံအရိုး၊ လက်ပြင်၊
- scar အမာရွတ်၊
- scarlet ဝါနေခြင်း၊
- schizophrenia စကစ်ဇိုဖရီးနီးယား စိတ်ကစင့်ကလျားဖြစ်ရောဂါ၊
- sciatica ပေါင်နောက်ကနေ အောက်ဘက်ဆင်းနာသည့်ရောဂါ၊
- sclera မျက်စိ အဖြူရောင်နေရာ၊
- scoliosis ကိုယ်-ခါး တခြမ်းစောင်းနေသည့်ရောဂါ၊
- scorpion ကင်းမလက်မဲ၊ ကင်းမြီးကောက်၊
- scratches ခြစ်ကုပ်ရာများ၊
- screening test ရောဂါစစ်ထုတ်ရန် စစ်ဆေးခြင်း၊
- scrotum ယောက်ျား ကပ်ပဲ့အိပ်၊
- Scurvy (စကာဗီ) ဗီတာမင်စီနည်းသည့် ရောဂါ၊
- secretion စစ်ထုတ်ရည်၊
- sedative အိပ်စေ-ငြိမ်စေသည့်ဆေး၊
- seizure တက်ခြင်း၊
- semen သုတ်ရည်၊
- Sepsis (ဆက်ပဆစ်) ပိုးဝင်ခြင်းရောဂါ၊
- serology သွေး (ခဲပြီးနောက်ထွက်သည့် စီရမ်) ကိုလေ့လာဖြင်း၊
- serum သွေးပြန်ရည်၊ (သွေးခဲပြီးနောက် ဖြစ်လာသည့် အရည်)၊
- sexually transmitted လိင်ကတဆင့်ကူးစက်ခြင်း၊
- sharp pain စူးရှနာ၊
- shin ခြေသလုံးရှေ့၊ ညိုသကြီး၊
- Shock (ရှော့ခ်) ရောဂါ၊
- shooting pain ထိုးနာ၊
- shortness of breath အသက်ရှူမဝခြင်း၊
- shoulder blade လက်မောင်းနောက်က သုံးဒေါင့်ပုံအရိုး၊ (စကက်ပြူလာ)၊
- sickle cell anemia ဆစ်ကယ်လ်-ဆဲလ် သွေးအားနည်းရောဂါ၊
- sickle cell disease ဆစ်ကယ်လ်-ဆဲလ် ရောဂါ၊ (ပုံမှန်မဟုတ်သော သွေးနီဥ)
- sickle cell screen ဆစ်ကယ်လ်-ဆဲလ် ရောဂါ စစ်ဆေးခြင်း၊
- sickle cell trait ဆစ်ကယ်လ်-ဆဲလ် ရောဂါမျိုး၊ (လက္ခဏာမပေါ်သည့်)
- side effects ဘေးထွက်-ဆိုးကျိုးများ၊
- SIDS--sudden infant death syndrome ရုတ်တရက် ကလေးငယ်သေဆုံးရသည့် လက္ခဏာအစုအဝေး၊
- sigmoidoscopy (ဆစ်ကမွိုက်) အူမကြီးထဲ ကရိယာထည့်စစ်ဆေးခြင်း၊
- sinus blood-spitting သွေးထွက်သည့် ဆိုင်းနပ်စ် (နှာခေါင်း) ရောဂါ၊
- sinus cavity (ဆိုင်းနပ်စ်) အခေါင်းလေး၊ ဦးခေါင်းခွံထဲတွင်ရှိနေသော အခေါင်း၊
- sinuses (ဆိုင်းနပ်စ်) အခေါင်းလေးများ၊
- sitz-baths ခပ်နွေးနွေးပူသည့်ရေထဲ စိမ်ထားခြင်း၊ (အမျိုးသမီးများ)၊
- skull ဦးခေါင်းခွံ၊
- sleep apnea အိပ်ပျော်နေစဉ် အသက်ရှူမမှန်ဖြစ်ခြင်း၊
- slight pain နဲနဲလေးနာ၊
- sling အသိုင်း၊
- slit lamp exam မျက်စိစမ်းသပ်သည့် ကရိယာ၊
- small intestine အူသိမ်၊
- Smallpox (Variola) (စမောလ်-ပေါက်စ်) ကျောက်ကြီးရောဂါ
- smallpox ကျောက်ကြီးရောဂါ၊
- social worker လူမှုရေးလုပ်သူ၊
- sonogram ဆိုနိုဂရမ်၊ (အာလ်ထွာဆောင်း တမျိုး)၊
- sore pain အနာနာသလိုနာ၊
- sore throat လည်ပင်းနာ၊
- sore အနာ၊
- spasm ညှစ်ခြင်း၊ ညှစ်၍နာခြင်း၊
- speculum ကြည့်ရှုစစ်ဆေးရန် အင်္ဂါထဲထိုးထည့်ရသည့်ကရိယာ၊ နှာခေါင်း၊ မွေးလမ်း၊
- spermicide သုတ်ပိုးသေဆေး၊
- spicy foods ပူစပ်သည့်အစားအစာ၊
- spinal cord ခါးရိုးမကြီးထဲရှိ အာရုံကြောကြီး၊
- spinal fluid ခါးရိုးမကြီးထဲရှိ အာရုံကြောအရည်၊
- spinal test ခါးရိုးမကြီးထဲရှိ အာရုံကြောအရည်ကို စမ်းသပ်ခြင်း၊
- spirometry အသက်ရှူခြင်းအား စစ်ဆေးခြင်း၊
- spit တံတွေး ထွေးခြင်း၊
- spleen ဘေလုံး၊ (ဗိုက် ဘယ်ဘက် အထက်နားရှိသည်)၊
- splint တည့်မတ်-ငြိမ်စေရန် အခုအခံ၊
- splinter ကွဲထွက်လာသည့် အပိုင်းအစ၊
- spontaneous abortion အလိုလို ကိုယ်ဝန်ပျက်ခြင်း၊
- sprain ထိခိုက်၍ နာခြင်း၊ (မကျိုး-မလွဲ)
- sputum သလိပ်၊
- squint မျက်စိစွေခြင်း၊
- STD--sexually transmitted disease လိင်ကတဆင့် ကူးစက်ရောဂါ၊
- sterilization ပိုးသန့်အောင်လုပ်ခြင်း၊ ကလေးမရတော့အောင်လုပ်ခြင်း၊
- sternum ရင်ညွန့်ရိုး၊
- steroid စဆီရွိုက်ဆေး၊
- stethoscope နားကြပ်၊
- stiffness တောင့်တင်းနေခြင်း၊
- stillbirth ကလေးအသေမွေး၊
- sting အကောင် အဆိပ်၊
- stomach virus အစာအိမ် ဗိုင်းရပ်စ်၊
- stool softener ဝမ်းပြော့ဆေး၊
- stool specimen စစ်ဆေးရန် ဝမ်းနမူနာ၊
- strep throat လည်ချောင်းနာ၊ (စထွက်ပ် ပိုးကြောင့်ဖြစ်)
- stress test ခံနိုင်အားစမ်းခြင်း၊
- stretcher လူနာထမ်းစဉ်၊
- striations of pregnancy ကိုယ်ဝန်ကြောင့်ဖြစ်သော ဗိုက်အစဉ်းကြောင်းများ
- stroke ဦးနှောက် သွေးမလျောက်သဖြင့် လေဖြတ်ခြင်း၊
- sty မျက်စိစွန်ခြင်း၊
- sublingual tablet လျှာအောက်ငုံထားရသည့်ဆေးပြား၊
- sunburn နေလောင်ခြင်း၊
- suppository စအိုထဲထည့်ရသည့်ဆေး၊
- surgeon ခွဲစိတ်ဆရာဝန်၊
- surgery ခွဲစိတ်ပညာ၊
- swollen ဖေါင်း-ရောင်ခြင်း၊
- symptomatic ရောဂါလက္ခဏာနှင့်ဆိုင်သော၊ (ရောဂါလက္ခဏာကို သက်သာသည့်ဆေး)
- symptoms ရောဂါလက္ခဏာများ၊
- synthetic thyroid hormone (levothyroxine) ဓါတ်ခွဲခမ်းတွင်တည်ဆောက်ထားသည့် လည်ပင်းကြီးဟော်မုန်း၊
- Syphilis (ဆစ်ဖလစ်) ရောဂါ၊
- syringe ဆေးထိုးပိုက်၊
- tampons (ရာသီလာစဉ်) မွေးလမ်းထဲထည့်ထားရသည် ပစ္စည်း၊
- Tapeworm infection (တိပ်-ဝမ်း-အင်ဖက်ရှင်) တိပ်ပြားသံကောင် ရောဂါ၊
- tapeworm တပ်ပြားပုံ သန်ကောင်၊
- TB--tuberculosis တီဘီ၊ (ကျူဘာကူလိုဆစ်)၊
- tearing pain ဆုပ်ဖြဲသလိုနာ၊
- temple နားထင်၊
- tender နာသော၊ ဖိ-ထိမှ နာခြင်း၊
- tendonitis ကြွက်သားချောင်း ရောင်ခြင်း၊ (ကြွက်သား အဖျားနေရာ)၊
- tendons ကြွက်သား အဖျားနေရာ၊
- tennis elbow တင်းနစ်ကစားရာမှ ဖြစ်သော တံတောင်ဆစ်နာ၊
- test strip စမ်းသပ်သည့်အပြား-အချောင်း၊
- Tetanus (တက်တဲနပ်စ်) မေးခိုင်ရောဂါ၊
- Thalassaemia (သာလာဆီးမီးယား) သွေးအားနဲရောဂါ၊
- thermometer အပူချိန်တိုင်းကရိယာ၊
- thigh ပေါင်၊
- thorax ရင်ခေါင်း၊
- throat လည်ချောင်း၊
- throbbing pain အနာကိုက်သလိုနာ၊
- thrombosis သွေးခဲပိတ်ခြင်း၊
- Thrush (Candidiasis) (ဿရာရှ်) မှက်ခရုရောဂါ၊
- thumb လက်မ၊
- thyroid သိုင်းရွိုက်၊ လည်ပင်းအကျိတ်၊
- tick မှက်၊
- tingling ကျင်ခြင်း၊
- tinnitus နားထဲအသံတွေကြားနေခြင်း၊
- tiredness မောပန်းခြင်း၊
- tissue တစ်ရှူး၊ ဆဲလ်အစုအဝေး၊
- t- advise အကြံပေးရန်၊
- t- discharge ဆင်းရန်၊ (ဆေးရုံမှ)
- t- fast အစားမစားစေရန်၊
- t- metabolize ဇီဝဖြစ်စဉ်ဖြစ်စေရန်
- t- prescribe ဆေးညွှန်းပေးရန်၊
- t- refer တခြားသို့ လွဲပေးရန်၊
- t- sweat ချွေးထွက်စေရန်၊
- tonsillitis အာသီးရောင်ခြင်း၊
- tonsils အာသီး၊ (၂ ခုရှိသဖြင့်)၊
- tooth decay သွားပိုးစားခြင်း၊
- tourniquet သွေးမလျှောက်စေရန် စည့်ပေးသည့်ကြိုးစသည်၊
- toxemia အဆိပ်သွေးထဲဝင်ခြင်း၊
- trachea လေပြွန်မကြီး၊
- Trachoma (ထွက်ကိုးမား) မျက်ခမ်းစပ်ရောဂါ
- traction ဆွဲပေးခြင်း၊
- tranquilizer စိတ်ငြိမ်ဆေး၊
- transfusion သွေးသွင်းခြင်း၊
- transplant အစားထိုးလဲပေးခြင်း၊
- treatment plan ကုသမည့်အစီအစဉ်၊
- trichomonas ထွိုင်ကိုမိုးနပ်စ်၊ အမျိုးသမီးမွေးလမ်းရောဂါ၊
- tubal ligation နောက်ထပ်ကလေးမရစေရန် သားအိမ်ပြွန်ကို ခြည်ပေးခြင်း၊
- tubal pregnancy သားအိမ်ပြွန်ထဲ သန္ဓေတည်ခြင်း၊
- tubal rupture သားအိမ်ပြွန် ပေါက်ထွက်ခြင်း (သားအိမ်ပြွန်ထဲ သန္ဓေတည်ရာမှဖြစ်)
- tuberculin test ကျူဘာကူလင် စမ်းသပ်နည်း (တီဘီ ရှိ-မရှိ)
- Tuberculosis (ကျူဗာကူလိုးဆစ်) တီ၊ ဘီ၊ရောဂါ၊
- tuberculosis ကျူဘာကူလိုးဆစ် = တီဘီ၊
- Tucks ဒူးကွေး၊ ပေါင်ကွေး၊ ရင်ပတ်နှင့်ထိထားခြင်း၊
- tumor အလုံး-အကျိတ်၊ (ကင်တာ နှင့် ကင်ဆာ မဟုတ်)၊
- tunnel vision မျက်စိက လှိုင်းခေါင်းကနေမြင်ရသလိုသာ မြင်ရခြင်း ကျဉ်းကျဉ်းလေးသာ မြင်ရခြင်း၊
- type-II diabetes ဆီးချိုးအမျိုးအစား ၂၊
- typhoid fever တိုက်ဖွိုက်၊ အူရောင်ငန်းဖျား၊
- ulcer အာလ်ဆာ = အနာ၊
- ultrasound (အာလ်ထွာဆောင်း)၊
- umbilical cord ချက်ကြိုး၊
- umbilical hernia ချက်စူ၊ ချက်မှ အူကျွံခြင်း၊
- undernourished အာဟာဓါတ် မပြည့်ဝသော၊
- Uremia (ယူရီးမီးယား) ကျောက်ကပ်အလုပ်မလုပ်နိုင်တော့သည့်ရောဂါ၊
- uremia ဆီးထဲသွေးပါ၊
- ureter (ယူရီတာ) ဆီးပြွန် (ကျောက်ကပ်နှင့် ဆီးအိမ်ကြား)
- urethra (ယူရီသရာ) ဆီးထွက်ပြွန်၊
- urethra testicles ဆီးထွက်ပြွန်၊ ကျားအစိ၊
- urethritis (ယူရီသရိုက်တစ်) ဆီးထွက်ပြွန်ရောင်ခြင်း၊
- uric acid ယူရစ်-အက်စစ်၊ (ဂေါက်ရာဂါရှိသူမှာ များနေသည်)၊
- urinalysis ဆီးကိုစစ်ဆေးခြင်း၊
- urinary urgency ဆီးလမ်းအရေးပေါ်၊ ဆီးအတင်းသွားချင်နေခြင်း၊
- urologist ဆီးရောဂါအတူးကု၊
- urology ဆီးရောဂါပညာ၊
- Urticaria (အာတီကေးရီးယား)(အလာဂျီ) ဖြစ်၍အရေပြားယားယံသည့်ရောဂါ၊
- urticaria အာတီကေးရီးယား၊ ယားသည့်အနီပြင်ထွက်ခြင်း၊
- uterine cramps သားအိမ်ကနာခြင်း၊
- uterine rupture သားအိမ်ကွဲသွားခြင်း၊
- uterus သားအိမ်၊
- UTI--urinary tract infection ဆီးလမ်းကြောင်းပိုးဝင်ခြင်း၊
- UVA--ultraviolet treatment ခရမ်းလွန်ရောင်ခြည်ဖြင့်ကုသခြင်း၊
- uvula ယူဗြူလာ၊ ပါးစပ်ဟလျင် မြင်ရသည် အထက်မှကျနေသော ပန်းနီရောင် အသားစ၊
- Vaccination (ဘက်ဆီနေးရှင်း) ကာကွယ်ဆေးထိုးခြင်း၊
- vaccine ကာကွယ်ဆေး၊
- vagina ဗဂျိုင်းနား၊
- vaginal discharge ဗဂျိုင်းနားမှ တခုခုဆင်းခြင်း၊
- vaginal dryness ဗဂျိုင်းနား ခြောက်သွေ့နေခြင်း၊
- vaginal lubricant ဗဂျိုင်းနားသုံး ချောဆီ၊
- varicose veins သွေးပြန်ကြောထုံးခြင်း၊
- vasectomy ယောက်ျား သားကြောဖြတ်ခြင်း၊
- vein သွေးပြန်ကြော၊
- veneer crown သွားပြုပြင်ခြင်း၊
- venereal disease ကာလသားရောဂါ၊
- ventricle နှလုံးအောက်ခန်း ၂ ခု၊
- vertebra ခါးရိုး၊
- virus ဗိုင်းရပ်စ်၊
- vision အမြင်၊
- visiting nurse တခြားနေရာမှာ လာသည့်သူနာပြု၊
- visual fields exam မျက်စိမြင်အားစမ်းသပ်ခြင်း၊
- vital signs (pulse, blood pressure, temperature, heart rate) အရေးအကြီးဆုံးလက္ခဏာများ၊ လက်ကောက်ဝတ်သွေးခုန်ခြင်း၊ သွေးဖိအား၊ အပူချိန်၊ နှလုံးခုန်နှုန်း)၊
- vitamin ဗီတာမင်၊
- vocal cord အသံဖြစ်စေသည့် အကြော၂ ခု၊
- volvulus အူတခုနှင့် တခုလိမ်ပိတ်နေခြင်း၊
- vomit အန်၊
- wart ကြွက်နို့၊
- Warts (ဝတ်) ကြွက်နို့ရောဂါ၊
- watery eyes မျက်ရည်ကျနေသည့်မျက်စိ၊
- WBC--white blood count သွေးဖြူဥအရေအတွက်၊
- wean နို့ဖြတ်၊ ဆေးဖြတ်၊
- weight loss ကိုယ်အလေးချိန်ကျခြင်း၊
- welfare သာရေး-နာရေး၊
- wheals အလာဂျီရသဖြင့် အရေပြားအဝိုင်းဖြစ်လာဖြင်း၊
- wheelchair ဘီးတပ်ကုလားထိုင်၊
- wheezing ကြပ်နေသည့် အသက်ရှူသံ၊ ဥပမာ ပန်းနာ၊
- whistling noise လေချွန်သံ၊
- white blood cells သွေးဖြူဥ၊
- whooping cough ကြက်ညှာချောင်းဆိုး၊
- windpipe လေပြွန်၊
- wisdom tooth အံဆုံး၊
- withdrawal ပြန်နုတ်သည်၊ ဆွဲနုတ်သည်၊ ရုပ်သိမ်းသည်၊
- womb သားအိမ်၊
- work-related injury အလုပ်လုပ်ရင်းရသည့် ဒဏ်ရာ၊
- wound အနာ-ဒဏ်ရာ၊
- wrist လက်ကောက်ဝတ်၊
- x-rays ဓါတ်မှန်၊
- yeast infection (ရိစ်) မှိုပိုးဝင်ခြင်း၊

Medical abbreviations ဆေးပညာသုံး အတိုကောက်စာလုံးများ http://doctortintswe.blogspot.com/2014/11/medical-abbreviations.html
Medical vocabulary ဆေးစာ ဝေါဟာရများ http://doctortintswe.blogspot.com/2014/11/medical-vocabulary.html
ဆေးစာ ဝေါဟာရများ Medical vocabulary http://doctortintswe.blogspot.com/2015/12/medical-vocabulary.html

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး