Nose Plastic Surgery နှာခေါင်း လှချင်သူ

ဆရာ Nose plastic surgery လုပ်ရင် ဆိုးကျိုးတွေရှိလားဆရာ။

• နှာခေါင်းကို အမေမွေးတဲ့အတိုင်း မဟုတ်ဘဲ၊ ကိုယ်လိုချင်သလို ပြုပြင်ပေးနည်းကို ဆေးစာနဲ့ Rhinoplasty လို့ ခေါ်တယ်။ Nose job လို့လဲ ခေါ်တယ်။
• သေးနေလို့ ကြီးချင်၊ ကြီးနေတာ သေးချင်၊ လန်နေတာ-ကောက်နေတာ ဘာဖြစ်နေနေ စိတ်ကြိုက်ရအောင် ခွဲစိတ်ပြုပြင်တာ ဖြစ်တယ်။
• လျှောက်လွှာ တင်ရင် -
- ကိုယ်ခံကျန်းမာရေး ကောင်နေရမယ်၊
- စိတ်ကျန်းမာရေး ကောင်နေရမယ်၊
- ဖြစ်နိုင်တာကိုသာ မျှော်မှန်းသူလဲ ဖြစ်ရမယ်။
• စံပြလူနာဆိုတာ -
- မိန်းကလေး ၁၅-၁၆ နှစ်၊ အရင်တခါမှ ဒီလိုမခွဲစိတ်ရသေးသူ။
- ယောက်ျားလေး ၁၇-၁၈ နှစ်၊ အရင်တခါမှ ဒီလိုမခွဲစိတ်ရသေးသူ။
- ခွဲပြီးနောက် အားကစားလိုမျိုးလုပ်ဘို့ နားနေနိုင်သူ။
• မွေးရာပါချို့ယွင်းနေသူတွေဟာလဲ လက်ရွေးစဉ်လူနာတွေ ဖြစ်ကြတယ်။
• နှာခေါင်းဟာ ယောက်ျား-မိန်မ မတူတာတွေ ရှိလို့ Rhinoplasty for Men ဆိုပြီး သပ်သပ်ရှိတယ်။
• Ethnic Rhinoplasty ဆိုတာ လူမျိုးအရ သတ်မှတ်ချက်နဲ့ ညီစေအောင် ပြုပြင်တာကို ခေါ်တယ်။
• Non-surgical မခွဲစိတ်ဘဲ ဆေးထိုးနည်းနဲ့ ပြုပြင်တာလဲ ရှိပါသေးတယ်။ Facial filler ခေါ်တယ်။
• အဆိုတော် ဖြစ်နေရင် အသံကို ပြောင်းစေနိုင်တယ်။
• မခွဲခင် Computer imaging နည်းနဲ့ လုပ်ပြတာ ကြိုတင်သိထားနိုင်တယ်။
• နှာခေါင်း ပြုပြင်တာဟာ Minor သာမန်အဆင့် Plastic surgery သာဖြစ်တယ်။
• ဘယ်ခွဲစိတ်နည်းမှာမဆို Complications နောက်ဆက်တွဲ ဖြစ်လာနိုင်တာတွေ မကင်းကြပါ။
- Infection ပိုးဝင်တာ၊
- Nosebleed သွေးယိုတာနဲ့
- Anesthesia မေ့ဆေးဒဏ်တွေသာ ဖြစ်ပါမယ်။
• မေ့ဆေး၊ ထုံဆေး၊ ငြိမ်ဆေးတွေ သုံးနိုင်တယ်။
• ခွဲနည်း ၂ မျိုး Closed approach နဲ့ Open approach ရွေးရတယ်။
• အပေါ်က အရေပြားကို အောက်ခံ ပုံဖေါ်ပေးထားတဲ့ အရိုးနဲ့ အရိုးနုတွေကနေ ခွါထုတ်ရတယ်။ ပြုပြင်မယ်။
• ပုံမှန်ဆိုရင် ခွဲစိတ်ရတာ ၂-၃ နာရီ ကြာတတ်ပါတယ်။
• ခွဲတဲ့နေ့နဲ့ ၂၄ နာရီအတွင်း ခေါင်းကိုက်မယ်၊ နာကျင်မယ်၊ မျက်နှာဖေါင်းနေမယ်။
• ၂ ရက်ဆိုရင် ထနိုင်၊ လျှောက်နိုင်ပါပြီ။ အလှအပတွက် ခွဲစိတ်ရသူတိုင်း နလံထ အချိန်ပိုယူကြရပါတယ်။
• လိုအပ်သူတွေဆိုရင် Chin augmentation မေးရိုးပြင်တာနဲ့ တွဲရတယ်။
• Chin မေးရိုး၊ Cheekbone ပါရိုး၊ အစားထိုတာလဲ လုပ်ချင်လုပ်ဘို့ လိုနိုင်တယ်။
• အနာကို (တိပ်) နဲ့ ၇ ရက်ကပ်ထားမယ်။
• သာမန်အလုပ်မျိုးကို ၃-၄ ရက်အတွင်း ပြန်လုပ်နိုင်မယ်။ ခေါင်းပိုင်ကို အမြင့်မှာ အတတ်နိုင်ဆုံး ထားရမယ်။
• မျက်စိနားတဝှိုက် ရောင်ပြီး ညိုပြာပြာဖြစ်နေတာတွေ ၁ဝ ရက်ဆိုပျောက်ပြီ။ အအေးကပ်ပေးတာ သက်သာစေမယ်။
• အခုအခံ တပ်ပေးထားတာပါရင် ၃-၅ ရက်မှာဖြုတ်ပေးမယ်။
• ၅-၇ ရက်မှာ ချုပ်ရိုးဖြေတယ်။
• ၂ ပါတ်ဆိုရင် အရောင်တွေ ပုံမှန်ဖြစ်ပြီ။
• နှာခေါင်းကို မထိဘို့၊ နှပ်မညှစ်ဘို့ ၂ ပါတ် သတိထား ထိန်းရအုံးမယ်။
• နေကာမျက်မှန်ကို (တိပ်) နဲ့ ကပ်ပေးထားချင်ထားမယ်။ ထုံနေတဲ့နေရာ ရှိနေနိုင်တယ်။
• ခွဲပြီးပြီးချင်း စိတ်တိုင်ကျ တခါထဲ ဖြစ်ချင်မှ ဖြစ်မယ်။ ရောင်နေအုံးမယ်။ ၃ လ ဒါမှမဟုတ် ၁-၂ နှစ်ကြာမှ အကဲဖြတ်တာ အမှန်ဆုံးဘဲ။
• နှာခေါင်းဆိုတာ မျက်နှာမှာ အသိသာ အထင်ရှားဆုံး နေရာဖြစ်လို့ နဲနဲလေး ပြုပြင်တာကိုက သိသာတယ်။
• နှာခေါင်းပြုပြင်တာနဲ့အတူ အနေအထိုင်၊ အမူအယာ၊ အသုံးအဆောင်၊ အဝတ်အစားကအစ အသစ်ပြုပြင်နိုင်တာ ပိုကောင်းတယ်။
• နာမည်ကြီးတွေထဲက Ashlee Simpson, Britney Spears, Halle Berry, Marylin Monroe, Salma Hayek, Winona Ryder တို့ဟာ Nose job လုပ်ထားသူတွေ ဖြစ်ကြတယ်။
• Taylor Armstrong ကတော့ Dermal fillers ဆေးထိုးပြီး နှာခေါင်းလှအောက် လုပ်ထားတယ်။

Dr. တင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး