November 2014 နိုဝင်္ဘာမှာ မှတ်စရာ

အမေရိကန်သမတ ‘အိုဘားမား’ ပြောခဲ့တာတခုရှိတယ်။ ‘ဟိုက်ဘရစ်’ ကားဖြစ်ဖြစ်၊ ‘အက်စ်ယူဗီ’ ကား ဖြစ်ဖြစ်၊ ဘယ်ကားကိုပဲမောင်းနေနေ ဂရုစိုက်မနေပါ။ ချောက်ကမ်းပါးဆီ ဦးတည်နေတယ်ဆိုရင်တော့ ဦးတည်ရာကို ပြောင်းရပါလိမ့်မယ်။ ဒါဟာ အမေရိကန်ပြည်သူတွေက နိုဝင်္ဘာလမှာ ပြောလိုက်တဲ့စကားပါပဲ။ အဲတာကို ကျွန်တော်တို့က ဖြည့်ဆီးမှာပါ။ သူသမတဖြစ်လာခဲ့တဲ့ နိုဝင်္ဘာလကိုရည်ညွှန်းပြီး ပြောတာပါ။ သူလဲ သက်တမ်းကုန်ကာနီးပြီ။

မြန်မာပြည်မှာ သက်တမ်းကုန်ကာနီးသူတွေက နိုဝင်္ဘာထဲမှာ ဘယ်လိုပြောကြတာကို ကြားခဲ့ကြရပါပြီလဲ။ ‘ထော်လာဂျီ’ စီးပြီး တိုင်းပြည်ကြီးကို လက်ရှိလမ်းကြောင်းအတိုင်းသာ ဦးတည်သွားနေအုံးမယ်လို့ ပြောနေကြတယ်။ မြန်မာပြည်ဘယ်ဆီဦးတည်နေပါသလဲ။ ချောက်တွင်းထဲက မတက်နိုင်သေးပါ။ လှည်းကြမ်းနဲ့ဖြစ်ဖြစ် ဖြတ်ကျော်တက်ကြမယ်။ အားတင်းပါ၊ နွားတွေသန်၊ လူတွေဥာဏ်သုံးပါ။ ကံသုံးပါးအားကိုးပါ။

ဒေါက်တာတင့်ဆွေ
၂၅-၁၁-၂ဝ၁၄

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး