Poverty eradication ဆင်းရဲကြ၏၊ ဆင်းရဲပါသလား

• ကနေ့ ‘ဖေ့စ်ဘွတ်’ မှာ တောဈေးသည်တွေ ဈေးရောင်းနေတဲ့ပုံတွေ တွေ့ရပါတယ်။ ချမ်းချမ်းစီးစီး ရှမ်းအမျိုးသမီးတွေက လိမ်မော်သီးကို မတ်တတ်ရပ်ပြီးရောင်းနေကြတယ်။ ရွာရိုးကိုးပေါက် ရောက်တတ်ရာရာ ကျေးရွာထွက်ကုန်တွေကို တောသူမကြီးငယ်တွေက မြေပေါ်ဖင်ထိုင်ချပြီးရောင်းနေကြတယ်။
• သူများတိုင်းပြည်ကြီးတွေမှာလဲ ‘ဖါးမားမားကက်’ ဆိုတာရှိပါတယ်။ အများဆုံးကတော့ ‘ဆူပါမားကက်’ တွေမှာ သွားဝယ်ကြရတယ်။ သူများတွေဆီက ဈေးရောင်းချပုံခန်းနား ဆန်းပြားတာတွေတော့ ထူးမပြောချင်ပါ။
• သတင်းထဲမှာ “ဆင်းရဲမွဲတေမှုပပျောက်ရေး” ဆိုတာလဲ ဖတ်ရတယ်။ ‘ဆူပါမားကက်’ တွေပေါ်လာလဲ ဆင်းရဲမှု ပျောက်မှာ မဟုတ်သေးပါ။ ဝန်ထမ်းတွေ၊ အမတ်တွေ လစာတိုးပေးမဲ့ဟာကလဲ ဆေးမီးတိုထပ်ပေးတာသာ ဖြစ်တယ်။
• ရှမ်းမတွေ၊ တောသူမတွေကနေ ပဒေသာပင်စိုက်ချင်ပေမဲ့ မျိုးစေ့မရှိပါ။ မျိုးရအုံးတော့ မိုးမှန်မှသာ အပင်ပေါက်မယ်။ မိုးလေမှန်ချင်ရင် မင်းကောင်းမှဖြစ်သတဲ့။
• ဆင်းရဲမှုပျောက်ဖို့ရာ မင်းဆိုးတွေ ဆင်းပေးရဲမှသာဖြစ်ပါလိမ့်မယ်။

ဒေါက်တာတင့်ဆွေ
၂၅-၁၁-၂ဝ၁၄
Photo by Sai Zaw Min and Sein Win

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး