မြန်မာနိုင်ငံသားတွေ ဘယ်မှာနေနေ ကျန်းမာကြပါစေ

Photo taken on 19-11-2011 by an Indian photo-journalist at Yamuna Clinic
This Blog is created on 10th October 2014

How to ask ကျန်းမာရေးနဲ့ ဆေးပညာ မေးလိုတာရှိပါက

• ဖေ့စ်ဘွတ် ကွန်မင့်ကနေ မမေးပါနဲ့။
• ဖြစ်တဲ့သူရဲ့ ကျား-မ နဲ့ အသက်ကို အရင်ဆုံးရေးပါ။ နာမည် မလိုအပ်ပါ။
• ဖြစ်နေတာ ၁-၂-၃။ ဖြစ်တာဘယ်လောက်ကြာပြီ။ လိုအပ်ရင် ရာသီ၊ အိမ်ထောင်ရေး၊ ကျန်းမာရေးနောက်ခံ၊ နေတဲ့တိုင်းပြည်။ တိုတိုရှင်းရှင်းသာရေးပါ။
• ဆေးစစ်ချက်တွေနဲ့ ပုံတွေကို အတည့်ပို့ပါ။ လိုတာကိုသာပို့ပါ။ အာလ်ထွာဆောင်းမှာ ပုံမလိုပါ။ မှတ်ချက်သာလိုတယ်။
• SMS အရေးအသားမျိုးကို မဖတ်တတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဖုန်းဆက်ပြီးမေးရင် အချိန်ဇုန်မတူတာရော၊ အသံထွက်လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။
• မေးတဲ့သူက မိမိကိုယ်မိမိ သား-သမီးလို့မရေးပါနဲ့။ ဖြေမယ့်ဆရာဝန်ကို ဆရာလို့သာသုံးပါ။
• ဆေးရုံ-ဆေးခန်း-ဆရာဝန်-ဆေးဆိုင်-ဆေးဈေး-ကုန်ကျစရိတ် စတာတွေကို မသိပါ။
• မေးစရာနေရာ (၁) အီးမေးလ် doctortintswe@gmail.com (၂) ဖေ့စ်ဘွတ် https://www.facebook.com/tint.swe.dr (၃) ဖေ့စ်ဘွတ် https://www.facebook.com/drtintswe/
• မေးနည်းစည်းကမ်းအရ မမေးလိုသူများ http://doctortintswe.blogspot.com/ Dr. Tint Swe's Writings မှာ ရှာဖတ်နိုင်ကြပါတယ်။

Sunday, December 18, 2016

RPOC အတွင်းမှာ အချင်းကျန်နေခြင်း

• ဆရာခင်ဗျား ကျွန်တော်က ၃၈ နှစ်ပါ။ ကျွန်တော့်ဇနီးက ၃၅ နှစ်ပါ။ အိမ်ထောင်ကျတာ နှစ်လပဲ ရှိပါသေးတယ်။ အိမ်ထောင်သက် တလကျော်မှာ ဇနီးသည်ရာသီသွေးမဆင်းတော့လို့ ပြင်ပဆေးဆိုင်ကဝယ်လာတဲ့ ကိုယ်ဝန်ရှိ/မရှိ ဆီးစမ်းပစ္စည်းနဲ့ ကျွန်တော့်ဇနီးကို ဆီးစစ်ကြည့်ရာမှာ ကိုယ်ဝန်ရှိကြောင်း အဖြေပြပါတယ်။ အခု နှစ်လကျော်လာတော့ ကျွန်တော့်ဇနီးက ရာသီသွေး ပြန်ဆင်းလာပါတယ်။ ကျွန်တော်တို့ အနေနဲ့ စိုးရိမ်ရလား ဘာလုပ်သင့်တယ်ဆိုတာ သိလိုပါတယ်ခင်ဗျာ။
• ဆောရီး။ ကိုယ်ဝန်ရှိနေပြီး သွေးဆင်းရင် မကောင်းပါ။ ကပ်တဲ့အချိန်မှာ နည်းနည်းလေးသာဆင်းရင်တော့ ပျက်တာ မဟုတ်။ အခုမေးသူ မွေးလမ်းကြောင်းစမ်းတာနဲ့ အာလ်ထွာဆောင်းရိုက်မှသာ သိပါမယ်။
• ဆရာခင်ဗျား ပြီးခဲ့တဲ့နှစ်ရက်က ကျွန်တော့်အမျိုးသမီး သွေးအနည်းငယ်သာ ဆင်းပေမယ့် ဒီနေ့နေ့လည်ပိုင်းမှာ သွေးဆင်းတာများလာပြီး သွေးခဲလေးတွေလည်းပါလာပါတယ်။ လူကတော့ ဗိုက်အနည်းငယ် နာရုံကလွှဲပြီး နေလို့ကောင်းပါတယ်။ ဘာလုပ်သင့်တယ် ဆေးသောက်ရုံနဲ့ ရမရ သိလိုပါတယ် ခင်ဗျာ။ ညနေပိုင်းမှာတော့ သွေးဆင်းတာ နည်းသွားပါတယ်ဆရာ။
• သည်အတိုင်း ဘာဖြစ်သလဲ ပြောမရသေး။ ပျက်တာကို စဉ်းစားရမယ်။ ကုန်အောင်ဆင်းမယ်။ ဆင်းချင်ရင် နာကိုက်လာနိုင်တယ်။ ကံကောင်းရင် ဆက်မြဲမယ်။ အာလ်ထွာဆောင်းရိုက်မှသာ သိမယ်။
• ဟုတ်ကဲ့ပါဆရာ ကျေးဇူးပါပဲဗျ။
• ဆရာခင်ဗျား ကျွန်တော့်အမျိုးသမီးရဲ့ အာလ်ထွာဆောင်းအဖြေကို ပုံနဲ့ တင်ပြလိုက်ပါတယ်။ ဆေးခန်းက သောက်ခိုင်းတဲ့ဆေးတချို့ အမည်ကိုလည်း ပုံနဲ့ တင်ပြပါတယ်ဆရာ။ ဆရာ့ရဲ့ ညွှန်ပြပေးမှုကိုလည်း ရချင်ပါသေးတယ်ဆရာ။ ကူညီပါအုံးခင်ဗျာ။
• အချင်း အစအန ကျန်နေ။ ဆေးက ကိုယ်ဝန်ဖျက်ဆေး။ သားအိမ်ကို ညှစ်ထုတ်စေမယ်။
• ကျေးဇူးပါပဲဆရာ။

ကိုယ်ဝန်ပျက်ရင် (၃) မျိုးဖြစ်နိုင်တယ်။
၁။ အကုန်အစင်ထွက်ခြင်း = ဆရာဝန်မလိုပါ။
၂။ တဝက်တပျက်ကျခြင်း = သားအိမ်ခြစ်ဘို့လိုမယ်။
၃။ ပိုးဝင်ခြင်း = ဆေး + သားအိမ်ခြင်တာလိုမယ်။

Retained products of conception (RPOC) ဆိုတာ သန္ဓေတည်တာနဲ့ဆိုင်တဲ့ အစိတ်အပိုင်းတခုခု အထဲမှာ ကျန်နေတာလို့ ဆိုလိုတယ်။ ကျန်နေတယ်ဆိုတာ အချင်းရဲ့ အစိတ်အပိုင်း နဲ့ ရေမွှာအိတ်လွှာ ဖြစ်နိုင်တယ်၊ အများဆုံးဖြစ်တာကတော့ Succinate lobe အချင်းပိုဖြစ်တယ်။ တခါတလေမှာ ဒုတိယအချင်း၊ တတိယအချင်းလို့လဲ ခေါ်သေးတယ်။ သေးသေးလေး ဖြစ်တယ်။ ကြီးတာကို Bilobate placenta လို့ ခေါ်ပြန်တယ်။ အရွယ်အစား ညီသလိုနေတယ်။ ပုံမှန်အချင်းနဲ့ သွေးကြောဆက်နေတယ်။ အချင်းတွေက ဆက်မနေရင် Placenta spuria လို့ သတ်မှတ်တယ်။ RPOC ထက်အဖြစ်များတဲ့ Retained placenta အချင်းကျန်နေတာက သပ်သပ်ဇြစ်တယ်။

ဘာလို့ ဖြစ်သလဲ မပြောနိုင်ဘူး။ ကိုယ်ဝန်ကို ဆေးသုံးပြီးဖျက်ချတာ၊ လရင့်မှ ပျက်ကျတာ၊ အချင်းပုံမှန်မဟုတ်တာတွေကနေ ဖြစ်တာ များတယ်။ သားဦးလဲဖြစ်၊ ကလေးမွေးများသူလဲဖြစ်၊ အသက်ကြီးသူတွေလဲ မလွတ်၊ ဆီးထဲမှာ အနယ် (ပရိုတင်း) ပါနေသူလဲ စဉ်းစားရတယ်။ ကလေး ပုံမှန်မဟုတ်ရင်လဲ ဖြစ်နိုင်တယ်။

RPOC ကို နေ့စေ့လစေ့ မွေးဖွါးဖြစ်စဉ်မှာသာ မဟုတ်ဘဲ လမစေ့ဘဲ မွေးတာ၊ ကိုယ်ဝန် အလိုလိုပျက်ရာကနေ၊ တမင်တကာ ကိုယ်ဝန်ဖျက်ချတာ၊ အားလုံးကနေ ဖြစ်စေနိုင်တယ်။ အထဲမှာ ကျန်နေနိုင်တယ် ဆိုတာကလဲ အချင်းနဲ့ ပတ်သက်တာအပြင် သန္ဓေနဲ့ပတ်သက်တာလဲ ဖြစ်နိုင်တယ်။ ဘယ်လောက် အဖြစ်များသလဲ ပြောကြတာတွေ အတော်မတူပါ။ ၁% လိုဆိုတာလဲ ဖတ်ရတယ်။ ဖြစ်ရင် PPH မွေးပြီး (သူများထက်) သွေးပိုဆင်းတာ ဖြစ်မှာ သေခြာတယ်။ မွေးလမ်းကနေ သွေးဆင်းတာအပြင် ဆီးစပ်ကနာမယ်၊ ကိုယ်ပူမယ်။ ဒီလက္ခဏာတွေက တခြားအကြောင်းတွေကနေလဲ ဖြစ်စေတာမို့ ခွဲခြားရ မလွယ်တတ်ဘူး။ ဥပမာ ကိုယ်ဝန်ပျက်ကျမှန်း မသိဘဲ ရာသီအများကြီးဆင်းမယ်။ ကိုယ်ဝန် အကုန်ပျက်ကျတာနဲ့ တဝက်တပျက် ပျက်ကြာတာ ရောနိုင်တယ်။ မျိုးပွါးလမ်းမှာ တခြားအကြောင့် ရောင်နေတာနဲ့လဲ မှားနိုင်တယ်။

RPOC ကို ထုံးစံအတိုင်း D&C သားအိမ်ခြစ်တာ လုပ်ရင် သွေးတွေ တအားဆင်းနိုင်တယ်။ တခါတလေ Aneurysm လို သွေးကြောဖေါင်းတာ ရှိနေရင် Artery embolization လုပ်ရတတ်တယ်။ Antibiotics ဆေးကို လိုလိုမယ်မယ်ကြိုပေး-မပေး အယူအဆ ၂ မျိုးရှိတယ်။

Ultrasound လုပ်သင့်တယ်။ မှတ်ချက်က A variable amount of echogenic or heterogeneous material within the endometrial cavity လို့ရေးနိုင်တယ်။ ကိုယ်ဝန်ပျက်ကျပြီးနောက် ဒါမှမဟုတ် သားအိမ်လဲခြစ်ပြီးနောက်မှာ Endometrial thickness သားအိမ်အတွင်းဆုံးလွှာရဲ့ အထူက > 5 mm ဆိုရင် သံသယရှိသင့်တယ်။

MRI ရိုက်ရင် သားအိမ်ထဲမှာ တုခုရှိနေတာ၊ သားအိမ်-နံရံထူနေတာတွေ မြင်နိုင်မယ်။ Endometritis သားအိမ်ရောင်တာ၊ Gestational trophoblastic disease ကင်ဆာနဲ့ဆင်တဲ့ရောဂါ၊ Uterine arteriovenous malformation သားအိမ်-သွေးကြောရောဂါတွေနဲ့ ခွဲခြားရမယ်။

အချင်းကျန်နေသူကို IV drip သွေးပြန်ကြောထဲ ဆေးသွင်းတာ တပ်ထားရမယ်၊ Oxytocin drip မပေးသင့်ဘူး။ Oxytocin injection 20 IU ကို Saline 20 ml မှာဖျော်ပြီး ချက်ကြိုးထဲထိုးပေးနိုင်တယ်။ ချက်ကြိုးညှပ်ပို အရင်းမှာ ကပ်ထားပါ။ နာရီဝက်နေလို့မှ အချင်းမကျသေးရင် အချင်းကိုလက်နဲ့ထုတ်ယူတာလုပ်ရမယ်။ ထုံဆေး၊ မေ့ဆေး သင့်တော်တာ သုံးနိုင်တယ်။

Dr. တင့်ဆွေ
၁၈-၁၂-၂ဝ၁၆

No comments:

Post a Comment

Note: Only a member of this blog may post a comment.