Refugees and asylum seekers from Myanmar are paying up to US$1,000 for UNHCR cards

Refugees and asylum seekers from Myanmar are paying up to US$1,000 for UNHCR cards granting them official refugee status in Malaysia, an Al-Jazeera investigation has found.

မလေးရှားမှာ ရောက်နေကြတဲ့ မြန်မာနိုင်ငံကဒုက္ခသည်တွေ UNHCR ခေါ် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးရဲ့ အသိအမှတ်ပြုကပ်ပြားရဘို့ အမေရိန်ကန် ဒေါ်လာ ၁ဝဝဝ ပေးနေရတယ်လို့ Al-Jazeera ‘အယ်လ်ဂျာဇီးရာ’ တီဗွီဌာနရဲ့ (မျက်မှောက်ရေးရာ ၁ဝ၁ အရှေ့) ကနေ ထုတ်လွှင့်လိုက်ပါတယ်။

UNHCR မှာ စကားပြန်လုပ်နေသူတယောက်ကနေ မီဒီယာကို ဝန်ခံလိုက်တာဖြစ်ပါတယ်။ “ကျွန်တော်တို့လဲ သူခိုးတွေပဲ။ တောင်းရတဲ့ငွေ အများစုကို အထက်ကအရာရှိတွေ (သူခိုး အကြီးစားတွေ) ကိုပေးရတယ်” လို့ပြောလိုက်ပါတယ်။ “ဒီလို လုပ်နေတာက ကြာပြီဗျ”။

မလေးရှားမှာ ဒုက္ခသည်တွေနဲ့ ဒုက္ခသည်အဖြစ်လျှောက်ထားသူပေါင်း တစ်သိန်းခွဲဝန်းကျင် ရှိနေပါတယ်။ ဒုက္ခသည် အများစုက မြန်မာပြည်ကနေလာကြတာပါ။ အမှန်က UNHCR ကနေ ဒုက္ခသည်စိစစ်လက်ခံဘို့ အခမဲ့လုပ်ပေးရတာ ဖြစ်ပါတယ်။

တာဝန်ရှိအမျိုးသမီးကတော့ ငြင်းဆိုပါတယ်။ “ဒီလိုစွပ်စွဲချက်တွေရှိနေလို့ စုံစမ်းစစ်ဆေးဘို့အတွက် တတိယနိုင်ငံပို့ရေးကို ဒီနှစ်အစပိုင်းလောက်ကတည်းက ရပ်နားထားပါတယ်” လို့လဲ ပြောပါတယ်။ သတင်းထဲမှာ မြန်မာပြည်ကလာကြတဲ့ ရိုဟင်ဂျာအကြောင်းလဲ ခပ်များများထည့်ရေးထားပါသေးတယ်။

သုံးသပ်ချက်
UNHCR တာဝန်ရှိသူပြောတာ မမှန်ပါ။ မလေးရှားကနေ အမေရိကန်ပြည်ထောင်စုကို ဒုက္ခသည်တွေ နေ့တိုင်းလိုလို ရောက်လာနေကြတာပါ။ ကျွန်တော်နေတဲ့မြို့မှာ ကျွန်တော့် မိသားစုသာ အိန္ဒိယကနေလာတာဖြစ်ပြီး ကျန်အားလုံးဟာ မလေးရှားကနေချည်း လာကြပါတယ်။ သူတို့ကိုတော့ ငွေပေးရ မပေးရ မမေးရသေးပါ။ ကိုယ်တွေ့ပြောရရင် UNHCR ဟာ တခြား NGO တွေလိုပဲ ကောင်းကောင်းလိမ်တာမျိုးကို သဘောကျတယ်။ ပုံပြောကောင်းရင် လက်ခံတယ်။ ဘာသာရေး အကြောင်းပြချက်နဲ့ လူနည်းစုဖြစ်ရေးကိုသာ ဦးစားပေးတယ်။ နိုင်ငံရေးအကြောင်းပြချက်ကို နောက်ဆုံးမှာထားတယ်။

ဒေါက်တာတင့်ဆွေ
၂၃-၁၁-၂ဝ၁၄
http://www.scmp.com/…/myanmese-refugees-made-pay-us1000-sta…?

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး