Six-Pack ခြောက်ဂဏန်း

• တမျိုးနဲ့တမျိုး မရိုးရပါ၊
• တခါနဲ့တခါ စဉ်းစားကြတာမတူပါ၊
• တဆင့်နဲ့တဆင့် အပွင့်တွေကတူမလာ၊
• သုံးပွင့်၊ လေးပွင့်၊ ဆယ်လေးပွင့်၊ ခြောက်ပွင့်၊ လမ်းပွင့်ပြီလား မသိသေးပါ၊
• ခုထိတော့ကာ အရေအတွက်သာ စကားပြောနေတာ။

• လွှတ်တော်ဥက္ကဋ္ဌများက ဖွဲ့စည်းပုံပြင်ဘို့မှာ အရေးပါ၊
• ကာချုပ်ဖြစ်သူက အရာရောက်၊ နောက့့် NLD ဥက္ကဋ္ဌနဲ့ တိုင်းရင်းသားကိုယ်စားလှယ်က မပါမဖြစ်ကြပါ။

• ခြောက်ဂဏန်းတော့ မကြိုက်လှပါ၊ ဒါပေမဲ့ဗျာ ပြောကြပါ၊
• လွှတ်တော်ထဲမှာလိုတော့ မလုပ်စေချင်ပါ၊
• လူသိရှင်ကြား မဟုတ်သေးရင်လဲနေပါ၊
• ၂ဝ၁၅ တွက်တာ ပြည်သူတွေစိတ်အေးစေချင်တာ။

• ဖြဲခြောက်တာမဖြစ်စေချင်ပါ၊ အခြောက်တိုက်မဟုတ်စေချင်ပါ၊
• ခြောက်ပြီးအေးအေး၊ စိုပြီးအေးအေး၊ တိုင်းပြည်အေးဘို့ရာသာ အဓိကပါ။     ။

- သုံးပွင့် = စစ်အစိုးရခေတ်က တိုင်းရင်းသားအင်အားစုများ တောင်းဆိုချက်
- လေးပွင့် = လက်ရှိအစိုးရခေတ်မှာ ဒေါ်အောင်ဆန်းစုကြည် အဆိုပြုချက်
- ဆယ်လေးပွင့် = လက်ရှိအစိုးရလုပ်ပြီးခဲ့တဲ့ အစည်းအဝေး
- ခြောက်ပွင့် = ပြည်ခိုင်ဖြိုး အဆိုပြုချက်

Six-Pack ဆိုတာ အမေရိကန် လက်သုံးစကားတခုပါ။ သာမန်လူလို့ အဓိပ္ပါယ်ရတယ်။ Joe က ယောက်ျားနဲ့ Jane ကမိန်းမ။ ဒီအသုံးကို အမေရိကန်အင်္ဂလိပ် သိပ်မသိသူတွေ သိလာစေခဲ့တာကတော့ လက်ရှိ ဒုသမတနဲ့ ယှင်ပြိုင်ခဲ့သူ Sarah Palin ‘ဆာရာ ပယ်လင်း’ ဖြစ်ပါတယ်။ ရီစရာပြောတဲ့သူကတော့ Joe Six-Pack ဆိုတာ IQ က ၆ဝ သာ၊ တနေ့မှာ ဘီယာ ၆ ဗူးသောက်၊ CNN နဲ့ ‘ဘေ့စ်ဘောလ်’ လောက်သာကြည့်ပြီး၊ သမတပြောသမျှကို လိုက်ယုံနေတဲ့သူပါတဲ့။

ဒေါက်တာတင့်ဆွေ
၂၅-၁၁-၂ဝ၁၄

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး