Skin Problems အရေပြားမှာ အဖြစ်များတာတွေ

အရေပြား ယားနေသလား၊ ကွဲနေသလား၊ ရောင်နေသလား၊ အနီပြင်လိုတွေဖြစ်နေသလား၊ ဖြစ်နေတာကြာပြီလား၊ ဆေးတွေလိမ်းတာ မပျောက်ဖြစ်နေသလား၊ အစက်အပျောက်တွေ သူ့ဖါသူထွက်လာသလား။ သာမန်ကာ ရှန်ကာလဲ ဖြစ်နိုင်တယ်။ ဆရာဝန်ပါ ခေါင်းခဲရတာလဲ ဖြစ်နိုင်တယ်။


• Shingles (Herpes Zoster) ရေယုံ
ပူပြီးစပ်မယ်။ နာမယ်။ အတင်းနာမယ်။ အပူဖူးပေါက်လာမယ်။ ၂ ပါတ်လောက်အထိကြာနိုင်တယ်။ ကိုယ်လုံးနေရာတွေမှာ ဖြစ်တာများတယ်။ သူ့ဖါသူပျောက်တယ်။ နာတာကို ကြာရှည်ခံနေရတတ်တယ်။ တချို့မှာ ရာသက်ပန်နာတာကျန်နေမယ်။ (ဗိုင်းရပ်စ်) ဆေး၊ (စတီရွိုက်) ဆေး၊ စိတ်မကျဆေး၊ လိမ်းဆေးတွေ သုံးရတယ်။ သီးခြားရေးထားပါတယ်။

• Hives (Urticaria) အင်ပြင်ကွက်ထွက်ခြင်း
သူများတွေက ပျားအုံလို့ခေါ်တယ်။ ယားတယ်။ နီရဲနေမယ်။ အရွယ်အစား အမျိုးမျိုး။ နေရာတကာမှာဖြစ်တယ်။ ဆေးတွေ၊ အစားအသောက်၊ အပူချိန်၊ ရောဂါပိုးတွေကနေ ဖြစ်စေတယ်။ Antihistamines ဆေးနဲ့သက်သာတယ်။

• Psoriasis
အရေပြားနာ တမျိုး။ နှင်းခူလိုလို ဆင်တယ်။ သူများကို မကူးစေဘူး။ အပေါ်ယံမှာ ခပ်ဖြူဖြူ ငွေရောင်ရှိတယ်။ ဦးရေခွံ၊ တတောင်ဆစ်၊ ဒူး၊ ခါးတွေမှာ အဖြစ်များတယ်။ ဖြစ်လိုက်-ပျောက်လိုက်နေတယ်။ ဘာလို့ဖြစ်လဲ မပြောတတ်ဘူး။ လိမ်းဆေး၊ သောက်ဆေး၊ ထိုးဆေး၊ အလင်းရောင်သုံးကုသနည်း ကုနည်းအမျိုးမျိုးရှိတယ်။

• Eczema နှင်းခူနာ
ပျောက်နိုင်ခဲပေမဲ့ သူများကို မကူးစေဘူး။ နီရဲ၊ ခြောက်သွေ့၊ ယားယံတယ်။ စိတ်ဖိအားများချိန်၊ မတည့်တာနဲ့တွေ့ချိန်တွေမှာ အနာကထတယ်။ ရာသီဥတုနဲ့လဲဆိုင်တတ်တယ်။ လိမ်းဆေးအမျိုးမျိုးရှိတယ်။ သောက်ဆေး၊ ထိုးဆေးတွေလဲရှိတယ်။ သပ်သပ်ရေးထားပါတယ်။

• Rosacea
မျက်နှာမှာ အနီမှတ်လိုဖြစ်တာမျိုးက နဖူး၊ မေး၊ ပါး၊ နှာခေါင်းတွေမှာပေါ်တတ်တယ်။ မပျောက်နိုင်ဘဲ ကြာနေတတ်တယ်။ ကြာရင် ပိုနီတယ်။ Ruddy အနီရောင်ဆိုတာ အလင်းရောင်စဉ်မျာပါတဲ့ VIBGYOR ထဲက R ကိုပြောတာ Red မဟုတ်ပါ။ သွေးကြောမျှဉ်လေးတွေပါမြင်လာရမယ်။ အပေါ်ယံအရေက ထူလာမယ်။ အကျိတ်လေးလိုဖြစ်လာမယ်။ ပိုးဝင်ရင် ပြည်တည်တယ်။ ဆေးပေးနည်း၊ လေဆာနည်း၊ ခွဲစိတ်နည်း၊ Dermabrasion နဲ့ Electrocautery နည်းတွေနဲ့ကုသတယ်။

• Cold Sores (Fever Blisters)
အပူကန်နာလို့ ဗမာတွေကခေါ်ကြပေမဲ့ သူများတွေက အအေးနာလို့ခေါ်တယ်။ ကိုယ်ခေါ်တာပိုမှန်တယ်။ ကိုယ်ပူပြီး ဖျားရင် ပေါက်တတ်တယ် မဟုတ်လား။ ပါးစပ်၊ နှုတ်ခမ်းမှာပေါက်တယ်။ နာတယ်။ မီးလောင်ဖူးလိုနေတယ်။ အမှန်က Herpes simplex ရေယုံ တမျိုးသာဖြစ်ပါတယ်။ ဗိုင်းရပ်စ် ကနေဖြစ်တာ။ ၁ဝ ရက်လောက်နေမှ ပျောက်တယ်။ ကူးတယ်။ ဖျားလို့တင်မကဘူး နေလောင်တာ၊ စိတ်ဖိအားများတာ၊ ဟောမုန်းအပြောင်းအလဲတွေကနေလဲ ဖြစ်စေတယ်။ မိန်းကလေးတွေဆိုရင် ရာသီနဲ့ ဆက်စပ်တတ်တယ်။ Antiviral pills or creams ဗိုင်းရပ်စ်ဆေးတွေပေးတယ်။

• Rash From Plants အဆိပ်အပင်
ကိုယ်နဲ့မတည့်ရင် အဆိပ်ပင်ဘဲ။ Poison ivy, Oak နဲ့ Sumac ပင်တွေကနေ (အလာဂျီ) ရစေတယ်။ နီ-ရောင်-ယား ဖြစ်တာပါဘဲ။ နေ့ဝက်ကနေ ၃ ရက်အတွင်း မီးလောင်ဖူးလိုလဲဖြစ်လာတတ်တယ်။ သစ်ရွက်နဲ့ထိတဲ့နေရာ ဆွဲကြောင်းလို အနီစင်းပေါ်တယ်။ အယားသက်သာဆေးတွေသုံးပါ။ အအေးတင်ပါ။ ဆိုးရင် Corticosteroid (စတီရွိုက်) ဆေး သောက်ဘို့ လိုမယ်။ ရောဂါပိုးဝင်ရင် Antibiotics ပိုးသေဆေးလဲ လိုသေးတယ်။

• Razor Bumps
အမွှေးရိတ်တဲ့နေရာမှာ အသီး-အဖုတွေဖြစ်တာ အရုပ်ဆိုးတယ်။ အမွှေးများသူ၊ အမွှေးကောက်သူတွေမှာ ပိုဖြစ်တယ်။ အမွှေးမရိတ်ခင် ရေနွေးနဲ့ချိုးပါ။ အမွှေးပေါက်တဲ့ လားရာအတိုင်း ဆွဲရိတ်ပါ။ အမွှေးရိတ် (ခရင်) မနည်းစေနဲ့။ ပြီးရင် ရေအေးဝတ်တင်ပြီး Moisturizer လိမ်းပါ။

• Skin Tags
အသားပိုကလေးတွေဖြစ်တတ်တယ်။ အညှာလိုရှိတယ်။ လည်ပင်း၊ ရင်ပတ်၊ ကျော၊ ချိုင်း၊ ရင်သား၊ ပေါင်ခြံတွေမှာ ဖြစ်လေ့ရှိတယ်။ အမျိုးသမီး အသက်ကြီးရင် ပိုဖြစ်တယ်။ စိုးရိမ်စရာမလိုပါ။ ဖြတ်နည်း၊ အေးခဲနည်း မီးရှို့နည်းတွေနဲ့ ကုသနိုင်တယ်။

• Acne
ဝက်ခြံထိပ်ဝမှာ အဆီနဲ့ သေသွားတဲ့ (ဆဲလ်) တွေက ပိတ်နေရင်ရောင်လာမယ်။ ပွင့်နေတာကို Blackhead ခေါင်းမဲခေါ်တယ်။ ပိတ်နေတာကို Whitehead ခေါင်းဖြူခေါ်တယ်။ Hormones ဟော်မုန်းနဲ့ ဗက်တီးရီးယားတွေကြောင့်ဖြစ်ရတယ်။ သပ်သပ် ရေးထားပါတယ်။

• Athlete's Foot အားကစားသမားခြေထောက်
Fungal skin infection မှိုရောဂါစွဲတာပါ။ အခွဲလိုဖြစ်၊ ပူလောင်၊ တခါတလေ အပူဖူးပေါက်၊ အနာပေါက်မယ်။ ကူးစက်စေနိုင်တယ်။ လိမ်းဆေး နဲ့ စားဆေးတွေနဲ့ ကုရတယ်။

• Moles မှည့်
အညိုနဲ့ အနက်တွေ ဖြစ်နိုင်တယ်။ တကိုယ်လုံး နေရာမရွေးဘူး။ အုပ်စုလိုက်လိုလို လည်ဆွဲဆွဲထားသလိုလဲ ပေါက်တယ်။ တချို့က အသက်နဲ့ပြောင်းတာလဲရှိတယ်။ မှည့်တိုင်းတော့ မဟုတ်ပါ။ အမွှေးပေါက်တာလဲရှိမယ်။ ကင်ဆာမဟုတ်ပေမဲ့ မဖြစ်ဘူးတော့ မဟုတ်ပါ။

• Age or Liver Spots အသက်-အစက်
အသဲစက်လို့လဲ ခေါ်တယ်။ အသက်ရတာအပြင် နေလောင်တာလဲ အပြစ်ပြောနိုင်တယ်။

• Pityriasis Rosea
စိုးရိမ်စရာ မဟုတ်ပါ။ ပန်းရောရှိတာ တခုထဲကနေစတယ်။ နှုတ်ခမ်းအနားထူလို့ ပွေးနဲ့တူတယ်။ တချို့မှာ ဖြစ်နေပုံက Christmas tree (ခရစ္စမတ်) သစ်ပင်နဲ့တူတယ်။ မကူးစေဘူးလို့ ယူဆတယ်။ တလခွဲနှစ်လနေရင် ပျောက်သွားတတ်တယ်။

• Melasma (chloasma)
Pregnancy Mask ကိုယ်ဝန်ဆောင်အမှတ်အသားလို့ ခေါ်လေ့ရှိပေမဲ့ ယောက်ျားတွေမှာလဲ လာဖြစ်တတ်တယ်။ ခပ်ညိုညို၊ ပါး၊ နဖူး၊ မေးတွေမှာ ပေါ်တယ်။ သပ်သပ်ရေးထားပါတယ်။

• Warts ကြွက်နို့
Human papillomavirus ကနေဖြစ်စေတယ်။ ကူးတယ်။ အများအားဖြင့် အန္တရာယ်မပေးပါ။ လိမ်းဆေး၊ အေးခဲနည်း၊ လေဆာနည်း၊ ခွဲစိတ်နည်း၊ ဓါတုနည်းတွေနဲ့ ကုသနိုင်တယ်။

• Seborrheic Keratoses
အကြည့်ရဆိုးပေမဲ့ ကင်ဆာမဟုတ်ပါ။ အရောင်မဲတာ ရင့်တာအမျိုးမျိုးဖြစ်နိုင်တယ်။ အဆီပြန်သလို၊ ဖရောင်းလိုနေတယ်။

• Butterfly Rash လိပ်ပြာ မျက်နှာ
Lupus ရောဂါဖြစ်နိုင်တယ်။ Rosacea နဲ့ခွဲခြားရမယ်။ Contact dermatitis လဲဖြစ်နိုင်သေးတယ်။

• Velvet Plaques ကတ္တီပါလို အရေထူ
ဆီးချိုရှိနေသလား စစ်ပါ။ Acanthosis nigricans ခေါ်တာက လူဝရင်ဖြစ်တယ်။ လက်တို့ နှုတ်ခမ်းတို့မှာဖြစ်နေရင် အထဲတနေရာရာမှာ ကင်ဆာရှိနေ-မနေ စစ်ပါ။

• Leg Plaque ခြေထောက်မျာ အရေပြားထူ
နခမ်းသားနီနီ၊ အလည်ကရွှေရောင်လိုနေသလား။ Necrobiosis lipoidica diabeticorum ခေါ်တယ်။ ဆီးချိုဖြစ်နေနိုင်တယ်။ ရှားပါတယ်။

• Itchy, Violet Bumps on Wrist
လက်ကောက်ဝတ်မှာ ခရမ်းရောင် အကျိတ်ရှိနေရင် Liver tests အသဲစစ်ပါ။ Hepatitis C (စီ) ပိုးကို အဓိကစစ်ပါ။
• Flesh Colored, Orange-Peel Patches on Back
အသားရောင်-လိမ်မော်ရောင် ခါးမှာဖြစ်တာကို Shagreen patches ခေါ်တယ်။ Tuberous sclerosis ခေါ်တဲ့ ရှားပါးတဲ့ မျိုးဗီဖရောဂါဖြစ်နိုင်တယ်။ ကင်ဆာ မဟုတ်ပါ။

• Tripe Palms
လက်ဖဝပါးမှာ ထူနေမယ်၊ ကတ္တီပါစလိုနေမယ်၊ လက္ခဏာ အရေးအကြောင်းတွေအတိုင်း ဖြစ်နေသလား။ အမဲဝမ်းတွင်းသား ပြုတ်ထားသလို နေမယ်။ အဆုပ်-ကင်ဆာ စစ်ပါ။ Acanthosis nigricans နဲ့တွဲရှိနေရင် အစာအိမ်-ကင်ဆာ စစ်ပါ။

• Wooden Hands and Feet
ခြေ-လက်တွေ သစ်သားလို ဖြစ်နေရင် Nephrogenic systemic fibrosis ရောဂါစစ်ပါ။

• Scaly Rash on Buttocks, Red Tongue
တင်ပါးနဲ့ လျှာမှာ အပေါ်ယံကွာကျနေသလား။ ရှားပါးလှတဲ့ Necrolytic migratory erythema ဖြစ်နိုင်တယ်။ Glucogenoma ခေါ်တဲ့ Pancreatic tumor သရက်ရွက် အကျိတ်စစ်ပါ။

• Not All Skin Conditions Scary
အရေပြားမှာ တခုခုဖြစ်တိုင်း မလန့်ပါနဲ့။ ကင်ဆာ မဟုတ်တာက စိုးရိမ်စရာမရှိပါ။ ပျောက်တာတော့ ကြာနိုင်တယ်။ Granuloma annulare ဖြစ်ရင် ၂ နှစ်လောက်ကြာမယ်။ မပျောက်နိုင်တာတော့ ရှိတယ်။

Your Skin: A Window to Your Health အရေပြားမှာ သတိထားစရာတွေ
• Eczema နှင်းခူနာ http://dts-medicaleducation.blogspot.com/2011/05/eczema.html
• Eczema Medicine နှင်းခူနာဆေး http://dts-medicaleducation.blogspot.com/2011/06/clobetasol-propionate-and-neomycin.html
• Melasma (1) တင်းတိပ် (၁) http://dts-medicaleducation.blogspot.com/2010/10/melasma.html
• Melasma (2) တင်းတိပ် (၂) http://dts-medicaleducation.blogspot.in/2012/05/melasma-2.html
• Medicine for Diseases of Skin အရေပြားပေါ်ဖြစ်သည့် ရောဂါဆေးများ http://dts-medicaleducation.blogspot.com/2010/06/medicine-for-diseases-of-skin.html
• Ringworm ပွေး http://dts-medicaleducation.blogspot.com/2011/11/ringworm.html
• Seborrheic Keratosis or Keratosis pilaris ဆားဝက်ခြံ http://dts-medicaleducation.blogspot.com/2010/07/blog-post_580.html
• Shingles (ရှင်းဂဲလ်) http://dts-medicaleducation.blogspot.in/2012/02/shingles.html
• Skin Hazards အရေပြားကို ဒုက္ခပေးတာတွေ http://dts-medicaleducation.blogspot.in/2012/03/skin-hazards.html
• Skin Pigmentation မျက်နှာ မဲတာ ဘာလုပ်နိုင်သလဲ http://dts-medicaleducation.blogspot.com/2012/01/skin-pigmentation.html
• Skin Pressure Sore အရေထူတိုင်း မကောင်းပါ http://dts-medicaleducation.blogspot.com/2011/02/skin-pressure-sore.html

Dr. တင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး