Hepatitis C medicine Sovaldi အသည်းရောင် (စီ) အတွက်ဆေး

အသည်းရောင် (စီ) ပိုးဟာ သွေးနဲ့ ဆေးထိုးအပ်ကနေ ကူးစက်တာများပါတယ်။ WHO ခန့်မှန်းချက်အရ ကမ္ဘာမှာ (စီ) ပိုး ကူးစက်ခံထားရသူပေါင်း သန်း ၁၅ဝ ကျော်ရှိပါတယ်။ နာတာရှည်ကနေ အသည်းခြောက်တာနဲ့ အသည်းကင်ဆာ ဖြစ်လာနိုင်ပါတယ်။

(စီ) ပိုးအတွက် Sovaldi ဆေးဟာ ၉ဝ% ပျောက်ကင်းနိုင်တယ်။ FDA က အသိအမှတ်ပြုပြီးဖြစ်တယ်။ (စီ) ပိုးကြောင့် နာတာရှည် အသည်းရောင်နေသူတွေကိုပေးတယ်။ (စီ) ပိုးကြောင့်မဟုတ်တဲ့ အသည်းရောင်ရှိနေသူ၊ အသည်းအစားထိုး လဲထားသူ၊ ကျောက်ကပ်ရောဂါ ဆိုးဆိုးဝါးဝါး ရှိနေသူ၊ HIV လဲရှိနေသူ၊ ကိုယ်ဝန်ရှိနေသူနဲ့ ကလေးနို့တိုက်နေသူတွေကို မပေးသင့်ပါ။ ပေးရင် ကလေးမှာ မွေးရာပါချို့ယွင်းချက်ပါလာနိုင်တယ်။ ကိုယ်ဝန်နဲ့ အနည်းဆုံး ၆ လ ကွာသင့်တယ်။ ကိုယ်ဝန်ဆောင်နေသူကိုပေးရင် ကလေးမှာ မွေးရာပါချို့ယွင်းချက်ပါလာနိုင်တယ်။ ဒီဆေးတွေကို ကိုယ်ဝန်နဲ့ အနည်းဆုံး ၆ လ ကွာသင့်တယ်။

Sovaldi ဆေးကို တမျိုးတည်း မပေးသင့်ပါ။ Ribavirin ဒါမှမဟုတ် Peginterferon alfa and Ribavirin နဲ့ တွဲပေးရတယ်။ Rifampin ဆေးနဲ့ St. John’s wort ဆေးတွေသောက်နေရရင်လဲ ဆရာဝန်ကိုပြောပါ။

ဘေးထွက်ဆိုးကျိုးများ = မောပန်းမယ်၊ ခေါင်းကိုက်မယ်၊ ပျို့ချင်မယ်၊ အိပ်ရေးပျက်မယ်၊ သွေးနီဥ နည်းမယ်။

(စီ) ပိုးကိုကုသပေးနေတဲ့ဆေး Sovaldi (Sofosbuvir) ကို ဆေးဝါးထုတ်လုပ်တဲ့ အမေရိကန် Gilead Sciences ကုမ္ပဏီကနေ အမေရိကမှာရောင်းနေတဲ့ ဈေးနှုန်ထက် ၉၉% နည်းတဲ့တန်ဘိုးနဲ့ရောင်းဘို့ အီဂျစ်နဲ့ အိန္ဒိယ နိုင်ငံတွေကို ကမ်းလှမ်းလိုက်ပါတယ်။ အီဂျစ်မှာ အသည်းရောင် (စီ) ဖြစ်နေတာ အများဆုံးဖြစ်တယ်။ 400 mg ဆေးပြားကို တနေ့ ၁ ကြိမ်၊ ၁၂ ပါတ်ပေးရတယ်။ ဆေး ၁ ပြားကို ဒေါ်လာ ၁ဝဝဝ ပေးရတယ်။ Gilead Sciences ဆေးကုမ္ပဏီကနေ အမေရိကားမှာရောင်းဈေး ၈၄ဝဝဝ ကများလွန်းလို့ အိန္ဒိယမှာ ဒေါ်လာ ၉ဝဝ နဲ့ ရအောင် ထုတ်စရာရှိတယ်။ အဲလိုသာ ဖြစ်လာရင် ဆင်းရဲတဲ့နိုင်ငံကလူတွေအတွက် အများကြီးအကျိုးရှိပါမယ်။

ဒေါက်တာတင့်ဆွေ
၂၆-၈-၂ဝ၁၄

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး