Steel yourself ပြင်မရရင် ပြင်ကြ

သမတ၏ပြောရေးဆိုခွင့်ရှိသူ = “ခြောက်ပွင့်ဆိုင်ဆွေးနွေးရေး” သဘောထားဟာ လူပုဂ္ဂိုလ်အရချဉ်းကပ်တာသာဖြစ်တယ်။ အစိုးရက ‘အင်စတီကျူးရှင်း’ ကို အခြေခံတယ်။ ၁၄ ဦးဆွေးနွေးပွဲမဟုတ်၊ အဖွဲ့ကြီးငါးဖွဲ့တွေ့ဆုံတာဖြစ်။

သဘောထားအမြင်များ = အမျိုးမျိုးပြောဆိုကြ။

ကျွန်တော့အမြင် =
• အရေးပါသူတွေ ပြောစရာရှိတာကို ပြောသာပြောကြပါ။ စကားမပြောပဲ စကားတွေ များမနေကြပါနဲ့။
• သမတကလုပ်ခဲ့တာက လူများပွဲမစည်။ လွှတ်တော်ကဆုံးဖြတ်တာက လူတွေပဲခေါ်၊့ ကို ခေါ်တာမဟုတ်။
• လွှတ်တော်ရဲ့ (၆) ပွင့်ဆိုင်တွေ့ဆုံရေးဟာ ဖွဲ့စည်းပုံပြင်ဆင်နိုင်ရေးအတွက် အဓိကဖြစ်။
• သမတရဲ့ အဖွဲ့ကြီး (၅) ဖွဲ့အစီအစဉ်မှာ ဖွဲ့စည်းပုံပြင်ဆင်ရေးဟာ ၃ ပုံ ၁ ပုံသာအရေးပါ။
• ကာချုပ်ကလဲ လုပ်ပါအုံးမယ်။ ဖွဲ့စည်းပုံမပြင်ဆင်ရေးက အဓိက။

• ဖွဲ့စည်းပုံမပြင်နိုင်ရင့့်
- အဲဒီ (လွှတ်တော်) လူတွေပြင်၊
- အဲဒီ (အစိုးရ) အင်စတီကျူးရှင်းတွေပြင်၊
- အဲဒီ (ကာချုပ်) တပ်မတော်ပြင်။

• အဲဒီဟာတွေမပြင်နိုင်ရင် လူထုကပြင်။

ဒေါက်တာတင့်ဆွေ
၂၇-၁၁-၂ဝ၁၄

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး