A-Ra collagen ထိုင်းကလာတဲ့ ကြော်ငြာဆေး

ဆရာရှင့် အခုအွန်လိုင်းမှာ ကြော်ငြာနေတဲ့ အသားဖြူဆေးတွေသောက်သင့်ပါသလား။ ထိုင်းကတင်သွင်းတယ်လို့ သိရပါတယ်။ ဘေးထွက်ဆိုးကျိုးရှိပါသလား ကျေးဇူးတင်ပါတယ်ဆရာ။ A Ra collagen ကထုတ်တာတဲ့ A Ra collagen က အမူန့်တဲ့။ ငါးရိုးကထုတ်တယ်ရေးထားတယ်။ My gluta ကဆေးတောင့်တဲ့ နှစ်မျိုးစလုံးက အသားဖြုဆေးပဲဆရာ။ ၂ မျိုးတွဲသောက်ရင်ပိုကောင်းတယ်တဲ့။ Dolly me က ရင်သားတွေ တင်းရင်းပြီး၊ မိန်းမတွေအတွက် ကောင်းတယ်ပြောတယ်။

A-Ra collagen ဆိုတာ ကြော်ငြာဆေးဖြစ်တယ်။ ဆရာဝန်တွေက မညွှန်ပါ။ ကြော်ငြာဆေးတိုင်းမှာ ဘေးထွက်-ဆိုးကျိုးထည့်မရေးပါ။

အသားဖြူတယ် မဖြူဘူးဆိုတာ မျိုးဗီဇက အဓိကကျပါတယ်။ ရောဂါရတာ၊ နေလောင်တာ၊ ပတ်ဝန်းကျင်က ထိခိုက်တာ၊ သုံးတဲ့ဆေးဝါးတွေကနေလဲ သက်ရောက်ပါတယ်။ အသားဖြူဆေး ဆေးကြော်ညာမှာ အသားဖြူသူတွေရဲ့ပုံတွေကိုသာ သုံးပါတယ်။ ရင်ပိုင်း တဝက်ဖေါ်တဲ့ပုံတွေကများတယ်။ မော်ဒယ်ကလေးမတွေက အဲလိုဆေး မပေါ်ခင်ကတည်းက ဖြူနေကြတာပါ။

Collagen Supplement Side Effects (ကိုလာဂျင်) ပါတဲ့ဆေးဝါးတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေ များများတော့မရှိပါ။ မတည့်သူတွေမှာ (အလာဂျီ) ရတတ်တယ်။ ခံတွင်းပျက်နိုင်တယ်။ ဆေးထိုးတာဆိုရင်တော့ ထိုးတဲ့နေရာက အရေပြား (ဆဲလ်) တွေသေတောဖြစ်နိုင်တယ်။ ဝမ်းချုပ်မယ်။ နှလုံးခုန် စည်းချက်မကျဖြစ်တတ်တယ်။ အားနည်းသလိုနေမယ်။ (ကယ်လ်စီယမ်) များနိုင်တယ်။ ကြွက်သားနဲ့ အဆစ်တွေနာနိုင်တယ်။

အသားဖြူတယ် မဖြူဘူးဆိုတာ မျိုးဗီဇက အဓိကကျပါတယ်။ ရောဂါရတာ၊ နေလောင်တာ၊ ပတ်ဝန်းကျင်က ထိခိုက်တာ၊ သုံးတဲ့ဆေးဝါးတွေကနေလဲ သက်ရောက်ပါတယ်။ အသားဖြူဆေး ဆေးကြော်ညာမှာ အသားဖြူသူတွေရဲ့ပုံတွေကိုသာ သုံးပါတယ်။ ရင်ပိုင်း တဝက်ဖေါ်တဲ့ပုံတွေကများတယ်။ မော်ဒယ်ကလေးမတွေက အဲလိုဆေး မပေါ်ခင်ကတည်းက ဖြူနေကြတာပါ။

Review ပြန်လည်ဆန်းစစ်မှုတွေလိုက်ရှာတော့ မြန်မာလိုနဲ့ ထိုင်းလို (ဖေ့စ်ဘွတ်) စာမျက်နှာတွေသာတွေ့ပါတယ်။ ဒီဆေးရဲ့ ထိရောက်မှုကိုတော့ အားကောင်းတဲ့သုတေသန မတွေ့သေးပါ။

ဒေါက်တာတင့်ဆွေ
၆-၅-၂ဝ၁၄

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး