Hepatitis C Treatment အသည်းရောင် (စီ) ဆေးသစ်အလားအလာ

(စီ) ပိုးရှိနေသူပေါင်း ကမ္ဘာမှာ သန်း ၁၅ဝ ရှိတယ်။ (HCV) ဗိုင်းရပ်စ်ပိုးဟာ သွေးကနေတဆင့်ကူးစက်တယ်။ တချို့ (စီ) ပိုးရှိနေသူတွေကို ဆေးကုစရာမလိုပါ။ ခုခံအားကနေတိုက်ထုတ်သွားမယ်။ တချို့ကတော့ ဆေးမကုလို့မရပါ။

(စီ) ပိုးကိုကုသနိုင်တဲ့ဆေးတွေကနေ ဗိုင်းရပ်စ်ကို ကိုယ်ထဲကနေရှင်းထုတ်ပေးမယ်။ အသည်းရောင်တာကိုနှေးစေမယ်။ ပျက်စီးမှုကိုသက်သာစေမယ်။ အသည်း ကင်ဆာနဲ့ အသည်းခြောက်တာကိုတားထားနိုင်မယ်လို့ယုံကြည်ရတယ်။ Interferon နဲ့ Ribavirin ဆေး (၂) မျိုးကိုသုံးတယ်။ Interferon ဆေးက ဘေးထွက်ဆိုးကျိုးတွေများတယ်။ အားယုတ်မယ်၊ ကိုယ်ပူ၊ ကြွက်သားတွေနာ၊ ခေါင်းကိုက်၊ တုပ်ကွေးလိုခံစားရမယ်၊ စိုးရိမ်စိတ်များမယ်၊ စိတ်ဓါတ်ကျမယ်၊ ပျို့-အန်၊ ဝမ်းလျှောမယ်။

Liver Transplant အသည်းအစားထိုးနည်း တချို့မှာလိုတယ်။ သိထားဘို့က အဲလိုလုပ်တာာ ပိုးတွေကိုရှင်းပြစ်ပေးတာ မဟုတ်ပါ။ ဆေးတွေလိုနေပါမယ်။

၂ဝ၁၃ ခုနှစ် ဒီဇင်္ဘာမှာ ဆေးအသစ် Sofosbuvir (Sovaldi) ကို FDA ကအသိအမှတ်ပြုပေးခဲ့တယ်။ (စီ) ပိုးတွေထဲက Genotypes 1-4 အမျိုးအစားတွေအတွက်အကောင်းဆုံးဖြစ်တယ်။ ဈေးကြီးလွန်းတယ်။ Sovaldi 400 mg ဆေးပြားကို တနေ့ ၁ ကြိမ်၊ ၁၂ ပါတ်ပေးရတယ်။ ဆေး ၁ ပြားကို ဒေါ်လာ ၁ဝဝဝ ပေးရတယ်။ Gilad ဆေးကုမ္ပဏီကနေ အမေရိကားမှာ ရောင်းဈေး ၈၄ဝဝဝ ကများလွန်းလို့ အိန္ဒိယမှာ ဒေါ်လာ ၉ဝဝ နဲ့ရအောင် ထုတ်စရာရှိတယ်။ အဲလိုသာ ဖြစ်လာရင် ဆင်းရဲတဲ့နိုင်ငံကလူတွေအတွက် အများကြီးအကျိုးရှိပါမယ်။

ဆေးသစ်တွေ စမ်းသပ်နေပါတယ်။ ဘေးထွက်ဆိုးကျိုးတွေနည်းမဲ့ Directly acting antiviral agents (DAAs) ဆေး ဖြစ်ပါတယ်။ သုံးနေကြ Interferon ဆေးကတော့ ခုခံအားစနစ်ကို သက်ရောက်စေတာ ဖြစ်ပါတယ်။

Sovaldi အသည်းရောင် (စီ) အတွက်ဆေး http://doctortintswe.blogspot.com/2014/11/sovaldi.html

ဒေါက်တာတင့်ဆွေ
၇-၁၂-၂ဝ၁၄

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး