Let me see လူမမာနဲ့တွေ့ပါရစေ

• နှစ်သစ်ကူးပြန်တော့မယ်။ ဆုတောင်းပေးကြသူတွေအားလုံးကို ကျေးဇူးတင်ပါတယ်။ “ဆုတောင်းပေးသူတွေ ဆုတူရပါစေ”။ ဒါက အသက်ရှည်ဘို့နဲ့ကျန်းမာဘို့ ဆုတောင်းပါ။
• ကျွန်တော့်လက်တဖက်ကို နိုင်ငံရေးအတွက်သုံးပါတယ်။ နိုင်ငံရေးဆုတောင်းတာ သိပ်မတွေ့မိသလို ဆုပြန်ပေးစရာလဲ ရှားပါးလှတယ်။ နှစ်သစ်မှာ အားမရှိတာကို မပြောစကောင်းလို့အယူရှိကြတယ်။ ကျွန်တော်လဲ လိုက်နာပါတယ်။
• ဒီနှစ်သစ်ကူးမှာတော့ အရင် ၄-၅ နှစ်ကဆုတောင်းထက် ပိုပြီးလေးနက်ချင်ကြသူတွေထဲမှာ ကျွန်တော်လဲပါတယ်။

• ဆေးကုရာမှာ ဆုတောင်းတာတခုတည်းနဲ့မရသလို နိုင်ငံရေးမှာလဲ သင့်တဲ့ကုထုံးအတိုင်းသာ လိုက်နာ လုပ်ဆောင်ရပါမယ်။
• ရောဂါလဲသိတယ်။ ဆေးလဲသိတယ်။ နာတာရှည်လူမမာကို ဆေးပေးမရဖြစ်နေတယ်။ နေ့ရွှေ့ရက်ရွှေ့ ရွှေ့နေတယ်။ ဆေး ၅ ခွက်သောက်ရင် မရဘူးလားလုပ်နေတယ်။ အိမ်နီးချင်းကနေ ၆ ခွက်သောက်ပါလားတဲ့။ နောက်တယောက်ကလဲ ၁၂ ခွက်သောက်ပါလားတဲ့။ အဲလိုလူတွေက လူနာမဟုတ်ကြတော့ တကယ့်လူမမာမှာ ချမ်းသာရာမရဖြစ်နေရတယ်။
• ကျွန်တော့်ဆုတောင်းကတော့ လာမဲ့နှစ်မှာ လူမမာနဲ့ဆရာဝန် တွေ့ခွင့်ရချင်တာပါပဲဗျာ။

ဒေါက်တာတင့်ဆွေ
၂၉-၁၂-၂ဝ၁၄

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး