Miscarriage အလိုလို ကိုယ်ဝန်ပျက်ခြင်း

(ကန်တော့)

ဆရာရှင့် အသက် ၂၇ အိမ်ထောင်ကျတာ ၃နှစ်ရှိပါပြီ။ ပထမတခါကလဲ ကလေးဆက်မကြီးတော့လို့ သားအိမ်ခြစ်ရပါတယ်။ အခုတခါကတော့ သားဥကြွေဆေးသောက်ပြီးယူတာပါ။ ပထမတခါလိုပဲဖြစ်ပါတယ်။ ဒါပေမဲ့ ဒီတခါက သွေးမဆင်းပါဘူး ဘာလို့ပါလဲ ဖြေပေးပါဆရာ။ ultra မှာတော့ suggestive miss miscarriage လို့ ရေးထားပါတယ်။ သွေးမဆင်းသေးတော့ အိမ်သားကမခြစ်စေချင်ပါဘူး။ ဘာလုပ်ရမှန်းမသိတော့ဘူး။ အဲဒါကြောင့် ဒါမျိုးဖြစ်တတ်လားသိချင်လို့ပါဆရာ။ နောက်ထပ်ကိုဟ်ဝန်ထပ်ဆောင်ရင်ရော သန္ဓေအောင်နိုင်ပါမလားသိချင်ပါတယ်။

ကိုယ်ဝန်ပျက်တာကို Abortion အဘောရှင်းဆိုပြီး နားလည်ကြမယ်။ ကိုယ်ဝန်ပျက်တာတိုင်းက အဘောရှင်းမဟုတ်ပါ။ သူများနိုင်ငံမှာ အဲလိုသွားပြောမိရင် အထင်လွဲခံရမယ်။ ကိုယ်ဝန် ဖျက်ချတာကိုမှ အဘောရှင်းခေါ်ရတယ်။

ကိုယ်ဝန်အလိုလိုပျက်တာကို Miscarriage ခေါ်တယ်။ ကိုယ်ဝန်ကိုဖျက်ချတာမဟုတ်ပဲ သူ့အလိုလိုပျက်စေတဲ့ အကြောင်းတွေထဲမှာ မတော်ဆဖြစ်တာနဲ့ သဘာဝအကြောင်းတရားတွေ ရှိတယ်။ အများဆုံးဖြစ်တာက သန္ဓေသားရဲ့ ခရိုမိုဆုံး ပုံမှန်မဟုတ်လို့ ဖြစ်တာ၊ ၅ဝ% ရှိတယ်။ အဲတာကို ပြုပြင်လို့မရနိုင်ပါ။ အများစုက စောပြီးပျက်တယ်။ တချို့မှာ ကိုယ်ဝန်ရှိနေတာတောင် မသိဘူး။ သုတေသနတခုအဆိုအရ ၆၁့၉% ၁၂ ပတ် အတွင်း ပျက်ကျတယ်။ ဒီအထဲက ၉၁့၇% က ပျက်ကျတယ်ဆိုတာတောင် ကိုယ်တိုင်မသိလိုက်ကြဘူး။ ၁ဝ ပတ် ကျော်တာနဲ့ အလိုလိုပျက်ဘို့အခွင့်အလမ်း သိသိသာသာ နည်းလာပါပြီ။

ထိခိုက်မှုဆိုတာ မတော်တဆထိခိုက်မှု (အားကစားသာမန်လုပ်လို့ ပျက်မကျပါ။) တမင်တကာ ထိခိုက်မှုနဲ့ စိတ်ဖိအားတွေဖြစ်တယ်။ ကိုယ်ဝန်ဆောင်သူ အသက်ငယ်လွန်းတာ၊ ကြီးလွန်းတာကြောင့်လဲ ဖြစ်စေနိုင်တယ်။ ၃၅ နှစ်အောက်မှာ ၁၅%၊ ၃၅-၄၅ နှစ်ကြားမှာ ၂ဝ-၃၅%၊ ၄၅ နှစ်အထက် ၅ဝ% ပျက်ကြတယ်။ ဆောရီး။

ကိုယ်ဝန်တခါပျက်ဘူးသူ ၂၅% ထပ်ပျက်နိုင်တယ်။ ထပ်ထပ်ပျက်နေသူ ၁% ရှိတယ်။ တချို့နေရာတွေမှာ သိသာပြီး၊ မဖျက်ဘဲပျက်တဲ့ ကိုယ်ဝန်ပျက်မှုပေါင်းဟာ ကိုယ်ဝန်စုစုပေါင်းရဲ့ ၁၅% ရှိတယ်။ အမေရိကားမှာ ၁ဝ-၂၅% ရှိတယ်။ တချို့မှာ ဘာလို့လဲပြောမရဘူး။ ကိုယ်ဝန်ပျက်တာ အများဆုံးက ပဌမ ၃ လပိုင်းမှာဖြစ်တယ်။

ကိုယ်ဝန်အပ်ပါ။ စိတ်ကို အပြုသဘောဆောင်ထား၊ ကံတရားအားကိုးပါ။ ကလေးရချင်သူတွေ ကလေးမိဘလို့ အခေါ်ခံနိုင်ကြပါစေ။

• Cervical incompetence သားအိမ်အဝမလုံခြင်း http://doctortintswe.blogspot.com/2015/04/cervical-incompetence.html
• Cervical length ကိုယ်ဝန်ဆောင်နဲ့ သားအိမ်လည်ပင်းအရှည် http://doctortintswe.blogspot.com/2015/04/cervical-length.html
• Cervix သားအိမ်အဝ http://doctortintswe.blogspot.com/2014/11/cervix.html
• Miscarriage Prevention ကိုယ်ဝန်မပျက်အောင် http://doctortintswe.blogspot.com/2014/12/miscarriage-prevention.html
• Miscarriage သူ့အလိုလို ကိုယ်ဝန်ပျက်ခြင်း http://doctortintswe.blogspot.com/2014/12/miscarriage.html
• Missed abortion ကိုယ်ဝန်ပျက်ခြင်းတမျိုး http://doctortintswe.blogspot.com/2016/01/missed-abortion.html
• Progesterone and Pregnancy ပရိုဂျက်စတီရုန်း နှင့် ကိုယ်ဝန် http://doctortintswe.blogspot.com/2014/11/progesterone.html
• Susten 100 ကိုယ်ဝန်မှာသုံးတဲ့ဆေးတမျိုး http://doctortintswe.blogspot.com/2014/11/susten-100.html

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး