I love Tennis တင်းနစ်


Sein Hla ကြေးနီမိုင်းဝန်ထမ်းတွေကတော့ ဆရာသဘောကောင်းတာ၊ ပွင့်လင်းတာ၊ တင်းနစ်ဝါသနာပါတာတွေကအစ အမြဲပြောပြီး သတိရနေခဲ့ကြပါတယ်ဆရာ။ ဆရာ ခုတင်းနစ်ကစားသေးရဲ့လား။

ဟာ့ အဲတာကိုပါ သတိရကြသေးလို့ အံ့သြဝမ်းသာရတယ်။

ဓါတ်ပုံ = ၁၉၈၅ ခုနှစ်က တမူးမြို့မှာကျင်းပခဲ့တဲ့ စစ်ကိုင်းတိုင်း၊ မြို့နယ်ပေါင်းစုံ တင်းနစ်ပြိုင်ပွဲကို ပုလဲမြို့နယ် တင်းနစ်အသင်း (ဦးသိန်းအောင်၊ ဒေါက်တာတင့်ဆွေ၊ ဦးလှဝေ၊ ဦးအောင်မြတ်စိုး၊ ကိုသန်းထွတ်၊ ကိုမြင့်အောင်) တို့နဲ့အတူ တင်းနစ်ကစားဘူးပါတယ်။ အဲဒီတုံးက အသက် (၃၇) နှစ်ရှိပါပြီ။ ကျွန်တော်က အားကစားသမားတော့ မဟုတ်ပါ။ အားတဲ့အခါကစားတဲ့သူသာ ဖြစ်ပါတယ်။

ကျွန်တော် ပြည်ပရောက်ကတည်းက မကစားနိုင်သလောက်ပဲ။ လွန်ခဲ့တဲ့ ၆-၇ နှစ်လောက်က (အင်ဒီယာနာပြည်နယ်၊ မန်စီ) မြို့ကိုအလည်လာတော့ သားငယ်ဆုံးနဲ့အတူ ကစားကြတယ်။ နောက် ဒေလီမှာ ဘယ်ဖက်ဒူးကျိုး၊ နောက် ညာဖက် လက်ကောက်ဝတ်ကျိုးတော့ တင်းနစ်နဲ့ဝေးပြီပေါ့။ ဒါတောင် ပြီးခဲ့တဲ့နွေမှာ တခါဝင်ကစားတာ ကွင်းထဲ လဲပါရော့လားဗျာ။ အခုတော့ ပြင်သစ်အိုးပင်းပဲကြည့်နေတယ်။ Smile!

ဒေါက်တာတင့်ဆွေ
၁၂-၁၂-၂ဝ၁၄
၂၈-၅-၂ဝ၁၆
Photo sent by a daughter of U Than Htut

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး