Shock (ရှော့ခ်)

Anaphylaxis (ရှော့ခ်)

ဆရာ ဒီဆေးသောက်ပြီး ရှော့ဖြစ်တဲ့မိတ်ဆွေရှိနေလို့ ပိုးသတ်ဆေးတဲ့။ ၄၄ နှစ်၊ အမျိုးသမီး။ ချောင်းဆိုးလို့ ပိုးသတ်ဆေး ဆရာဝန်ပေးတာသောက်တာပါ။ မနေ့ညက ညဆယ်နာရီလောက်သောက်ပြီး ၂ မိနစ်အတွင်း ယား  မူး  မျက်နှာနီရဲ အသက်ရှုကြပ်၊ ဟဲ ဟဲ ဟဲ မြည်။ ချွဲကြပ်လာပါတယ်။

ဆေးတိုင်း မတည့်သူရှိတယ်။ တချို့က နည်းနည်းသာဖြစ်တယ်။ တချို့က ရှော့ရတဲ့အထိဖြစ်တယ်။ ပိုးသေဆေးတွေ ကနေလည်း ဖြစ်နိုင်တယ်။ Shock (ရှော့ခ်) ဆိုတာ Anaphylaxis (အနာဖလက်ဆစ်) ခေါ် တခုခုနှင့် မတည့်တဲ့အခါ အဆိုးဝါးဆုံးဖြစ်တာကို ခေါ်တယ်။

ရုတ်တရက် ပြင်းပြင်းထန်ထန် (အလာဂျီ) ခေါ် တခုခုနဲ့မတည့်လို့ဖြစ်လာတဲ့ လက္ခဏာတွေ ခန္ဓာကိုယ်အတွင်း နေရာများစွာမှာ တပြိုင်နက်တည်း ဖြစ်လာတယ်။ အချို့မှာ သာမန်မနေမထိထိုင်မသာဖြစ်ပြီး၊ ဆိုးဝါးလွန်းရင် သေစေနိုင်တယ်။ မတည့်တဲ့ထိုးဆေးကြောင့်၊ တခုခုစားမိလို့ သွေးထဲရောက်သွားရင် ဖြစ်နိုင်တယ်။ အရေပြား၊ အဆုပ်၊ နှာခေါင်း၊ သွေး၊ အစာလမ်းကြောင်းထဲမှာ စက္ကန့်ပိုင်း၊ မိနစ်ပိုင်းမှာ လက္ခဏာတွေ ပေါ်လာမယ်။ အရေပြား၊ ဂျိုင်း၊ ပေါင်ခြံ၊ ပူနွေးလာမယ်၊ နီရဲလာမယ်။ စိတ်က စိုးရိမ်လာမယ်။ နှလုံးခုန်နှုန်း မြန်လာမယ်။ လည်ပင်း၊ လျှာရောင်လို့ အသံသြလာမယ်။ အမြိုရခက်လာမယ်။ အသက်ရှူရခက်လာမယ်။ နှာရည်ယို၊ နှာခြေ၊ ပန်းနာထသလိုအသက်ရှူကြပ်လာမယ်။ အန်၊ ပျို့၊ ဗိုက်အောင့်၊ ဆီး-ဝမ်း သွားချင်လာမယ်။ သွေးဖိအားကျမယ်။ သတိလစ်မယ်။ Acute pulmonary edema ခေါ် ရုတ်တရက်အဆုပ်ရောင်ခြင်းကြောင့် သေနိုင်တယ်။

ဖြစ်စေသည့်အကြောင်းရင်းများ
၁။ ဆေးဝါးများ၊
၂။ တိရစ္ဆာန်၊ လူပရိုတင်းများ၊
၃။ တာရှည်ခံစေရန် သုံးဆောင်သည့် ဆေးများ၊
၎။ ရုပ်ပိုင်း ထိတွေ့မှုများ၊

Anaphylaxis (အနာဖလက်ဆစ်) နှင့် မှားနိုင်တဲ့ Fainting ခေါ် သတိလက်လွတ်ဖြစ်ခြင်းဖြစ်ရင် သွေးခုန်နှုန်းနှေးမယ်။ အေးစက်နေမယ်။ ဖြူဖတ်ဖြူရော် ဖြစ်နေမယ်။ အသက်ရှူမကြပ်ပါ။ အသက် မသေစေပါ။

Anaphylaxis (အနာဖလက်ဆစ်) ကုသနည်း
၁။ Epinephrine (Adrenaline) ထိုးပေးရင် သက်သာသွားမယ်။ သွေးလွှတ်ကြောတွေကို ကျဉ်းစေတယ်။ အရည်ထွက်တာကို တားတယ်။ အသက်ရှူပြွန်ကျယ်စေတယ်။ တင်ပါး၊ လက်အောင်း၊ ပေါင်၌ ချက်ချင်းထိုးပေးပါ။ ထိုးသည့်နေရာကို ပွတ်ပေးပါ။ အဝတ်အစားချွတ်ဘို့ ကြာနေမယ်ဆိုရင် အဝတ်ပါးပါးပေါ်က (သန့်ရှင်းလျှင်) ဆေးထိုးအပ်စိုက် ထိုးနိုင်တယ်။ နှလုံးခုန်ပြန်မယ်။ နှလုံးရောဂါ အကြီးအကျယ် မရှိရင် ပေးနိုင်တယ်။
• လူကြီး၊ ၁၂ နှစ်အထက်၊ 0.3 ml
• ကလေး 6 to 12 years 0.2 ml
• ကလေး 2 to 6 years 0.15 ml
• ကလေး 1 to 2 years 0.05 ml to 0.1 ml

၂။ ၁ဝ % သော လူနာတွေက ၄-၁၂ နာရီအကြာ ပြန်ဖြစ်တယ်။ သို့မဟုတ် ရောဂါလက္ခဏာတွေကျန်ပြီး ပြန်ဖြစ်မယ်။ ၁ဝ-၁၅ မိနစ်အထိ ဆက်ဖြစ်နေရင် နောက်ထပ်ထပ်ထိုးပါ။

၃။ အောက်ဆီဂျင်ပေးရန် လိုချင် လိုမယ်။

၎။ သွေးကြောထဲ Drip သွင်းထားခြင်းတို့ လိုအပ်နိုင်တယ်။

၅။ (အလာဂျီ) ကြောင့်ဖြစ်ပါက Antihistamine injection (အင်တီဟစ်တမင်း) ထိုးပေးနိုင်တယ်။

၆။ Corticosteroids (ကော်တီကိုစတီရွိုက်) တို့လည်း လိုနိုင်တယ်။

၇။ အဆိပ်ပါတဲ့အကောင် အကိုက်ခံရပါက ၄င်းနေရာ၏ အထက်၌ ကြိုးစည်းပေးပါ။ (၁ဝ) မိနစ် တခါ ဖြည်ပေးပါ။

၈။ လူနာ သတိကောင်းပါက ခြေထောက်မြှောက်၍ အိပ်လျက်ထားပါ။

၉။ အသက်ရှူရပ်ပါက အရေးပေါ် အသက်ရှူစေရန် လုပ်ပေးသည့်နည်း CPR ကိုလုပ်ပါ။

၁ဝ။ Acute pulmonary edema ခေါ် ရုတ်တရက် အဆုပ်ရောင်ခြင်းဆိုတာ အပြင်းအထန်အသက်ရှူကြပ်ခြင်း၊ ရေနစ်သလို ခံစားရခြင်း၊ အသက်ရှူမဝဖြစ်ကာ ရွှီရွှီအသံထွက်ခြင်း၊ စိုးရိမ်ကြောက်လန့် ဂနာမငြိမ်ဖြစ်ခြင်း၊ ချောင်းဆိုးရာ၌ အမြှုပ်နှင့် သွေးတို့ ပါလာခြင်း၊ ချွေးအလွန်ထွက်ခြင်း၊ အရေပြား ဖြူရော်ရော် ဖြစ်လာခြင်း၊ ရတ်ဘတ်နာခြင်းတွေဖြစ်မယ်။ မေးခွန်းထဲကလူနာဖြစ်တာမျိုး။

Injection Furosemide (Lasix) ထိုးရမယ်။ ကိုယ်ထဲမှအရည်တွေကို အလျှင်အမြန် ထုတ်ပေးမယ်။ အဆုပ်ရောင်ခြင်းကို သက်သာစေမယ်။ ဝ.၅ မှ ၁ မီလီဂရမ်အား အသား သို့မဟုတ် အကြောထဲထိုးပေးရမမယ်။ ၂ နာရီ ၃ နာရီခြား ထပ်ပေးဖို့ လိုနိုင်တယ်။

Allergies Treatment (အလာဂျီ) ကိုကုသခြင်း http://doctortintswe.blogspot.com/2014/10/allergies-treatment.html
Shock ရှော့ခ်ဖြစ်နေတဲ့တိုင်းပြည် http://doctortintswe.blogspot.com/2015/05/shock.html
Food allergy အစာနဲ့မတည့်ခြင်း http://doctortintswe.blogspot.com/2016/09/food-allergy.html
Help me please Saya! ဆရာရေ ကယ်ပါဦး http://doctortintswe.blogspot.com/2016/04/help-me-please-saya.html
Bug Bites အကောင်ကိုက်ခံရခြင်း http://doctortintswe.blogspot.com/2016/03/bug-bites.html
Shock (ရှော့ခ်) http://doctortintswe.blogspot.com/2014/12/shock.html

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး