The next revolution in personal health may be the little band that tracks your steps

လက်ကောက်ဝတ်ပတ်ကိရိယာ ဆေးသိပ္ပံနည်းပညာတော်လှန်ရေး

(ဆိုကရေးတီး) ကပြောဘူးတယ်။ စစ်ဆေးခြင်းမခံရတဲ့ဘဝဟာ အချည်းအနှီးပဲတဲ့။ သူပြောတဲ့အတိုင်း ကနေ့ ၂၁ ရာစုထဲမှာ ဖြစ်လာနေပါပြီ။

• Jawbone UP24 ခေါ်တဲ့ ကိရိယာလက်ပတ်ကိုဝတ်ဆင်ထားရင် ခြေလှမ်းတိုင်းနဲ့ (ကယ်လိုရီ) ကို ရေတွက် ပေးနေမယ်။ ဒီတော့ တနေ့မှာ (ကယ်လိုရီ) ဘယ်လောက်သာ စားရမယ်ဆိုထက် မပိုစေအောင် သတိပေးနေတယ်။
• iPhone app MyFitnessPal အိုင်ဖုန်း အက်ပ် ကနေ awbone data (ဒေတာ) တွေနဲ့ (ဆင့်ခ်) လုပ်ပေးနေမယ်။
• Jawbone bracelet လက်ကောက်ပတ်စရာကနေ မိုးရှင်း ဆင်ဆာသုံးပြီး အိပ်နေချိန်ကိုမှတ်ပေးနေမယ်။
• Jawbone app ကနေ (အယ်လ်လော်ဂရီသမ်) သုံးပြီး ခပ်ပေါ့ပေါ့အိပ်ပျော်နေသလား၊ နှစ်နှစ်ခြိုက်ခြိုက် အိပ်သလားလို့ ဖေါ်ပြပေးနေမယ်။
• iPhone app RunKeeper ကနေ အပြေးအနှေးအမြန်ကိုတိုင်းတာပေးနေမယ်။

အားလုံးခြုံလိုက်ရင် သင်ရဲ့ကိုယ်ပိုင် (ဒေတာ) တွေဖြစ်ပါတယ်။ အဲတာတွေကိုသိနေစေပါမယ်။ ကိုယ့်အကြောင်းကို သိနေချင်တဲ့သမိုင်းကရှည်လျားပါတယ်။ Benjamin Franklin ဘင်ဂျမင် ဖရင့်ကလင် ဟာ သူ့ကိုယ်ပိုင်စာရင်းဇယား ချတ် တွေကို ၁၃ အုပ်စာ သိမ်းထားခဲ့တယ်။ အခုတော့ Digital self- tracking devices ဒစ်ဂျစ်တယ်လ် ကိုယ့်ဖါကိုယ် နောက်ကြောင်းလိုက် ကိရိယာမျိုးသုံးနိုင်လာပါပြီ။

Internet (အင်တာနက်) ကိုသုံးပြီး (စမတ်ဖုန်း) မှာ ဖေါ်ပြနေမှာပါ။ မှတ်တမ်းတင်ပေးမယ်၊ စုဆောင်းပေးထားမယ်။ လိုတဲ့အခါ ကိုယ့်ဆရာဝန်နဲ့ (ရှယ်ယာ) လုပ်နိုင်ပါတယ်။ ဆေးရုံတွေကလဲ အဲတာမျိုးသုံးနေပါပြီ။ တချို့ကဆို ရှေ့တောင် ရောက်နေပြီး ဥပမာ Cleveland Clinic ဆေးခန်းမှာ တာဝန်ထမ်းနေသူတွေနဲ့ သူတို့မိသားစုဝင်တွေ (၅ သောင်းကျော်) ကို Pebble ခေါ်တဲ့ လှုတ်ရှားမှုနောက်ကြောင်းလိုက် ကိရိယာ သုံးစေထားပါတယ်။ အဲဒီအထဲက လူပေါင်း ၁၈ဝဝဝ ဟာ တလမှာ ခြေလှမ်းပေါင်း တစ်သိန်းပြည့်ရမယ်ဆိုတဲ့ပန်းတိုင်ကိုပြည့်မီနေကြပါတယ်။ တနည်းအားဖြင့် ၆ လအတွင်းမှာ လှုတ်ရှားမှု မိနစ်ပေါင်း ၆ဝဝ ရှိပါတယ်။ တနေ့မှာ မိနစ် ၂ဝ ပျမ်းမျှရှိပါတယ်။ ဒီနည်းပညာစနစ် သုံးသူတွေကို ဈေးသက်သာတဲ့ ကျန်းမာရေးအာမခံလုပ်ပေးထားပါသေးတယ်။

Mayo Clinic ဆေးရုံကလဲ အဲလိုမျိုးသုံးပြီး ခွဲစိတ်ပြီးလူနာတွေကိုစောင့်ရှောက်ပေးနေပါတယ်။ ၂ဝ၁၃ ခုနှစ်ထဲမှာ အသက် ၅ဝ ကျော် နှလုံးခွဲစိတ်ကုသသူ ၁၅ဝ ကို Fitbit activity trackers သုံးပြီး ခွဲပြီးနောက်တရက်မှာ စောင့်ကြည့်ခဲ့ပါတယ်။ အသက်ကြီးသူတွေမှာ လှုတ်ရှားမှုနည်းကြတယ်။ နလံထတာနှေးစေတယ်။ ဒီနည်းနာသုံးလို့ ဆေးရုံကနေ မြန်မြန် ဆင်းနိုင်ကြတယ်။

ဒေတာတွေအများကြီးရတာမို့ သုနေသနလုပ်ရာမျာ ပိုကောင်းစေပါတယ်။ တကမ္ဘာလုံးက Jawbone သုံးနေသူတွေ ဆီကနေ အိပ်စက်ချိန်ဒေတာပေါင်း သန်း ၁၃ဝ ကျော်ရရှိပါတယ်။ ခြေလှမ်းရေတွက်မှုပေါင်း ၁့၆ ထရီလီယန် ကျော်နဲ့ အစားအသောက်အမယ်ပေါင်း သန်း ၁၈ဝ လဲရထားပါသေးတယ်။
• အမေရိကန် တောင်ပိုင်းပြည်နယ်တွေကလူတွေဟာ ရွေ့ရှားမှု နှေးကြတာကို သိလာရတယ်။
• နယူးယောက်မှာ နေသူတွေက စနေ၊ တနင်္ဂနွေနဲ့ ကြားရက်တွေမှာ ပိုအိပ်စက်ကြတယ်။ ပင်စင်စားတွေ အနေများတဲ့ အော်လန်ဒိုက လူတွေဟာ စနေရယ် တနင်္ဂနွေရယ်မရွေးအိပ်စက်တာတူကြတယ်။
• အမေရိကန်တွေသည်းခြေကြိုက် Super Bowl ကစားပွဲမှာ ၂ဝ၁၃ ခုနှစ်တုံးက အိပ်ချိန်နည်းကြတာတွေ့တယ်။ ၂ဝ၁၄ မှာတော့ အဲလောက်မများကြဘူး။
• မွတ်ဆလင်တွေသာနေတဲ့ ဒူဘိုင်းမှာ Ramadan လတုံးက လူတွေဟာ နေ့ပိုင်းမှာ လှုတ်ရှားမှု နည်းကြပြီး၊ အိပ်နေကြတာကပိုတာကို (ဒေတာ) နဲ့တကွသိနိုင်တယ်။

Jawbone ရဲ့ နောက်ဆုံးပေါ်ကိရိယာ UP3 ကနေ bioimpedance  ဆင်ဆာသုံးပြီး နှလုံခုန်နှုန်းတိုင်းပေးမယ်။ လက်ကောက်ဝတ်ပတ်ကိရိယာကနေထုတ်ပေးတဲ့ သေးငယ်လှတဲ့ လျှပ်စစ်စီးကြောင်းကို ကိုယ့်တစ်ရှူးတွေက ခံနိုင်ရည်ကို တိုင်းတာသာဖြစ်တယ်။ နောင်ဆိုရင် အရေပြားအပူချိန်၊ အသက်ရှူတာ၊ ရေဓါတ်၊ စတာတွေကိုပါသိနိုင်မယ်။

Microsoft ကနေလဲ Microsoft Band ထုတ်လုပ်ထားပါပြီ။ Google Android Wear ကနေလဲ ပြေးတာနဲ့ စက်ဘီးစီးတာကို နောက်ကြောင်းလိုက်ပြီး (ဒေတာ) တွေအားလုံိးကု မှတ်တမ်းတင်နိုင်ပါတယ်။ Apple နဲ့ Samsung စမတ်ဖုန်းတွေမှာ အဲတာတွေ သိနိုင်တဲ့ pedometers ဆိုတာပါပြီးသားဖြစ်နေပါပြီ။

ဒေါက်တာတင့်ဆွေ
၆-၁၂-၂ဝ၁၄

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး