Posts

Showing posts from November, 2014

Burmese Spelling မြန်မာသတ်ပုံ

Image
“ဆဌသံင်္ဃာရတနာတင်ကမ္ဘာအေးလိုင်ကူ။သာသနာကြီးဆက်လက်တည်တန့်ပွားများပါစေ” လို့ တင်ထားတာကို ဖတ်ရပါတယ်။ အဲဒီထဲမှာ သတ်ပုံပြင်စရာ (၃) ခုရှိပါတယ်။ (ဆဋ္ဌမ)၊ (သင်္ဂါယနာ) နဲ့ (လိုဏ်ဂူ) ဖြစ်ပါတယ်။ ဒါ့ပြင် အလွယ်ရှာတွေ့သမျှ (၁ဝ) နေရာမှာလဲ (သံဃာ) ကို (သံင်္ဃာ) လို့ မှားပေါင်းထားပါသေးတယ်။ 1. www.shwemyotaw.com/profile/phyolay734?xg_source=profiles... ၀ါဆိုလပြည့်နေ့ သည်ဓမ္မစင်္ကြာတရားသီးဟောသောနေ့ ဖြစ်သလို ရတနာသုံးပါးတွင်တစ်ပါးအပါအ၀င်ဖြစ်သော သံင်္ဃာရတနာ  ... 2. www.shwemyotaw.com/profiles/blog/list?tag=အကြံပြုစာ ... ဟောသောနေ့ ဖြစ်သလို ရတနာသုံးပါးတွင်တစ်ပါးအပါအ၀င်ဖြစ်သော သံင်္ဃာရတနာ စတင်ပေါ်ပေါက်ခဲ့သောနေ့ လည်းဖြစ်ပေ၏  ... 3. www.shwemyotaw.com/xn/detail/5442636:Comment:7973991?xg... Jul 11, 2014 - ... သံင်္ဃာရတနာ စတင်ပေါ်ပေါက်ခဲ့သောနေ့ လည်းဖြစ်ပေ၏ ၀ါတွင်းကာလသည်ရဟန်းတော်များ မိုးလေးလပတ်လုံး  ... 4. alienable1.rssing.com/chan-2715815/all_p421.html သံင်္ဃာရတနာ စတင်ပေါ်ပေါက်ခဲ့သောနေ့ လည်းဖြစ်ပေ၏ ၀ါတွင်းကာလသည်ရဟန်းတော်များ မိုးလေးလပတ်လုံး 5. kandawyakethar.blogspot.com/2010/07/download.html Jul 28, 2010 - ၀ါဆိုလ တွင်

30-11-2014 Visitors

Image
အိန္ဒိယမှာ နှစ်ပေါင်းများစွာ အတူနေခဲ့ကြပြီး၊ ဒီနိုင်ငံတခြားပြည်နယ်မှာရောက်နေကြတဲ့ မနိုးနီးနဲ့ သမီး မားသဲတို့ အိမ်အထိလာလည်ကြတယ်။ ကျန်းမာစွာတွေ့ရလို့ ဝမ်းသာကြရတယ်။

HIV and AIDS by the Numbers (အိတ်ခ်ျအိုင်ဗွီ-အေအိုင်ဒီအက်စ်) ကိန်းဂဏန်းများ

Image
• ၁၉၈၁ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့က အမေရိကန် ပြည်ထောင်စု လော့စ်အင်ဂျဲလိစ် က လူ ၅ ဦးမှာ HIV/AIDS (အိတ်ခ်ျအိုင်ဗွီ-အေအိုင်ဒီအက်စ်) ရောဂါရှိခဲ့တယ်လို့ ကူးစက်ရောဂါ ထိန်းချုပ်ရေးဌာနကနေ ထုတ်ပြန်ခဲ့တာဟာ ပြီးခဲ့တဲ့ တနင်္ဂနွေမှာ နှစ် ၃ဝ တင်းတင်း ပြည့်သွားပြီ ဖြစ်တယ်။ • အဲဒီ ထုတ်ပြန်ချက်ကို HIV/AIDS ရောဂါရဲ့ ကနဦးလို့ သတ်မှတ်နိုင်ပြီး၊ အဲဒီကတည်းက HIV/AIDS ရောဂါကို လေ့လာဘို့ အတူးအဖွဲ့ကိုလဲ စတင်ဖွဲ့စည်းခဲ့တယ်။ • ၁၉၈၂ ဇူလိုင်လမှာ ဒီရောဂါလို့ နာမည်မတပ်ရသေးသူပေါင်း အမေရိကန် ပြည်ထောင်စု တဝက်လောက်မှာ ပြန့်နေတဲ့ လူနာပေါင်း ရာဂဏန်း ရှိနေပြီဖြစ်တယ်။ • အာရုံစိုက်ဘို့ ကောင်းတဲ့ ကိန်းဂဏန်တွေကတော့ ဒီအတိုင်း ဖြစ်ပါတယ်။ - ၃၃့၎ သန်း = ကုလသမဂ္ဂ UNAIDS နောက်ဆုံး ထုတ်ပြန်ချက်အရ ကမ္ဘာတလွှား HIV ကူးစက်ခံနေရတဲ့ ယောက်ျား-မိန်းမအရေအတွက်၊ - ၅့၇ သန်း = ကုလသမဂ္ဂ UNAIDS ထုတ်ပြန်ချက်အရ အများဆုံးဖြစ်တဲ့ တောင်အာဖရိက မှာ HIV/AIDS ရှိနေသူပေါင်း။ - ၂့၅ သန်း = ကမ္ဘာတလွှား HIV ကူးစက်ခံနေရတယ်လို့ သိထားရတဲ့ ကလေးစုစုပေါင်း၊ - ၁၉၅၉ = AIDS အစောဆုံးလူနာ၊ လူတဦးဟာ သွေးရောဂါ သုတေသနအတွက် သွေးလှူဒါန်းဘို့ ဆေးရုံကို လာခဲ့တယ်။ သူ့သွေးကို ၁၉၈ဝ ခုန

World AIDS Day ကမ္ဘာ့ (အေ-အိုင်-ဒီ-အက်စ်) နေ့

Image
• ကမ္ဘာ့ AIDS နေ့ကို AIDS ရောဂါတိုက်ဖျက်ရေးအတွက် ရံပုံငွေရှာဘို့၊ တလွဲအယူအဆတွေကို ပယ်ဖျက်ဘို့နဲ့ အသိပညာတိုးတက်စေရေးတို့အတွက် ၁၉၈၈ ခုနှစ် ဒီဇင်္ဘာ ၁ ရက်နေ့ကတည်းက သတ်မှတ်ကျင်းပနေခဲ့တယ်။ • HIV ဆိုတာ ပျောက်မသွားသေးဘူး။ လုပ်စရာတွေ အများကြီး ကျန်နေသေးတယ်ဆိုတာကို လူအများကို သိစေအောင် လုပ်ရလို့ ကမ္ဘာ့ AIDS နေ့က အရေးကြီးတယ်။ • UNAIDS ရဲ့ ခန့်မှန်းချက်အရ ကလေး ၂့၅ သန်း အပါအဝင် လူပေါင်း ၃၃့၃ သန်းမှာ HIV ပိုး ရှိနေကြတယ်။ ၂ဝဝ၉ ခုနှစ်တုံးက လူနာသစ် ၂့၆ သန်းထပ်ရှိခဲ့ပြီး၊ ၁့၈ သန်း ဒီရောဂါကြောင့် သေဆုံးခဲ့ကြရတယ်။ • ဒီရောဂါ ဖြစ်သူထဲက တကယ့် အများစုကြီးဟာ ဝင်ငွေနည်း၊ ဝင်ငွေ အလယ်အလတ်သာရှိတဲ့ တိုင်းပြည်တွေက ဖြစ်ကြတယ်။ တကယ်တော့ HIV ဟာ နိုင်ငံတိုင်းက ယောက်ျား-မိန်းမ-ကလေး အားလုံးကို ခြိမ်းခြောက် နေတာပါ။ • World AIDS Day theme ကတော့ Universal Access and Human Rights “အားလုံး လက်လမ်းမီရေး နဲ့ လူ့အခွင့်အရေး” ဆိုတာ ၂ဝ၁ဝ ခုနှစ်ရဲ့ ဆောင်ပုဒ် ဖြစ်တယ်။ • ကမ္ဘာ့ခေါင်းဆောင်တွေက HIV/AIDS ကုသရေး၊ ကာကွယ်ရေး ဆိုတာ “လူ့အခွင့်အရေး” အဖြစ် လက်ခံကြပြီး၊ HIV/AIDS နဲ့ ဆိုင်တာတွေကို လက်လှမ်းမီဘို့ တန်ဘိုးရှိတဲ့ တိုးတက်မှုတွေ လုပ်ခ

Pregnancy and weight gain ကိုယ်ဝန်နဲ့ ကိုယ်အလေးချိန်

Image
ဒေါက်တာရှင် အရင်အကူအညီတောင်းဖူးတဲ့ ကိုယ်ဝန်သည် ညီမကပဲ ထပ်ကူညီတောင်းလို့ပါ။ သူက ကိုယ်ဝန်ဆောင်ကာလ ဝိတ်အရမ်းတက်လာနေတာ ခုဆို ၁၉ဝ ထိရှိတယ်ပြောပါတယ်။ အရင်ကတော့ ချိန်မထားလို့ သေချာမသိပေမယ့် သူကအရင်ထဲက ဝတဲ့အမျိုးအစားထဲကပါ။ စိုးရိမ်ရသလားရှင့်။ နောက်ဆက်တွဲ ဘယ်လိုအန္တရာယ် ရှိတတ်ပါသလဲ။ ဘယ်လိုနေထိုင်ရမလဲ လမ်းညွန်ပါအုံးရှင်။ ကိုယ်ဝန်ဆောင်ချိန်မှာ အလေးချိန်ဘယ်လောက်တိုးသင့်သလဲကို Body mass index (BMI) နဲ့တိုင်းတာတယ်။ ကိုယ်ဝန်မဆောင်ခင်ကရှိတဲ့ အလေးချိန်ကို အရပ်နှစ်ထပ်ကိန်းနဲ့ စားတယ်။ • BMI က 185 ကနေ 249 ရှိနေခဲ့ရင် ကိုယ်ဝန်ဆောင်တဲ့အခါ 11 ကနေ 16 kg အထိတိုးမယ်။ • BMI က 185 ထက်နည်းတဲ့ပိန်သူဆိုရင် 12 ကနေ 18 kg တိုးသင့်တယ်။ • BMI က 25 ကနေ 299 အထိ ဝသူဆိုရင် 7 ကနေ 11 kg တိုးသင့်တယ်။ • BMI က 30 ကျော်တဲ့ သိပ်ဝနေသူဆိုရင် 5 ကနေ 10 kg တိုးသင့်တယ်။ ကိုယ်ဝန်ပဌမသုံးလမှာ ကီဂျီဝက်ကနေ ၂ ကေဂျီအထိတိုးသင့်တယ်။ ဒုတိယသုံးလထဲကစပြီး တလကို ၂ ကေဂျီ မှန်မှန် တိုးနေသင့်တယ်။ 11-16 kg တိုးတဲ့ကိုယ်ဝန်မှာ အထဲကကလေးအလေးချိန်က 35 kg ရှိမယ်။ အချင်း = 1-15 kg ရှိမယ်၊ ရေမြွာရည် = 1-15 kg ရှိမယ်၊ ရင်သား = 1-15 kg ရှိမယ်၊ သွေး = 2 kg

Factor VIII ဖက်တာ-အိတ်

Image
၁။ ကျွန်မရဲ့သားက အသက် ၅ နှစ် ၂ လရှိပါပြီ။ နှာခေါင်းသွေးယိုလို့ ဆေးခန်းပြ သွေးစစ်တာ factor 8 ကနည်းနေတယ်။ 27% ဖြစ်နေတယ်ပြောပါတယ်။ နောက်တကြိမ်ထပ်စစ်ထားပါတယ်။ နောက်တကြိမ်မှာလည်းနည်းနေရင် ရိုးတွင်းခြင်စီ စစ်မယ်ပြောပါတယ်ရှင်။ အဲဒါဘာရောဂါကိုသံသယရှိလို့စစ်တာပါလဲရှင်။ အသက်အန္တရာယ်စိုးရိမ်ရပါလားရှင်။ အသက်အန္တရာယ်ကိုထိခိုက်မှာအရမ်းစိုးရိမ်ပါတယ်ရှင့်။ ကျေးဇူးပြု၍စာပြန်ပေးပါရှင့်။ ၂။ ကျွန်တော်ဟာ ဇန်နဝါရီလ ၂ဝဝ၉ မှာ ဘယ်ဘက်ခြေထောက် ရောင်ပြီး နီလာပါတယ်။ ထိမရအောင် နာပါတယ်။ ဒါနဲ့သွေးဌာန ရန်ကုန်မှာ တက်ပြီး ဆေးကုသပါတယ်။ သွေးမတိက်ရောဂါ factor 8 နည်းတဲ့ရောဂါဖြစ်လို့ သွေးဖြူအိတ် cryl 80 အိတ်လောက် သွင်းရပါတယ်။ ထိခိုက်ဒဏ်ရာ မရအောင်နေပါတယ်။ တစ်ခါတစ်လေ ဟိုနားဒီနား ယာင်ပြီး နီလာရင်တော့ Pause 500mg နဲ့ kstat 500mg ကိုသောက်ရပါတယ်။ လျှာနဲ့လည်ပင်းမှာဖြစ်ရင်တော့ factor 8 ထိုးဆေး ထိုးရပါတယ်။ လူပင်ပန်းငွေကုန်းကြေးကျများတာမို့ ဘာဆေးကို ဘယ်လိုသောက်ရမလဲ၊ ဈေးအနည်းဆုံးနဲ့ ဘာဆေးကို ထိုးရမလဲဆိုတာ သိချင်ပါတယ်။ ဘာဓာတ်စာစားရင် သွေးမတိက်ရောဂါ ရှိသူတွေအတွက် အကောင်းဆုံးဆိုတာကို သိချင်ပါတယ်။ ဦး (့)၊ အသက် ၆ဝ။ Factor VIII (

Aye Clinic အေးဆေးတိုက်

Image
• သည်နေရာဝရံတာမှာ လူနာစာအုပ်လေးတွေ အစီအစဉ်နဲ့တင်၊ ဆေးတွေလဲပြင်ပြင်ဆင်ဆင်၊ • အထဲကုတင် စမ်းသပ်နေတဲ့လူနာတွေတင်၊ • လာသမျှ ကုသပေးခဲ့တဲ့ ဆရာဝန်။ • ဆေးခန်းကို ဦးစီးဆောက်ပေးတဲ့သူငယ်ချင်း လေဖြတ်နေတယ်လို့ မကြားချင်တဲ့သတင်းလဲဝင်၊ • ဆေးခန်းမှာ လာကူပေးနေခဲ့တဲ့နှမ လူ့လောကကိုစွန့်ခွါသွားတဲ့သတင်းကအရင်။ • ဆေးတွေပျယ်နေတဲ့ဆေးခန်း ဆေးစွမ်းမထင်၊ • ရေမန်းတောင်မပေးသာလို့ လေမန်းနဲ့ကုသနိုင်တဲ့ ဆေးပညာကိုငါသင်ချင်။     ။ ဒေါက်တာတင့်ဆွေ ၃ဝ-၁၁-၂ဝ၁၄

Flower buds ဖူးငုံခြောက်ပန်း

Image
• ကနေ့မနက် RFA တနင်္ဂနွေစကားဝိုင်းမှာ ဦးကိုနီ၊ ဦးသိန်းသန်းဦးတို့နဲ့အတူ ပါဝင်ဆွေးနွေးခွင့်ရခဲ့ပါတယ် • ကျွန်တော်တို့ မျှော်လင့်ခဲ့ကြတဲ့ ပန်းခြောက်ပွင့်ကတော့ အငုံအဖူးလေးအဆင့်မှာ သမတဆီကရေမရ၊ ကာချုပ်ဆီကလေမရတာနဲ့ ပွင့်နိုင်ရှာတော့မယ် မထင်ပါ။ • မျိုးမှန်ရင် တနေ့ရှင်သန်လာရမယ်လို့ အားခဲနေဆဲပါဗျာ။ ဒေါက်တာတင့်ဆွေ ၂၉-၁၁-၂ဝ၁၄

Hepatitis C အသည်းရောင် (စီ) ကာကွယ်ရေး

Image
နောက်ဆုံးတွေ့ရှိချက်တွေအရ (စီ) ပိုးဟာ သွေးလမ်းကတဆင့်ကူးတယ်။ ပိုးရှိသူနဲ့ အတူနေရင် (ကွန်ဒွမ်) သုံးရပါမယ်။ အသည်းရောင် (စီ) တွေ့ရင် ရောဂါလက္ခဏာ မရှိဘဲနေတတ်လို့၊ အတော်များများက ဆေးစစ်တဲ့အခါ အမှတ်မထင် ပိုးရှိနေတာကို တွေ့ကြရတယ်။ (စီ) ပိုးတွေ့တယ်လို့ဆိုရင် သူဟာကမ္ဘာပေါ်ကလူပေါင်းသန်း ၁၇ဝ ထဲက တယောက်ပါ။ အကြောက်မကြီးအောင် ပြောရရင် ၁ဝဝ မှာ ၈ဝ-ဂ၅ ယောက်လောက်က နာတာရှည် မဖြစ်ကြပါ။ နာတာရှည်ကနေ နောက်ဆက်တွဲ ဆိုးဝါးတာတွေဖြစ်တဲ့ ရာနှုန်းကလည်း ၅ ဂဏန်းအောက်မှာပါ။ အသည်းရောင် (စီ) ပိုးဝင်ရင် သာမန်ကာရှန်ကာ ၁ ပါတ် ၂ပါတ်လောက်သာ ခံစားရတာမျိုးနဲ့ အသက်ကိုပါ ရန်ရှာတဲ့ အဆင့်မျိုး ဖြစ်နိုင်တယ်။ (ဘီ) နဲ့မတူတာက ဘီပိုးဟာအထဲဝင်ပြီး၊ ကင်းစင်သွားနိုင်ပေမဲ့ (စီ) ပိုး ကတော့ အမြဲရှိနေတတ်တယ်။ (ဘီ) ပိုးက လိင်ကနေတဆင့် ကူးစက်တာများပြီး၊ (စီ) ပိုးကတော့ သွေးကတဆင့် ကူးတာကအဓိက ဖြစ်တယ်။ ဘယ်လောက်စောစောသိနိုင်သလဲ။ တပါတ်ကနေ လတွေအများကြီးအထိကြာနိုင်တယ်။ ကိုယ်ကနေ (အင်တီဘော်ဒီ) ထုတ်လာမှ၊ စမ်းတွေ့နိုင်လောက်အောင်များလာမှသာ စမ်းလို့သိနိုင်တယ်။ ပျမ်းမျှ ၃ ပါတ်လို့လဲယူဆထားတယ်။ သုတေသနလုပ်သူတွေအတွက်တော့ အသည်းကအသားစယူစစ်ရင်တော့ စောသိတယ်။ (စီ)

Pregnancy selfies ကိုယ်ဝန်ဆောင်ဓါတ်ပုံ

Image
၁။ ဆရာ မင်္ဂလာပါ။ ကျွန်မက ကိုယ်ဝန် ၂၈ ပတ်ကျော်ပါပြီ။ ကလေးကတခါတလေအရမ်းလှုပ်ပါတယ်။ တခါတလေလဲ အရမ်းငြိမ်နေပါတယ်။ တခါတလေဆို ဗိုက်ကအရမ်းကို တင်းနေတက်ပါတယ် ဆရာ။ ကျွန်မက ကလေးပုံမှန်ဖြစ်ရဲ့လား စိတ်ပူနေလို့ပါ။ ပြီးတော့ မနေ့က shopping mall သွားရင်းနဲ့ မထင်မှတ်ပဲ show ပွဲတစ်ခုနဲ့တိုးတော့ အရမ်း ဆူညံသံတွေကြောင့် ကလေးရဲ့ အကြားအာရုံများထိခိုက်သွားနိုင်ပါသလား ဆရာ။ ဒါမှမဟုတ် အရမ်းလန့်ပြီး နှလုံးတွေများ ထိခိုက်နိုင်ပါသလား ဆရာ။ မပူပါနဲ့။ ကလေးလှုတ်လေကောင်းလေပါ။ တနေကုန်မလှုတ်ရင်တော့ ဆရာဝန်ပြပါ။ အပြင်ကအသံဆူတာအတွက်လဲ စိုးရိမ်စရာမရှိပါ။ မခင်လောင်းက စိတ်ကို အပြုသဘောဆောင်ပါ။ ကျေးဇူးတင်ပါတယ်ဆရာ။ ဆရာ ကျန်းမာချမ်းသာပါစေရှင်။ ၂။ ဓါတ်ပုံရိုက်တာ ကလေးကို ဘာတွေထိခိုက်စေနိုင်ပါသလဲ ဆရာ။ ဆရာ ကိုယ်ဝန်ဆောင်နေတုန်း ဓါတ်ပုံ မရိုက်ကောင်းဘူးလို့ လူကြီးတွေပြောတာ ကြားဖူးနေလို့ပါဆရာ။ ဓါတ်မှန်မဟုတ်ရင် ဘာမှမဖြစ်ပါ။ အရင်ပေါ်ကင်မရာတွေမှာ သဘာဝအလင်းရောင်သာ သုံးတယ်။ ဓါတ်ရောင်ခြည်မပါ၊ အသံလှိုင်းမပါ၊ လျှပ်စစ်မပါ။ ခေတ်ပေါ် ကင်မရာ၊ ဖုန်းနဲ့တွဲထားတဲ့ ကင်မရာတွေကလဲ ကွန်ပြူတာနည်းသာသုံးတယ်။ အာလ်ထွာဆောင်းလဲ စိုးရိမ်စရာမရှိပ

Avamigran အဗာမိုက်ဂရင် ဆေး

Image
Avamigran ကို တစ်လမှာ ဘယ်နှစ်လုံးထိ သောက်နိုင်ပါသလည်း သိချင်ပါတယ်ဆရာ။ Avamigran အဗာမိုက်ဂရင် ဆေးဟာ Ergotamine Tartrate ဆေးဖြစ်တယ်။ ဆေးကုမ္ပဏီတွေက နာမည်အမျိုးမျိုးနဲ့ ရောင်းတယ်။ Avamigran, Benera, Cafergot, Migana, Polygot, Ergomar စသဖြင့်။ Ergotamine Tartrate ဆေးအတွဲကို ခေါင်းကိုက်တာအတွက်ပေးတယ်။ အထူးသဖြင့် vascular headaches အမျိုးအစား ဖြစ်တဲ့ migraine headaches နဲ့ cluster headaches တွေအတွက်ကောင်းတယ်။ Ergotamine ဆေးကနေ ကျဉ်းနေတဲ့ သွေးကြောလေးတွေကို ကျယ်လာစေတယ်။ ဒါကြောင့် throbbing effects ခေါင်းထိုးကိုက်တာမျိုးကို သက်သာစေတယ်။ Ergotamine Tartrate ဆေးကိုလျှာအောက်မှာငုံထားရတယ်။ ဝါးမစားရပါ။ ငုံထားတုံးမှာ အစားအသောက်ကို ပါးစပ်ထဲမထည့်ရပါ။ ဆေးဘယ်လောက်ပေးရမလဲဆိုတာ ရောဂါအပေါ်မူတည်တယ်။ နေ့တိုင်းလဲမလိုပါ။ ရေရှည်လဲ မသင့်ပါ။ အများဆုံး ၂၄ နာရီအတွင်းမှာ ၃ ပြား။ ၇ ရက်တပါတ်အတွင်း ၅ ပြား။ ခေါင်းကိုက်တာနဲ့ ဆေးသောက်သင့်တယ်။ ကိုက်လာမှ သောက်တာ မထူးလှပါ။ ဆေးကိုမှီခိုချင်တဲ့သဘောဖြစ်လာနိုင်တယ်။ rebound headaches ဆေးဖြတ်တာနဲ့ ပြန်တာလဲခံစားရနိုင်တယ်။ အဲလိုခေါင်းကိုက်တာက အရင်ကိုက်တာနဲ့ မတူတတ်ပါ။ ရက်နည်းနည်ြး

Migraine and Contraceptives ကိုယ်ဝန်တားဆေး-တားနည်းတွေနဲ့ (မိုင်ဂရင်း)

Image
ကျွန်မမှာ Migran (မိုင်ဂရိန်း) ခေါင်းတစ်ခြမ်းရောဂါ ရှိပါတယ်။ တစ်ခါတစ်ခါဖြစ်ရင်လည်း တစ်နေကုန်နီးပါး ခေါင်းကိုက်မှုကို ခံစားရပါတယ်။ အချို့ကျန်းမာရေးဗဟုသုတစာစောင်တွေမှာ မိုင်ဂရိန်းရောဂါ ရှိလျှင် ဟော်မုန်းပါသော တားဆေးများ အသုံးမပြုသင့်ကြောင်း ဖော်ပြထားတာတွေ့ရပါတယ်။ ကျွန်မအနေဖြင့် DEPO ၃လ ဆေးကိုထိုးမည်ဆိုလျှင် မိုင်ဂရိန်းရောဂါရှိသူအတွက် မည်ကဲ့သို့ ဆိုးကျိုးများခံစားရနိုင်သည်ကို သိလိုပါတယ်။ DEPO ဆေးသည် မိုင်းဂရိန်းရောဂါရှိသူအတွက် ထိုးသင့်ပါသလားလဲ သိချင်ပါတယ်။ အကယ်၍ မိုင်းဂရိန်းရောဂါရှိသူအတွက် သင့်တော်သော တားဆေးများရှိလျှင် ကျေးဇူးပြု၍ ဖော်ပြပေးပါ။ Depo-Provera (medroxyprogesterone acetate) ထိုးဆေးဟာ Migraine (မိုင်ဂရင်း) အမူးရောဂါရှိသူတွေအတွက် သတိထားသုံးရပါတယ်။ မသုံးနဲ့လို့အမျိုးအစား မဟုတ်ပါ။ ဟော်မုန်း ၂ မျိုးတွဲပါတားဆေး • လူအများဆုံးသုံးတယ်။ ရှာလို့လွယ်တယ်။ ဈေးချိုတယ်။ ဟော်မုန်း ၂ မျိုးတွဲမှာ သတိထားရမှာက (အီစထိုဂျင်) ဟော်မုန်းဖြစ်တယ်။ လတိုင်း ပဌမသောက်ရတဲ့ ဟော်မုန်းပါ ၂၁ လုံး + နောက် ၇ ရက်မှာ ဟော်မုန်းမပါတဲ့ ဆေးလုံး ၇ လုံးပါတယ်။ • (မိုင်ဂရင်း) ရောဂါရှိသူတွေအတွက် ၂၁ လုံးဆေးကုန်တာန

Migraine (2) မိုင်ဂရင်း (၂)

Image
Migraine (မိုင်ဂရင်း) ဆိုတာ ဦးနှောက်ထဲက သွေးကြောတွေ ဖေါင်းကြွတာကြောင့် ဖြစ်ရတဲ့ ခေါင်းကိုက်ရောဂါ ဖြစ်တယ်။ သွေးကြောဘေးက ရှိနေတဲ့ အာရုံကြောတွေကို တင်းအား သက်ရောက်စေလို့ ဓါတ်ပစ္စည်းတွေ ထွက်လာစေတယ်။ ဆက်ပြီး သွေးကြောတွေကို ရောင်စေ၊ နာစေလို့ ဖြစ်ရတာပါ။ အာရုံကြောစနစ်ထဲက Sympathetic nervous system ကို ထိခိုက်တာ ဖြစ်ပါတယ်။ သူ့ကြောင့် ခေါင်းကိုက်တာအပြင် ပျို့ချင်၊ အန်ချင်၊ ဝမ်းသွားချင်တာပါ ဆက်ဖြစ်စေတယ်။ အစာအိမ်ထဲက အစာတွေ အောက်ဆက် ဆင်းမှာကိုလည်း နှေးစေတယ်။ ဖြစ်နေလို့ ဆေးတိုက်တဲ့အခါ၊ ဆေးက အောက်အဆင်း နှေးလို့ ဆေးမတိုးသလိုမျိုး ဖြစ်စေတယ်။ သွေးစီးဆင်းမှုကို နှေးစေလို့ လူနာရဲ့ မျက်နှာဟာ ခပ်ဖွေးဖွေး ဖြစ်နေမယ်။ ခြေ-လက် အေးစက်စက်နေမယ်။ မျက်စိက မြင်တာ၊ နားက ကြားတာတွေကိုပါ သက်ရောက်သေးတယ်။ နာတာရှည်ပြီး၊ ပြန်ပြန်ဖြစ်တဲ့ ရောဂါတခုဖြစ်တယ်။ ဖြစ်တိုင်းတော့ ခေါင်းကိုက်ချင်မှ ကိုက်တယ်။ ကိုက်ပုံ ကိုက်နည်း ကလည်း ထူးတယ်။ ပြင်းပြင်းထံထံ၊ နားထင်တဖက်မှာ ထိုးကိုက်တယ်။ နဖူးမှာလည်း ကိုက်တဲ့လူ ကိုက်တယ်။ နောက်စေ့မှာ ဖြစ်သူ ဖြစ်တယ်။ ၃ ပုံ ၂ ပုံလောက်က ခေါင်းနှစ်ဖက်လုံး ခံစားရတယ်။ တဖက် ဖြစ်သူတွေက ဘက်ပြောင်း ဖြစ်တတ်သေးတယ်။ ၎

Migraine (1) မိုင်ဂရင်း (၁)

Image
(မိုင်ဂရင်း) ခေါင်းကိုက်ပုံက အထဲမှာ သွေးကြောခုန်သလိုဖြစ်တယ်။ ကွက်ပြီး ထိုးကိုက်တယ်။ နာတာကလဲ တမျိုး၊ တဖက်ထဲကနာမယ်။ ပျို့-အန်ချင်မယ်။ အလင်းရောင်ကို မကြည့်နိုင်ဘူး။ တချို့ကြ နှစ်ဘက်လုံး ကိုက်သလို ထိုးကိုက်သလို မဟုတ်ဘဲ Dull ထုံသလို ကိုက်တယ်။ တချို့မှာ အစားပျက်မယ်။ Cognitive impairment အသိဥာဏ်ဆိုင်ရာ အားနည်းမယ်။ Phonophobia ဆူတဲ့အသံ မကြားချင်ဘူး။ Osmophobia တချို့အနံ့ကို မကြိုက်တာဖြစ်မယ်။ မျက်စိကြည့်ရတာမကောင်း ဖြစ်မယ်။ ဇီဝကမ္မ-ရောဂါဗေဒအရ ပြောရရင် အာရုံကြော နဲ့ သွေးကြော အလုပ် မမှန်တာပါ။ သွေးကြောနားက (ပါရာဆင်ပသက်တစ်) အာရုံကြောကနေ ထုတ်ပေးတဲ့ Neuropeptides ကြောင့် သွေးကြောတွေ ကျယ်ပြီး မိုင်ဂရင်း ခံစားရတယ်။ Trigeminal nucleus caudalis, Nucleus tractus solitarius နဲ့ Dorsal raphe nucleus အာရုံကြော ဆိုင်ရာတွေ အလုပ်မမှန်တာကြောင့်လို့ ယူဆရတယ်။ Imaging studies နည်းနဲ့စစ်ဆေးတော့ Brainstem ဦးနှောက် အညှာနေရာမှာရှိတဲ့ Sensory modulation နေရာမှာ အမှားတွေ့ရလို့ Sensory processing နာတာကိုသိတဲ့စနစ် ချို့ယွင်းတာလို့ သိရတယ်။ ရောဂါခံစားရခါနီးမှာ ဒါမှမဟုတ်ခံစားရချိန်မှာ Cerebral blood flow ဆိုင်ရာ ဦးနှောက

The latest, not the last photo shot နောက်ဆုံးရဓါတ်ပုံ

Image
• အိမ်မိုး နံရိုးသာ၊ • အိမ်အကာ ဗလာ၊ • ဆိုင်းဘုတ်မှာ နာမည်မပါ၊ • သစ်ပင်အုပ်ဆိုင်းတာ တောရိုင်းမဟုတ်ပါ၊ • လူဝင်လူထွက် မလုပ်သာပေမဲ့ လေဝင်လေထွက်ရှိလျှက်ပါ။ • အဲတာ ငါနေခဲ့တဲ့နေရာ၊ • ငါကုသပေးတဲ့လူနာတွေ လာကြတဲ့နေရာ၊ • နိုင်ငံရေးလုပ်ဖေါ်ကိုင်ဖက်တွေ စံပျော်ရာ၊ • ငါ့ကိုမဲပေးကြသူတွေရဲ့ မျှော်မှန်းရာ။ • လူမလာပေမဲ့ နေ့တိုင်းညတိုင်း စိတ်ရောက်လာ၊ • အထိန်းအမှတ်ဟာ ဘယ်သောအခါမှမပျောက်ပါ၊ • လွမ်းစရာကို နာစရာနဲ့မဖြေသာ၊ • တမ်းတသူတွေကိုတော့ အားပေးမပျက်ပါ၊ • ကျန်းမာ-ချမ်းသာ၊ တနေ့မှာပြန်ဆုံကြမယ်ဗျာ။     ။ ဒေါက်တာတင့်ဆွေ ၂၉-၁၁-၂ဝ၁၄ ပုလဲအိမ်လေးရဲ့ဓါတ်ပုံကို ရိုက်ပို့ပေးတဲ့ မုံရွာ-မန္တလေးက့ ကို အများကြီးကျေးဇူးတင်ပါတယ်။

Lungworms အဆုပ်သန်ကောင်

Image
ကျွန်တော့်အသိ ညီလေးတစ်ယောက်ပါဆရာ။ အသက် ၁၈ နှစ်ရှိပါပြီ။ သူ့ရဲ့ အဆုတ်ထဲမှာ တစ်ခုခု ရွစိရွစိ သွားနေသလို ခံစားရတယ်လို့ အမြဲပြောတယ်ဆရာ။ ခုနောက်ပိုင်း လည်ချောင်းထဲထိ တက်လာသလို ခံစားရတယ်လို့ ထပ်ပြောလာပါတယ်။ တစ်နေ့ ထမင်းငါးထပ်စားပါတယ်။ ၁ နာရီခွဲတစ်ခါ ဆိုသလို ဗိုက်အရမ်း ဆာလောင်တက်တယ်။ စားသလောက် အသားမဖြစ်ပါဘူး။ ခပ်ပိန်ပိန်လေးပါဆရာ။ သူ့မှာ Bronchitis လို လက္ခဏာမျိုးရှိပါတယ်ဆရာ။ ဆေးလိပ်မသောက်ပါဘူး။ လွန်ခဲ့တဲ့ ၂ နှစ်က TB ဆေးသောက်ထားပါတယ်။ ၆ လပါ။ Chest X ray ရိုက်တော့ lung ရဲ့ apex မှာ opaque လေးဖြစ်နေပါတယ်။ lymph nodes တွေကြီးနေပါတယ်။ Tuberculin test negative ပါ။ early morning sputum 3 ကြိမ်ယူပါတယ် negative ပါ။ ဒါပေမဲ့ ဆရာဝန်ညွှန်ကြားတဲ့အတိုင်း ဆေး ၆ လောက် သောက်ခဲ့ပါတယ်။ သောက်နေရင်းနဲ့ ကျွန်တော့် ပြန်ပြောပြတာက ၄ လ မြောက် ရင်ခေါင်းတည့်တည့်က နာလာပါတယ်တဲ့ဆရာ။ ၄ လ မြောက်မှာပဲ chest x ray ထပ်ရိုက်ခိုင်းတော့ Bronchus နားမှာ consodilation ဆိုလား fibrosis ဆိုလားဖြစ်လာပါတယ်။ သူ့မှာ TB လက္ခဏာမရှိပါဘူး။ ချောင်းဆိုးတာ။ ညနေခင်းဖျားတာ။ တစ်ခုမှမရှိပါဘူး။ TB treatment complete ဖြစ်သွားပြီး အတော်ကြာတော့ မနက်အိပ်ယာန

Letpadaung hunting လက်ပံတောင်းမှာ သမင်ပြစ်ထွက်ခြင်း

Image
လက်ပံတောင်းအရေးအခင်း နှစ်ပတ်လည်နေ့အတွက် အရင်ရေးခဲ့တာလေးပြန်တင်ပါရစေ။ အမှန်က တတိယအကြိမ် ပြန်တင်တာပါ။ ဒုတ်ယအကြိမ်တုံးက ဒီလိုအစပျိုးခဲ့တာပါ။ စာရေးဆရာ နေဝင်းမြင့်ရေးတဲ့ ခရီးနိုင်ငံရေးစာအုပ်ထဲက ဆားလင်းကြီးထဲမှာ ကိုမှန်ပြောင်းကနေ ရွတ်ဆိုတဲ့ ဆဒ္ဒန်ပျို့ထဲက ‘စက်ဟုန်သရ၊ ဆိပ်ရည်ဝဖြင့်၊ သားများသေမင်း၊ မုဆိုးခွင်းသား’ကိုဖတ်ရပြီးတော့၊ ၁၄-၃-၂ဝ၁၃ တုံးက ကျွန်တော် ရေးခဲ့တာလေးကို ပြန်တင်လိုက်တာဖြစ်ပါတယ်။ လက်ပံတောင်းအစီရင်ခံစာထွက်လာတာနဲ့ အသံတွေ အတော်ကြီးညံပါတယ်။ မျက်မမြင်ပုဏ္ဏား ၆ ယောက်ကနေ ဆင်တစ်ကောင်ကို ကိုင်တွယ်စမ်းသပ်ပြီးသကာလ ကောက်ချက်ချကြတာမှာ ၆ မျိုးထွက်တဲ့ပုံပြင်ကိုလူတိုင်းကနားရေဝပြီး ဖြစ်ပါမယ်။ အခုအဖြစ်ကတော့ ကားလိပ်ကြားကနေ ဘွားကနဲ ဆင်ကောင်ကြီးပေါ်လာတယ်ဆိုရင်ပဲ၊ စူးရှတဲ့ မျက်လုံးတွေနဲ့သာ ကြည့်ကြတာမို့ ပြောင်မြောက်တဲ့ အရေးအသားတွေ၊ အသံသြဇာပါပါနဲ့ ဝေဖန်သမှု ပြုကြတာတွေ ကြားရတာ စဉ်တိုက်ဆက်တိုက်ပါပဲ။ မျက်စိမမြင်လို့ ဆင့်နားရွက်ကိုသာ စမ်းမိသူကနေ ဆင်ဟာယပ်တောင်လိုပဲထင်တာ ‘ဒုက္ခိတအမြင်’ ဖြစ်ပြီးရိုးပါတယ်။ အမြင်တွေအကြားတွေ အာရုံတရားတွေ ကောင်းလှသူတွေရဲ့ ‘သုခိတအမြင်’ တွေမတူကြတာဘာလို့ပါလဲ။ အပြီးသတ်အစီရင်ခံစာမ

Vitamin B12 and Iron supplement ဘီ-၁၂ နှင့် သံဓါတ်လိုအပ်ချက်

Image
အသက် ၄ဝ သို့ ၅ဝ အထက် လူကြီးတစ်ယောက်ဟာ တစ်နေ့ကို B12 ဘယ်လောက် ပမာဏ သောက်သင့်ပါသလဲ။ အမျိုးသမီးနဲ့ အမျိုးသား သောက်ရမယ့် ပမာဏ ကွာခြားပါသလား။ နောက်ပြီး B12 နဲ့အတူ ဖဲရပ်စ်ဆာလ်ဖိတ်လို သံဓာတ် အားဆေးရော တွဲသောက်လို့ ရပါသလား။ တစ်နေ့ကို ဘယ်လောက် ပမာဏသောက် ရမယ်ဆိုတာ ဖြေကြားပေးပါဆရာ။ Vitamin B12 ဗီတာမင် ဘီ ၁၂ နေ့စဉ်လိုအပ်ချက် • ၆ လအထိ = 0.4 mcg • ၇-၁၂ လ = 0.5 mcg • ၁ နှစ်မှ ၃ နှစ်အထိ = 0.9 mcg • ၄ နှစ်မှ ၈ နှစ်အထိ = 1.2 mcg • ၉ နှစ်မှ ၁၃ နှစ်အထိ = 1.8 mcg • ၁၄ နှစ်အထက် = 2.4 mcg • ကိုယ်ဝန်ဆောင် = 2.6 mcg • နို့တိုက်မိခင် = 2.8 mcg • အသက် ၅ဝ ကျော် = ဘီ ၁၂ ပါအစားအစားတွေ + 25-100 mcg mcg = micrograms = (မိုက်ခရိုဂရမ်) Iron သံဓါတ်လိုအပ်ချက် • ဝ-၃ နှစ် = ၆-၈ mg • ၇-၁၂ နှစ် = ၁ဝ mg • ၁၈ နှစ်အထိ = ၁ဝ mg • အရွယ်ရောက် အမျိုးသမီး = ၁ဝ-၁၅ mg • ကိုယ်ဝန်ဆောင် = ၃ဝ mg • နို့တိုက်မိခင် = ၁၅ mg 1. Iron supplement and Liver diseases သံဓါတ်နဲ့ အသဲရောဂါ http://dts-medicaleducation.blogspot.com/2011/11/iron-supplement-and-liver-diseases.html 2. Iron supplements သံဓါတ်အားဆေး http://dts-medica

Vitamin K ဗီတာမင် (ကေ)

Image
ဗီတာမင် (ကေ) ကို ၁၉၂၉ ကတည်းက ဒိန်းမတ်-ဆရာဝန်တဦးက စတွေ့ခဲ့တယ်။ Vitamin K1 နဲ့ Vitamin K2 ဆိုပြီး ၂ မျိုးရှိတယ်။ အဆီမှာ ပျော်ဝင်တဲ့ ဗီတာမင် အမျိုးအစား ဖြစ်တယ်။ ဆီမစားသူတွေမှာ နည်းစေနိုင်တဲ့သဘော ဖြစ်တယ်။ အူထဲမှာ နေတဲ့ ဗက်တီးရီးယားတွေကနေလဲ လုပ်ပေးတယ်။ Vitamin K1 က သွေးခဲစေတယ်။ ဒါ့ကြောင့် Clotting vitamin လို့ခေါ်တယ်။ သွေးတိတ်စေတယ်။ Vitamin K2 က အရိုး-တစ်ရှူးတွေနဲ့ ဆိုင်တယ်။ ဓါတ်ခွဲခန်းမှာ လုပ်ယူတဲ့ Vitamins K3, K4 နဲ့ K5 တွေရှိတယ်။ သဘာဝ ဗီတာမင် (ကေ) လောက်တော့ မကောင်းဘူး။ အစိမ်းရောင် အသီးအရွက်တွေမှာ ပါတယ်။ ဟင်းနုနွယ်၊ မုံလာ၊ မုံလာစိမ်း၊ ကညွတ်၊ ကီဝီသီး၊ စပျစ်သီး၊ ပန်းသီး၊ ငှက်ပျောသီး၊ လိမ်မော်သီး၊ စထောဘယ်ရီ၊ ပဲသီး၊ အမဲသား၊ အသဲ၊ နွားနို့၊ ပဲပုပ်၊ ပဲအမျိုးမျိုး၊ ဂျုံ၊ စတာတွေမှာ ပါတယ်။ Vitamin K2 ဟာ အသား၊ ဥတွေမှာပါတယ်။ ပဲပုတ်ဆီမှာ ပါတယ်။ ဗီတာမင် (ကေ) နည်းတတ်တာဟာ ရှားတယ်။ ပုံမှန် အစာစားနေရင် မချို့တဲ့ပါ။ အသဲမကောင်းရင်၊ အရက်သောက်များရင်၊ အူလမ်းမကောင်းရင် နည်းနိုင်တယ်။ ကျား-မ အတူတူ ဖြစ်နိုင်တယ်။ တချို့ မွေးကာစ ကလေးငယ်လေးတွေကို ထိုးပေးရတယ်။ Salicylates, Barbiturates နဲ့ Cefamandole ဆေးတွေက

Thai parliament votes to ban commercial surrogacy trade

Image
ဗိုက်အငှားစီးပွါးရေးလုပ်ငန်း ထိုင်းမှာ တားမြစ်လိုက်ပြီ • သားသမီးမရနိုင်သေးတဲ့ စုံတွဲတွေကနေ ပိုက်ဆံပေးပြီး ဗိုက်အငှားနဲ့ကလေးမွေးစေတဲ့ စီးပွါးရေးလုပ်ငန်းဟာ ထိုင်းနိုင်ငံမှာ တွင်ကျယ်ပါတယ်။ လတ်တလော အမှုအခင်းတွေဖြစ်လာရာကနေ ဥပဒေနဲ့ တားပြစ်လိုက်ပါပြီ။ • သြစတေးလျ ဇနီးမောင်နှံတို့ကနေ ထိုင်းဗိုက်ငှားမိခင်ကို ကိုယ်ဝန်ဆောင်စေပြီး မွေးလာတဲ့ ကလေးမှာ မွေးရာပါ (ဒေါင်းဆင်ဒရုမ်း) ရောဂါနဲ့မွေးလာလို့စွန်ပြစ်ခဲ့တယ်။ • အလားတူ ဂျပန်ယောက်ျားတယောက်က ဗိုက်အငှားကလေးပေါင်း ၉ ယောက်ရှိတဲ့သတင်း ထွက်လာတော့ ထိုင်းလူထုက စိတ်ဆိုးကြတယ်။ • ထိုင်းမှာ အဲဒီလုပ်ငန်းကို ကုန်သွယ်ကြေညာမလုပ်ရလို့ ၁၉၉၇ ကတည်းကပြဋ္ဌာန်းထားပါတယ်။ • ထိုင်းဥပဒေအရ ဗိုက်ငှားအမျိုးသမီးဟာ မွေးလာတဲ့ကလေးနဲ့ သွေးသားအရ အမျိုးတော်တယ်လို့ သတ်မှတ်ပါတယ်။ • အခု စစ်အစိုးရလက်ထက် ထိုင်းလွှတ်တော်ကနေ ထောက်ခံမဲ ၁၇၇ နဲ့ တားမြစ်ဥပဒေ အနိုင်ရလိုက်ပါတယ်။ ဥပဒေချိုးဖေါက်သူ ထောင် ၁ဝ နှစ်အထိကျနိုင်တယ်။ ဒေါက်တာတင့်ဆွေ ၂၈-၁၁-၂ဝ၁၄

The Poet ကဗျာသည် လူကိုစပ်၏

Image
• အလုပ်သွားချိန်ရောက်ပေမဲ့ ကဗျာဖတ်ချင်စိတ်ပေါက်နေသတဲ့၊ • ဖတ်မရလဲ စပ်ပါလားလို့ပြောမိတယ်၊ • စပ်ဖို့နေနေသာသာ အလုပ်တွေလုပ်ရတာက တရစပ်တဲ့။ • အမှန်ကတော့ဗျာ့ ကဗျာကသာ လူတွေကို ဖတ်နေ စပ်နေတာပါ၊ • ပြောလိုက်သေး၊ အေ့း့၊ • လူတွေက စိတ်ကူးတွေနဲ့ တွန့်ပြီး ကွန့်ပြီး စွန့်ပြီးရေးတာကို ကဗျာတဲ့၊ • ငါကတော့ မှန်ကြည့်ရေးတာ၊ ဖွင့်ကြည့်နေစရာမလိုတဲ့ဟာ၊ • ကဗျာလို့မခေါ်လဲနေပါတဲ့။     ။ ဒေါက်တာတင့်ဆွေ ၂၈-၁၁-၂ဝ၁၄ (အလုပ်များနေကြသော စင်သီယာစန်းစန်းတင်လိုဘဝတူသူများသို့)

Black Vs White (အင်စတီကျူးရှင်း) တိုက်ပွဲ

Image
• သမတကနေပြောတဲ့ (အင်စတီကျူးရှင်း) ဆိုတာပါလဲ။ အသင်းအပင်းကိုဆိုလိုတယ်။ အုပ်စုဆိုတာလဲ ဖြစ်ပါမယ်။ • အဲတာတွေထဲမှာ မှတ်ပုံတင်ထားတာနဲ့ မထားတာ၊ အသိအမှတ်ပြုထားတာနဲ့ မထားတာဆိုပြီးရှိတယ်။ ဥပမာ မြေပေါ်နဲ့မြေအောက်၊ တောတွင်း-ပြည်ပနဲ့ မြို့တွင်း-မြေပေါ်။ အတိအကျပြောရရင် အစိုးရနဲ့ အစိုးရမဟုတ်တာ။ • ၂ဝဝ၈ မှာအတည်ပြုတယ်လို့ လုပ်ထားတဲ့ဖွဲ့စည်းပုံကို လူပုဂ္ဂိုလ်တွေကရေးတဲ့သဘော မဟုတ်ဘူးလို့ သမတအဖွဲ့ကနေ ဝန်ခံလိုက်ပြီ။ • ဒါဖြင့်ရင် အဲဒီဖွဲ့စည်းပုံကို ဘယ် (အင်စတီကျူးရှင်း) တွေ၊ အုပ်စုတွေ၊ အသင်းအပင်းတွေကနေ ရေးခဲ့သလဲ။ • ၁၉၉၃ ဇန္နဝါရီလ ၉ ရက်နေ့ကစခဲ့တဲ့ အမျိုးသားညီလာခံကို (နဝတ) ကနေခေါ်တယ်။ တက်ရောက်ဘို့ ဖိတ်ကြားခံရတဲ့ အစုအဖွဲ့ (၇) ခုရှိခဲ့တယ်။ တရားဝင်ဆိုလို့ ၁၉၉ဝ ရွေးကောက်ပွဲ အနိုင်ရ နိုင်ငံရေးပါတီတွေသာရှိပြီး၊ ကျန်တာတွေက စစ်အစိုးရကနေ ရွေးကောက်ထားတဲ့ တရားဝင်မတည်ရှိတဲ့ အစုဆိုတာတွေသာ ဖြစ်တယ်။ • တနည်းအားဖြင့် (အင်စတီကျူးရှင်း) သဘောအရဆိုရင် စစ်အုပ်စုနဲ့ စစ်အုပ်စုမဟုတ်တာ ၂ စုတည်းသာ ဖြစ်တယ်။ • အမျိုးသားညီလာခံကို NLD အပါအဝင် တိုင်းရင်းသားနိုင်ငံရေးပါတီတွေက (၁၄-၅-၂ဝဝ၄) ကစပြီး သပိတ်မှောက် ထွက်ခွါလိုက်တော့ တစ်စုတည်းကနေသာ အြ

The Book Vs the Author စာအုပ် နဲ့ လူ

Image
• သမတက လူပုဂ္ဂိုလ်ကိုအခြေခံတာ လက်မခံပါတဲ့။ • သမတအပြောက စာအုပ်ကြီးအတိုင်းဖြစ်တယ်။ • အဲဒီစာအုပ်ကြီးကို အရေးခိုင်းခဲ့တဲ့ စစ်တပ်က စာအုပ်ကြီးအဓွန့်ရှည်ရေးသာ လုပ်မယ်။ • လူတွေက စာအုပ်ကြီးကို ပြင်ချင်နေကြတယ်။ • ဘာလို့လဲဆိုတော့ စာအုပ်ကြီးကိုရေးခဲ့တာက လူ (ပုဂ္ဂိုလ်) တွေမဟုတ်လို့။ ဒေါက်တာတင့်ဆွေ ၂၈-၁၁-၂ဝ၁၄

Foods for Healthy Hair ဆံပင် အာဟာရ

Image
Shampoo and Conditioner Alone Won't Give You Healthy Hair ဘယ်လောက် ကောင်းပါတယ်ဆိုတဲ့ ခေါင်းလျှော်ရည်နဲ့ (ကွန်ဒီရှင်နာ) တွေ သုံးပေမဲ့လဲ ဆံပင်အတွက် မပြည့်စုံသေးပါ။ “Lather, rinse, repeat အမြှုတ်ထအောင်လုပ်ပါ၊ လျှော်ပြစ်ပါ၊ ထပ်ပြီးလုပ်ပါ” ဆိုတာ ကောင်းတဲ့ ခေါင်းလျှော်နည်း အကြံပြုချက် ဖြစ်ပေမဲ့ ခေါင်းလျှော်ရည်နဲ့ (ကွန်ဒီရှင်နာ) တွေချည်းနဲ့တော့ ဆံပင် ကျန်းမာရေးအတွက် မပြည့်စုံသေးပါ။ ဆံပင်တွေဟာ တလမှာ ၁/၄ လက္မကနေ ၁/၂ လက္မအထိ ရှည်လာရမယ်။ အသားအရေ၊ ကေသာ နဲ့ ခြေသည်း-လက်သည်းတွေ ကောင်းမွန် ကျန်းမာနေအောင် အာဟာရ ပြည့်ဝပြည့်ဝ စားသုံးတတ်ကြဘို့ လိုသေးတယ်။ 1: Salmon (ဆယ်လ်မွန်) ငါး (အိုမီဂါ-သရီး) ကြွယ်ဝတဲ့ (ဆော်လ်မွန်) ငါးမှာ အရည်အသွေးမီ (ပရိုတင်း) လဲ များတယ်။ ဗီတာမင် ဘီ ၁၂ နဲ့ သံဓါတ်လဲ ပါတယ်။ (အိုမီဂါ-သရီး) က ဆံပင်ကို ကောင်းစေတယ်။ ဒီဓါတ်နည်းနေရင် ဆံပင်မွဲခြောက်ခြောက်နေမယ်။ အသားမစားသူဆိုရင် Ground flaxseed နှမ်းဆီ ၁-၂ ဇွန်းစားရမယ်။ 2: Dark Green Vegetables စိမ်းစိုလတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်တွေ ဆံပင်ကောင်းချင်လို့ မဟုတ်ပေမဲ့ အားရှိချင်တဲ့ Popeye the Sailor သင်္ဘောသား (ပေါ့ပိုင်) က Spinach ဟင်းနုနွယ်

Soft Hair ဆံပင်မကြမ်းအောင် ဘယ်လိုလုပ်မရမလဲ

Image
ဆရာ့စာထဲမှာ ဆံပင်ကြမ်းတာကို ဘယ်လိုကုသရမယ်ဆိုတာ မပါလို့ပါဆရာ။ ကျွန်တော့်ဆံပင်က ခြောက်သွေ့ ကြမ်းတမ်းတဲ့ပုံစံမျိုးပါ။ အလှကုန်စာရေးတွေကတော့ တံဆိပ်တွေ အမျိုးမျိုးပြောင်းပေးနေပေမယ့် ထူးခြားမှု မရှိလှလို့ပါဆရာ။ ၁။ နေ့တိုင်းခေါင်းလျှော်ရင် ဆံပင်ပိုကြမ်းတယ်။ ရေခပ်နွေးနွေးနဲ့ခေါင်းလျှော်ပါ။ ၂။ ရေနွေး ၁ ခွက် + Calgon, 20-mule Borax ဇွန်းသေး ၂ ဇွန်း ရောပါ။ ခေါင်းကိုလိမ်းပါ။ ၃။ ပုံမှန် Regular conditioner ကွန်ဒီရှင်နာဖြစ်ဖြစ် Salon-quality ကွန်ဒီရှင်နာဆိုင်သုံး ဖြစ်ဖြစ်သုံးပါ။ ၄။ Anti-frizz hair oil ဆီလိမ်းပါ။ ၅။ Blow dryers Flat irons တွေ မသုံးပါနဲ့။ ၆။ Hairspray သုံးရင် မများစေနဲ့။ ၇။ Dying ဆေးဆိုတာနဲ့ Highlighting အရောင်ရင့်သန်စေတာ မလုပ်ပါနဲ့။ ၈။ Filter တခုဝယ်သုံးပါ။ ၉။ ခေါင်းလျှော်ပြီးတိုင်း၊ ကွန်ဒီရှင်နာသုံးပြီးတိုင်း၊ ခေါင်းဖီးပြီးတိုင်း၊ Leave-in conditioner ဖြစ်ဖြစ် Dry shampoo ဖြစ်ဖြစ်သုံးပါ။ ၁ဝ။ ကြက်ဥသုံးကြည့်ပါ။ တနာရီထားပါ။ နောက် ပြောင်စင်အောင်ဆေးလိုက်ပါ။ ညမအိပ်ခင်လိမ်းထားနိုင်တယ်။ မနက်မှဆေးပါ။ ၁၁။ ဆီပူနဲ့ တပါတ်တခါလိမ်းပါ။ သဘာဝဆီ၊ Rosemary ဖြစ်ဖြစ် Lavender ဖြစ်ဖြစ် ဆီသုံးနိ

Incurable disease ကုရတဲ့ရောဂါနဲ့ ကုမရတဲ့ရောဂါ

Image
• အခုတပါတ်အတွင်းတင်ထားတဲ့ ဆေးပညာစာတွေထဲက စိတ်ကျရောဂါနဲ့ ကလေးတွေဝမ်းချုပ်ရင်စာ ၂ ပုဒ်ကို အဖတ်များပြီး၊ ရှယ်ကြတာလဲများတယ်။ • လူကြီးတွေက စိတ်ဓါတ်ကျပြီး၊ ကလေးတွက ဝမ်းနည်းနေကြတယ်။ • နေပြည်တော်ကလူကြီးဆိုသူတွေကတော့ စိတ်ဓါတ်တွေတက်ပြီး ရန်ဖြစ်နေကြတယ်။ • ဆရာဝန်လဲ နေပြည်တော်က မဟုတ်သူတွေအတွက် ဆေးနည်းသာ ပေးနိုင်လို့ ဝမ်းနည်းပါတယ်။ ဒေါက်တာတင့်ဆွေ ၂၈-၁၁-၂ဝ၁၄

Steel yourself ပြင်မရရင် ပြင်ကြ

Image
သမတ၏ပြောရေးဆိုခွင့်ရှိသူ = “ခြောက်ပွင့်ဆိုင်ဆွေးနွေးရေး” သဘောထားဟာ လူပုဂ္ဂိုလ်အရချဉ်းကပ်တာသာဖြစ်တယ်။ အစိုးရက ‘အင်စတီကျူးရှင်း’ ကို အခြေခံတယ်။ ၁၄ ဦးဆွေးနွေးပွဲမဟုတ်၊ အဖွဲ့ကြီးငါးဖွဲ့တွေ့ဆုံတာဖြစ်။ သဘောထားအမြင်များ = အမျိုးမျိုးပြောဆိုကြ။ ကျွန်တော့အမြင် = • အရေးပါသူတွေ ပြောစရာရှိတာကို ပြောသာပြောကြပါ။ စကားမပြောပဲ စကားတွေ များမနေကြပါနဲ့။ • သမတကလုပ်ခဲ့တာက လူများပွဲမစည်။ လွှတ်တော်ကဆုံးဖြတ်တာက လူတွေပဲခေါ်၊့ ကို ခေါ်တာမဟုတ်။ • လွှတ်တော်ရဲ့ (၆) ပွင့်ဆိုင်တွေ့ဆုံရေးဟာ ဖွဲ့စည်းပုံပြင်ဆင်နိုင်ရေးအတွက် အဓိကဖြစ်။ • သမတရဲ့ အဖွဲ့ကြီး (၅) ဖွဲ့အစီအစဉ်မှာ ဖွဲ့စည်းပုံပြင်ဆင်ရေးဟာ ၃ ပုံ ၁ ပုံသာအရေးပါ။ • ကာချုပ်ကလဲ လုပ်ပါအုံးမယ်။ ဖွဲ့စည်းပုံမပြင်ဆင်ရေးက အဓိက။ • ဖွဲ့စည်းပုံမပြင်နိုင်ရင့့် - အဲဒီ (လွှတ်တော်) လူတွေပြင်၊ - အဲဒီ (အစိုးရ) အင်စတီကျူးရှင်းတွေပြင်၊ - အဲဒီ (ကာချုပ်) တပ်မတော်ပြင်။ • အဲဒီဟာတွေမပြင်နိုင်ရင် လူထုကပြင်။ ဒေါက်တာတင့်ဆွေ ၂၇-၁၁-၂ဝ၁၄

Penis Injection Risks ကျားအင်္ဂါဆေးထိုးတဲ့ အန္တရာယ်တွေ

Image
ကျားလိင်အင်္ဂါကို ဆေးထိုးကြပြီး ဒုက္ခရောက်ကြလို့ မေးလာသူတွေမနည်းပါ။ အများဖတ်အောင်တင်သင့် မတင်သင့်  စဉ်းစားနေခဲ့တာ နှစ်တွေကြာပါပြီ။ အပြစ်တင်ချင်သူတွေက ကျွန်တော့်ကိုသာတင်ကြပြီး၊ အကျိုးဖြစ်နိုင်သူတွေကများမှာမို့ အရင်ရေးထားတာကို မွမ်းမံပြီးတင်ပါရစေ။ လက်လှမ်းမီသလောက် မလုပ်ကြအောင် သတိပေးကြစေချင်ပါတယ်။ တချို့ဆိုရင် ကျားအင်္ဂါကို ဆေးထိုးပြီး လူစဉ်မမှီ ဖြစ်သွားကြတယ်။ အရပ်နည်းတွေ၊ ‘အွန်လိုင်း’ ကြော်ညာတွေကို မယုံကြပါနဲ့။ လူဖြစ်ရှုံးသွားကြသူတွေ မနည်းတော့ပါ။ သူများနိုင်ငံတွေမှာ အဲလိုယောက်ျားလိင်အင်္ဂါကို ဆေးထိုးလို့ ဘာတွေဖြစ်သလဲဆိုတဲ့သုတေသန သိပ်မတွေ့သေးပါ။ အဲလုပ်ကြတာ မြန်မာတွေမှာသာ များသလားမပြောတတ်ပါ။ (၁) ဘယ်သူမှမပြောပဲ မိမိဘာသာ လမ်းဘေးကဆိုင်တွေမှာ ကိုယ့်ဘာသာ ဆေးထိုးအပ်သွားဝယ်ပြီး၊ လမ်းဘေးဆိုင်က ငနဲတွေထိုးပေးတယ်ဆိုလို့ သွားထိုးလိုက်မိတယ်။ ကြားမိတာတော့ အဲဒီဆေးကို နည်းနည်းချင်းထိုးရတယ်လို့တော့ ပြောပါတယ်။ ဒါပေမယ့် အဲဒီဆိုင်ကငနဲက ၂ ကြိမ်တောင်ထိုးပေးခဲ့ပါတယ်။ အဲဒီဆေးထိုးပြီးရင် လိမ့်ချေပေးရတယ်လို့ ပြောပါတယ်။ အဲဒီလိုမချေပေးရင် ဆေးတွေဟာ တစ်နေရာထဲကို ခဲသွားတယ်လို့ ပြောပါတယ်။ အဲဒီလိုနဲ့ လှိမ့်ပြီး ချေနေပါတ