Posts

Showing posts from December, 2014

Patient-Doctor communication လူနာ-ဆရာဝန် ဆက်သွယ်ရေး

Image
အင်တာနက် ဆေးသုတေသန JMIR မှာရေးသားလိုက်တဲ့ လေ့လာဆန်းစစ်မှုအဖြေတွေကို သည်လိုတွေ့ရပါတယ်။ • အမေရိကားမှာ Dutch community ဒတ်ခ်ျလူမျိုးအုပ်စု ၁၆့၆ သန်းနေထိုင်နေကြတဲ့အထဲမှာ ၉့၇ သန်းကို လေ့လာ ဆန်းစစ်မှုလုပ်ခဲ့တယ်။ လေ့လာဆန်းစစ်မှုမှာ ၆၃၅ ယောက်က အဖြေတွေပေးခဲ့ကြတယ်။ • ကျန်းမာရေးသတင်းအချက်အလက် ရှာဖွေရာ ၈၂့၇% အင်တာနက်ကိုအသုံးပြုကြတယ်၊ • ဆေးပညာရှင်များ၏ သတင်းအချက်အလက်များနောက်ကလိုက်သူ ၇၁့၁%၊ • ကျန်းမာရေး စောင့်ရှောက်ပေးသူများ၏ အဆင့်အတန်းကို စုံစမ်းကြသူ ၃၂့၂%၊ • အများဆုံးသိချင်ကြသည့် ဆေးပညာသတင်းအချက်အလက်မှာ ဆေးများ၏ ဘေးထွက်-ဆိုးကျိုးများ ၆၃့၅%၊ • ဒုတိယလိုက်တာက ရောဂါလက္ခဏာကိုသိချင်သူများ ၅၉့၇%၊ • ကျန်းမာရေးစောင့်ရှောက်ပေးသူများနှင့် ဆက်သွယ်လိုသူ ဒတ်ခ်ျလူမျိုးအသိုင်းအဝိုင်း၏ ၂၅့၎%၊ • သူတို့ထဲက ၂၁့၂% က Webcam ဝက်ဘ်-ကင်မ် နဲ့ ဆက်သွယ်ကြ၊ ၂၅% က Social Media ဆိုရှယ်မီဒီယာကနေ ဆက်သွယ်ကြတယ်။။ လူနာတွေကို ကိုယ်ထိလက်ရောက်ကုသမပေးနိုင်တဲ့ ကျွန်တော်ရဲ့ http://doctortintswe.blogspot.com/ ဘလော့ခ် ဆန်းစစ်မှုလုပ်တော့ သည်လိုတွေ့ရပါတယ်။ Entry Pageviews • Myanmar (Burma) = 3809 • United States = 597 • Singapore

Cancer and Diet ကင်ဆာ နဲ့ အစားအစာ

Image
"ကင်ဆာ နဲ့ အစားအစာ ဆက်စပ်တယ်" လို့ ပြောသူတွေ မနည်းပါ။ အတိအကျတော့ ဆရာဝန်တွေကမှ မပြောနိုင်ပါ။ ကင်ဆာကို ဖြစ်စေတဲ့ အကြောင်းတရားကိုလဲ အသေအခြာမသိရဘဲ (သီအိုရီ) ကသာ များနေသလို အတူတူပါဘဲ။ တချို့လေ့လာမှုတွေက ကင်ဆာကို ဖြစ်စေတာထဲမှာ ပါတ်ဝန်းကျင် အကြောင်းခံတွေက ၈ဝ-၉ဝ% ပါမယ်လို့ ဆိုတယ်။ အဲဒီအထဲမှာ အစားအစာက ၃ဝ-၄ဝ% သက်ဆိုင်တယ်လို့ ပြောထားတယ်။ များသောအားဖြင့် သုတေသနတွေဟာ ကင်ဆာ မဖြစ်အောင် ကာကွယ်ရေးမှာသာ လုပ်ကြတာ ဖြစ်ပြီး၊ အစားအစာနဲ့ ကင်ဆာကုဘို့ရာလဲ အနည်းအပါးတော့ ရှိတယ်။ ကင်ဆာဖြစ်စေတာတွေထဲမှာ Obesity လူအဝလွန်တာနဲ့ Alcohol အရက်သေစာဟာ တရားခံစာရင်းမှာ ထိပ်ကနေတယ်။ Fruits အသီးတွေနဲ့ Vegetables အသီးအရွက် အစားနည်းပြီး Red meat အသားစား ကဲတာတွေကလဲ နောက်ကလိုက်တယ်။ ကော်ဖီလဲ ပါသေးတယ်။ အသားစားများတာနဲ့ Breast cancer ရင်သားကင်ဆာ၊ Colon cancer အူမကြီးကင်ဆာ၊ Pancreatic cancer သရက်ရွက်-ကင်ဆာတွေနဲ့ ဆက်စပ်နေတယ်လို့ ပြောတာရှိတယ်။ အကောင်းဆုံးလို့ အများဆုံး ပြောတာတွေကတော့ Vegetables ဟင်းသီးဟင်းရွက်တွေ၊ Fruit သစ်သီးတွေ၊ Whole grain သိပ်ဖြူနေအောင် ချွတ်မတားတဲ့ အနှံတွေ နဲ့ Fish ငါးတွေ ဖြစ်တယ်။ ဟင်းသီးဟင်းရွက်ေ

Cancer death ကင်ဆာနဲ့သေဆုံးရခြင်း

Image
တကမ္ဘာလုံးမှာ ကင်ဆာနဲ့ကွယ်လွန်ခဲ့ရသူပေါင်း နေ့စဉ် ၂ သောင်းရှိနေတယ်။ လူသေစာရင်းထဲမှာ ကင်ဆာနဲ့သေနေကြရတာ ၈ ယောက်မှာ ၁ ယောက်ရှိတယ်။ တီဘီ၊ ငှက်ဖျားနဲ့ AIDS ကြောင့်သေဆုံးရသူစုပေါင်းတဲ့ဂဏန်းထက် ကင်ဆာနဲ့သေရသူက ပိုများတယ်။ ယောက်ျားတွေမှာ အဆုပ်ကင်ဆာ၊ ဆီးကျိတ်ကင်ဆာ၊ အစာအိမ်ကင်ဆာတွေက အဖြစ်အများဆုံးဖြစ်တယ်။ မိန်းမတွေမှာ ရင်သားကင်ဆာ၊ သားအိမ်ဝ (ခေါင်း) ကင်ဆာ၊ အူမကြီးကင်ဆာတွေက အဖြစ်အများဆုံးဖြစ်တယ်။ ရင်သားကင်ဆာဟာ အမျိုးထဲမှာတယောက်ရှိရင်ဖြစ်လာနိုင်ခြေ နှစ်ဆရှိတယ်။ Pap smear စမ်းနည်းဟာ သားအိမ်ဝ (ခေါင်း) ကင်ဆာအတွက် တခုတည်းသော ကြိုတင်စမ်းနည်းဖြစ်တယ်။ ဆေးလိပ်သောက်သူတွေမှာ မသောက်သူတွေထက် ၂၃ ဆ အဆုပ်ကင်ဆာဖြစ်နိုင်ခြေများတယ်။ ၂ဝဝ၈ စာရင်းအရ တကမ္ဘာလုံးမှာ ကင်ဆာနဲ့ကွယ်လွန်ခဲ့ရသူပေါင်း ၇့၆ သန်းရှိခဲ့တယ်။ စုစုပေါင်း သေဆုံးသူတွေရဲ့ ၁၃% ရှိပါတယ်။ ကင်ဆာနဲ့သေရတာအားလုံးရဲ့ ၇ဝ%ဟာ ဝင်ငွေမများတဲ့ တိုင်းပြည်တွေကဖြစ်တယ်။ - အဆုပ်ကင်ဆာ = ၁့၃၇ သန်း၊ - အစာအိမ်ကင်ဆာ = ၇၃၆ဝဝဝ၊ - အသဲကင်ဆာ = ၆၉၅ဝဝဝ၊ - အူမကြီးကင်ဆာ = ၆ဝ၈ဝဝဝ၊ - ရင်သားကင်ဆာ = ၄၈၅ဝဝဝ၊ - သားအိမ်ဝကင်ဆာ = ၂၇၅ဝဝဝ ယောက်ဆုံးဖြစ်တယ်။ ချမ်းသာတဲ့ တိုင်းပြည်တွေမှာ က

Cancer tests ကင်ဆာ စစ်ဆေးခြင်း လမ်းညွှန်သစ်

Image
ကင်ဆာတိုင်းကို ပြည်တည်နာပေါက်တာမျိုးလို ပျောက်သွားအောင်ကုသလို့ မဖြစ်နိုင်သေးပါ။ ကင်ဆာဖြစ်ပြီဆိုတာနဲ့ ၅ နှစ် အသက်ရှင်နှုန်းကိုသာ တွက်နိုင်ပါသေးတယ်။ ကင်ဆာအများစုကို စောစောသိလို့ စောစောဆေးကုသမှု စနစ်တကျခံယူလေ ရှင်နိုင်များလေလေဖြစ်တယ်။ တချို့ဆိုပျောက်တယ်လို့တောင် ပြောနိုင်လာပါတယ်။ စောစောသိအောင် ကြိုတင် ဆေးစစ်တာ လုပ်ဘို့ လမ်းညွှန်သစ်တွေလုပ်ပေးထားပါတယ်။ ပညာရှင်တွေက မတူတဲ့အယူအဆတွေရှိတယ်။ နှစ်ကာလ ပြောင်းလာတာနဲ့လဲ လမ်းညွှန်သစ်တွေထုတ်ပေးပါတယ်။ ဒီစာမှာ ၂ဝ၁၄ ခုနှစ်ဝက်က ထုတ်ထားတဲ့လမ်းညွှန်ဖြစ်ပါတယ်။ အဆုပ်ကင်ဆာ လမ်းညွှန်ဟောင်း =  ဆေးလိပ်သောက်သူတိုင်း လူအစုလိုက်စစ်ဆေးခြင်း (ဆခရင်လုပ်ခြင်း) က အကျိုးများစေတယ်။ လမ်းညွှန်သစ် = ၂ဝ၁၃ ကစပြီး USPSTF အဆိုအရ ဆေးလိပ်များများသောက်သူတွေ အသက် ၅၅ ကျော်ရင် CT scan လုပ်ပါ။ ယောက်ျားဆီးကျိတ်ကင်ဆာ လမ်းညွှန်ဟောင်း = ယောက်ျား အသက် ၅ဝ ကျော်ရင် PSA test + Rectal exam လုပ်ပါ။ အသက် ၇၅ ကျော်ရင် မလို။ လမ်းညွှန်သစ် = USPSTF အဆိုအရ PSA test မလို။ Rectal exam အစာဟောင်းအိမ် (စအိုကတဆင့်) လက်ချောင်းထည့် စမ်းတာလုပ်ပါ။ ACS အဆို အသက် ၅ဝ ကျော်ရင် ဆရာဝန်နဲ့ဆွေးနွေးပါ။ အရေပြားကင်ဆာ လမ

Colorectal cancer အူမကြီး ကင်ဆာ

Image
ဆရာကျေးဇူးပြု၍ COLON CANCER အကြာင်းရှင်းပြပေးပါ။ ကျွန်တော့်အဖေမှာ ခွဲစိတ်ပြီး colon cancer stage 2 ဖြတ်ထုတ်ပြီး အလုံးရဲ့ နုတ်ခမ်းပတ်လည်မှာ cancer cell လွတ်ကြောင်းသိရပါတယ်။ Bowel cancer အူကင်ဆာလို့ ခေါ်တာဟာ Colorectal cancers ဖြစ်တယ်။ Colon cancer အူမကြီး-ကင်ဆာ နဲ့ Rectal cancer အစာဟောင်းအိမ်-ကင်ဆာကို ပေါင်းခေါ်ထားတာ ဖြစ်တယ်။ အမျိုးသားတွေမှာ တတိယမြောက် နဲ့ အမျိုးသမီးတွေမှာ စတုတ္ထမြောက် အဖြစ်အများဆုံး ကင်ဆာဖြစ်တယ်။ ဖွံ့ဖြိုးတိုးတက်နိုင်ငံတွေမှာ ပိုဖြစ်တယ်။ ၆ဝ% ရှိတယ်။ ၂ဝဝ၈ လေ့လာမှုအရ တကမ္ဘာလုံးမှာ လူနာသစ်ပေါင်း ၁့၂၃ သန်းရှိပြီး၊ ၆ သိန်းကျော် သေဆုံးရတယ်။ အူသိမ်မှာ ကင်ဆာဖြစ်တာ ရှားတယ်။ Colon cancer အူမကြီး-ကင်ဆာ အများစုက ကင်ဆာမဟုတ်တဲ့ Polyps အသားပိုကနေစတယ်။ ဖြစ်ကာစမှာ အူမကြီးရဲ့ အတွင်းဆုံးလွှာကနေဖြစ်ပြီး စောစောမသိလို့ ဆေးမကုရင် အူမကြီးရဲ့ ကြွက်သားလွှာအထိ ရောက်လာမယ်။ နောက် ဆက်ပြန့်မယ်။ အူနံရံမှာသာ ဖြစ်နေသေးရင် ကုရတာလွယ်တယ်။ ရောဂါဗေဒအရပြောရရင် ၉၅% က Adenocarcinoma အမျိုးအစားဖြစ်ပြီး ကျန်တာက Lymphoma နဲ့ Squamous cell carcinoma အမျိုးအစားဖြစ်တယ်။ Cause ဘာလို့ဖြစ်သလဲ • အသက်ကြီးမှ ဖြစ်တာများတ

ANC 2015 ၂ဝ၁၅ ဖွါး သားကောင်းရတနာ

Image
• ပြောပြောနေကြရတဲ့ ၂ဝ၁၅ ရောက်ပါပြီဗျား။ • ၉ လလွန် ၁ဝ လဖွါး၊ လိုချင်တာရမလားတော့ ပြောမရသေးပါ။ အင်္ဂါစုံ-မစုံဆိုတာ ကြိုမတွေးကောင်းပါ။ • မိစစ်-ဖစစ်ဆိုတာကို ဆိုင်းဘုတ်တွေမှာ ရေးထားရတာမျိုးမဟုတ်ပါ။ • ကိုယ်ဝန်ကို (လူထုလက်) အပ်ပါ။ မှန်မှန်ပြသနေပါ။ • ဆရာဝန်ညွှန်တဲ့အားဆေးလဲသောက်ပါ။ သံဓါတ်ဆိုတာ ကြေးနီထက်မာကြောတယ်။ • ကာကွယ်ဆေးတွေလဲ မှန်မှန်ထိုးပါ။ မြန်မာလူမျိုးတွေက တော်တော့ရောဂါတွေကို ခံနိုင်ရည်ရှိကြတယ်။ • အစာအဟာရ မျှတလုံလောက်အောင် စားသုံးပါ။ ပြည်တွင်းအစားအစာထက် ပိုကောင်းတာမရှိပါ။ တရုပ်စာ၊ ကုလားစာ၊ ထိုင်းစာတွေနဲ့ မသင့်ပါ။ • ၂ဝ၁၅ ဖွါးမဲ့ ရင်သွေးရတနာ ရိုးရိုးမွေးလို့ရပါစေ။ ခွဲမွေးပေးနိုင်တဲ့ဆရာဝန်တွေလဲ အများကြီးရှိပါတယ်။ မလိုအပ်ပဲ ခွဲမွေးတာတော့ အားမပေးပါ။ • ဆရာဝန်နဲ့ လက်သည်ချည်းလဲ အားမကိုးပါနဲ့။ ဒေါက်တာတင့်ဆွေ ၃၁-၁၂-၂ဝ၁၄

New Year Wishes ဆုတောင်းပေးသူ ဆုတူရပါစေ

Image
• မြန်မာပြည်ကလာတဲ့ တမ်းချင်း၊ ကျွန်တော့်ဆီကပို့တဲ့ လွမ်းချင်း၊ • လူချင်းက မမြင်ဘူးကြပေမဲ့ ရင်ချင်းကအတူတူ၊ • မြူနှင်းထူဆောင်းလ၊ ဖုန်သဲထူနွေလ၊ ချောင်းရေကျမိုးလတွေမှာ၊ • ဝေဒနာသည်တွေကိုကုစား၊ စေတနာမေတ္တာတွေကို ရယူခံစား၊ • ၁၉၉ဝ မှာ ဆန္ဒမဲပြားတွေကို ပေးအပ်ထားတဲ့ နိုင်ငံရေးသမားဆရာဝန်တယောက်၊ • အနောက်ကမ္ဘာ ရောက်ကာနေရတာမို့ တခေါက်တခါ အရောက်သာပြန်လှည့်ပါလို့၊ • တယောက်မကပါ ဖိတ်စာပို့လာကြ၊ • မရိုးမရွနဲ့ ခြေမကြွနိုင်သေးခင်၊ • မေတ္တာရေစင်သာ အရင်ပို့နိုင်သေးရဲ့၊ • ဘေးမခရန်မသီ၊ မြန်ပြည်သားများစုံအညီ၊ • နှစ်သစ်မှာ ကျန်းမာခြင်းချမ်းသာခြင်းတွေနဲ့ တလုံးတဝပြည့်ကြစေချင်သည်။     ။ ဒေါက်တာတင့်ဆွေ ၃၁-၁၂-၂ဝ၁၄

Museum of Menstruation ရာသီပြတိုက်

Image
• အမျိုးသမီးတွေရာသီဆင်းတာနဲ့ဆိုင်တဲ့ အရာပေါင်း ၄ဝဝဝ ကို ပြထားထားခဲ့တယ်။ ပြတိုက်ကို ၁၉၉၉ ခုနှစ် နှစ်ဆန်းပိုင်းမှာ ပိတ်လိုက်ပါတယ်။ ဒါပေမဲ့ စုဆောင်းထားတာတွေ ရှိပါသေးတယ်။ ရောက်ခဲ့ဘူးသူတယောက်က ပြန်ရေးတာမှာ အသက် ၅ဝ လူပျိုကြီး Harry Finley (ဟယ်ရီ ဖင်လေး) ဆိုသူက အထက်ထပ်မှာနေပြီး လာမေးသူတွေကို စုဆောင်းထားတာတွေကို ဖွင့်ပြတယ်လို့ ဆိုပါတယ်။ • Lower trunk mannequins အောက်ပိုင်းအဝတ်အစားရုပ်တုတွေထဲမှာ ရာသီလာစဉ်ဝတ်ဆင်တဲ့ အဝတ်အစား အမျိုးမျိုး၊ Tampons ရာသီလာစဉ်သုံးတဲ့ခွက်အမျိုးမျိုး၊ US Army tampon ကနေ Commercial tampons ကနေ့ခေတ် ရောင်းကုန် အထိပြထားတယ်။ ရာသီလာချိန်မှာစားလေ့ရှိတဲ့အစားအသောက်လဲပါတယ်။ PMS Crunch ခေါ်တယ်။ အနုပညာပစည်းတွေ၊ စာသားတွေနဲ့ ပစ္စည်းတွေစုံတယ်။ • ဥရောပကနေလဲ စုဆောင်းထားတယ်။ ပန်းချီတွေလဲပါတယ်။ ၁၈၆၇ တုံးက တီထွင်ထားတဲ့သတ္တု + ဝိုင်ယာ တွေနဲ့လုပ်တဲ့ပစ္စည်းကို မှတ်ပုံတင်ထားသူက အမျိုးသားတဦးဖြစ်တယ်။ • စာတွေထဲမှာ Tampon safety legislation ဥပဒေ၊ Menstrual product safety ထုတ်ကုန်စိတ်ချရမှု၊ History of tampons and menstrual cups ရာသီသုံးပစ္စည်းတွေသမိုင်း၊ Feminine hygiene products အမျိုးသမီး သန့်ရ

Vulvovaginitis အမျိုးသမီးအင်္ဂါ ရောင်ခြင်း

Image
အမျိုးသမီး အင်္ဂါရောင်တာကို တိတိကျကျပြောရရင် Vulvovaginitis (ဗဂျိုင်းနား + မိန်းမကိုယ်) ရောင်ခြင်း ဖြစ်တယ်။ သိသာတဲ့ ရောဂါလက္ခဏာတွေကတော့ - 1. Vulvar itching မိန်းမကိုယ်ယားယံခြင်း၊ 2. Vaginal discharge ဗဂျိုင်းနားက တခုခုဆင်းခြင်း နဲ့ 3. Vaginal odor ဗဂျိုင်းနားက အနံ့ထွက်ခြင်းတွေဖြစ်တယ်။ Acute vulvovaginitis ရုတ်တရက်-ရက်တို မိန်းမကိုယ် နဲ့ ဗဂျိုင်းနား ရောင်ခြင်းကို ဖြစ်စေတာတွေကတော့ - - Infections ရောဂါပိုးဝင်တာ၊ - Irritant or allergic contact မသင့်တာ၊ မတည့်တာနဲ့ ထိတွေ့မိတာ နဲ့ - Atrophic vaginitis အသက်ကြီးလာလို့ ဖြစ်ရတဲ့ မွေးလမ်းကြောင်း ပါးလာတဲ့ ဇရာဖြစ်စဉ်တွေ ဖြစ်တယ်။ Infections ရောဂါပိုးဝင်တာ အများဆုံး (၃) မျိုးကနေဖြစ်စေတယ်။ 1. Bacterial vaginosis ဗဂျိုင်းနားရောင်ခြင်းဆိုတာ ဗဂျိုင်းနားမှာ ရှိနေကြပိုးတွေ အခြေအနေပြောင်းသွားလို့ဖြစ်ရတဲ့ Gardnerella vaginalis (ဂါ့ဒ်နီရဲလား ဗဂျိုင်နိုက်တစ်)၊ 2. Candida albicans (ကင်ဒီဒါ အယ်လ်ဘီကန်) ပိုးကနေဖြစ်စေတဲ့ Candidiasis (ကင်ဒီဒိုင်ယေးဆစ်) နဲ့ 3. Trichomonas vaginalis (ထွိုင်ကိုမိုးနပ်စ် ဗဂျိုင်နယ်လစ်) ကနေဖြစ်စေတဲ့ Trichomoniasis (ထွိ

Q and A အမေး-အဖြေများ

Image
၁။ ဆရာခင်ဗျား အညာမှာ ဖုန်ထူညစ်ပတ်လို့ ကျနော်အမျိုးသမီးခြေထောက်မှာ ခြင်ကိုက်ဖုကို ကုတ်မိရာကနေ တဖြည်းဖြည်းကြီးလာပြီး ဝဲနှင်းခူ (အစို) ဖြစ်လာတယ်ခင်ဗျာ။ ကျေးလက်ဆေးပေးခန်းတွေသွားပြီး ဆေးထိုးဆေးစား တာလည်း မပျောက်ဘူးခင်ဗျာ။ နောက်ထပ် တိုက်နယ် ဆေးရုံသွားပြီး ဆေးထိုးတာလည်း မပျောက်ပါခင်ဗျာ။ အဖုအပိန့်တွေ ပေါက်လာတာပဲ အဖတ်တင်တယ်ဆရာ။ တိုက်နယ်ဆေးရုံက ဆရာမက SIVKORT ထိုးဆေးနဲ့ နှင်းခူ ဘေးပတ်လည်ကို ထိုးရင် ပျောက်တယ်လို့ပြောလို့ ဝယ်လာတယ်ဆရာ။ SIVKORT ဆေးထိုးရင်ဘေးထွက် ဆိုးကျိုး ရှိမလားဆရာ။ ကျေးဇူးပြု၍ ဖြေကြားပေးပါခင်ဗျာ။ Sivkort ဆိုတာ Triamcinolone ဆေးဖြစ်တယ်။ လိမ်းဆေး-ထိုးဆေးရှိတယ်။ နေရာအမျိုးမှိုးမှာသုံးတယ်။ အလာဂျီရတာ၊ နှင်းကူနာ SIVKORTအမျိုးမျိုးအတွက်ဖြစ်တယ်။ ဘေးထွက်-ဆိုးကျိုးတွေရှိတယ်။ လိမ်းတဲ့နေရာ အရေပြား ခြောက်သွေ့မယ်။ ကွဲအက်မယ်။ ဝက်ခြံပေါက်မယ်။ ပူလောင်မယ်။ အရေပြားအရောင်ပြောင်းမယ်။ ဗက်တီးရီးယား ဝင်လာနိုင်တယ်။ ၂။ ကျနော့်အသက် ၂၃ နှစ်ပါ။ ပြီးခဲ့သည့် ၂ဝ၁၃ ဒီဇင်ဘာလမှာ အက်ဆီးဒင့်တခုကြောင့် ကျနော့် ဘေလုံး (စပလင်း) ခွဲထုတ်ပစ်ခဲ့ရပါတယ်။ အဲ့ဒါအကြောင့် ကျနော် စိတ်အရမ်းညစ်ရပါတယ်ဆရာ။ အခုဆိုရင်တနှစ်ပြည့်ပါပြ

Calcium (ကယ်လ်စီယမ်)

Image
ကယ်လ်စီယမ်ဓာတ်များရင် ကျောက်ကပ်ထိတယ်ဆိုတာ ဟုတ်ပါသလား။ လွန်ခဲ့တဲ့ သုံးလေးလလောက်က allergic ဖြစ်လို့ ဆေးခန်းသွားပြတော့ သမီးကို စီထရင်းလိုဆေးမျိုးနဲ့ Calcium J သောက်ခိုင်းပါတယ်။ ဆေးဆိုင်က Calcium 500 နဲ့အတူတူပဲဆိုပြီး ရောင်းတယ်။ ဒါပေမဲ့ ဆရာဝန်ညွှန်တဲ့ Calcium J ကိုပဲ ဝယ်သောက်တယ်။ တော်ကြာ Calcium က လိုအပ်တာထက် များသွားမှာ စိုးလို့ပါ။ Hypercalcemia သွေးထဲမှာ (ကယ်လ်စီယမ်) များနေခြင်း အကြောင်းတရား ၇ ပါးရှိတယ်။ ၁။ Hyperparathyroidism (ပါရာသိုင်းရွိုက်) ဟော်မုန်းများနေခြင်း၊ ၂။ ကင်ဆာ ဝ့ဝ၁% ရှိတယ်။ • Multiple Myeloma (မာလ်တီပယ်-မိုင်လိုးမား)၊ • Squamous cell cancer of the lung အဆုပ်ကင်ဆာတမျိုး၊ • Breast Cancer (very advanced) ရင်သားကင်ဆာ နောက်ပိုင်း၊ • Kidney Cancer (very advanced) ကျောက်ကပ်ကင်ဆာ နောက်ပိုင်း၊ • Squamous Cell Cancer of the Head and Neck (very advanced) ဦးခေါင်း၊ လည်ပင်း ကင်ဆာ နောက်ပိုင်း။ ၃။ Sarcoidosis (ဆာကွိုက်ဒိုးဆစ်) ရောဂါ ၄။ Vitamin D ဗီတာမင် (ဒီ) ဆေေးသောက်တာ များသွားခြင်း၊ ၅။ Hydrochlorothyazide ဆီးအတင်းသွားစေတဲ့ဆေး၊ ၆။ Milk-Alkali Syndrome ရောဂါ၊ ၇။ Paget

Calcium blood test (ကယ်လ်စီယမ်) စစ်ဆေးခြင်း

Image
လူတွေမှာရှိတဲ့ (ဆဲလ်) တိုင်းက (ကယ်လ်စီယမ်) လိုအပ်တယ်။ အဓိကကတော့ အရိုးတွေ၊ သွားတွေကို သန်မာစေတယ်။ နှလုံးအလုပ်အတွက်လဲ အရေးပါတယ်။ ကြွက်သားညှစ်တာ၊ သွေးခဲတာနဲ့ အာရုံကြောအလုပ်တွေမှာလဲ (ကယ်လ်စီယမ်) ဓါတ်လိုတယ်။ ကိုယ်ထဲမှာ အရိုး၊ သွေးရည် နဲ့ (ဆဲလ်) အရည်တွေထဲမှာ ရှိနေတယ်။ သူရှိနေသင့်တဲ့ ပမာဏကို ဟော်မုန်း ၃ မျိုးက နေထိန်းချုပ်ပေးနေတယ်။ Parathyroid hormone (PTH), Vitamin D နဲ့ Calcitonin တွေဖြစ်ကြတယ်။ ဒီဓါတ် အနည်းအများအတွက် သွေးရောဆီးရော စစ်နိုင်တယ်။ ဆေးမစစ်ခင် သိထားဘို့က Calcium salts, Lithium, Thiazide diuretics, Thyroxine, Vitamin D ဆေး သောက်နေသူတွေနဲ့ နွားနို့ များများ သောက်နေသူတွေ စစ်တဲ့အခါ များနေနိုင်တယ်။ ဘာလို့စစ်ရသလဲဆိုရင် - အရိုးရောဂါ၊ Multiple myeloma, Breast, Lung, Neck, Kidney ကင်ဆာ တချို့၊ Chronic kidney disease နာတာရှည် ကျောက်ကပ်ရောဂါ၊ Parathyroid gland (ပါရာသိုင်းရွိုက်) ရောဂါ၊ Chronic liver disease နာတာရှည် အသဲရောဂါ၊ အစာစုပ်မယူနိုင်တဲ့ရောဂါ၊ Thyroid gland or Thyroid hormone medication သိုင်းရွိုက်ရောဂါ။ Normal Results ပုံမှန်အဖြေမှာ ဓါတ်ခွဲခန်းတွေက ယူနစ် မတူတာသုံးတာလဲ ရှိတ

Erectile Dysfunction Physiology ပန်းသေ-ပန်းညှိုး ဇီဝကမ္မဗေဒနှင့် ရောဂါဗေဒ

Image
ဒီအကြောင်းကို ရေးထားတာကြာပါပြီ။ (ဘလော့ခ်) မှာသာတင်ထားပြီး၊ (ဖေ့စ်ဘွတ်) မှာမတင်ပါ။ ကနေ့မနက် မေးခွန်း ၂ ခုကို (ကွန်မင့်) နေရာကနေမေးလာတယ်။ တင်ပေးဘို့ဆုံးဖြတ်ပါတယ်။ နားလည်ခွင့်ပြုကြပါလို့ တောင်းပန်ပါတယ်။ ပန်းသေ-ပန်းညှိုးကို Erectile Dysfunction နဲ့ Impotence လို့ခေါ်တယ်။ “လိင်ဆက်ဆံမှုပြုနိုင်ဘို့ရာ ကျား-လိင်အင်္ဂါ လုံလောက်အောင် မသန်မာနိုင်တာနဲ့ လိင်ဆက်ဆံရာမှာ အပြည့်အဝမဖြစ်နိုင်တာ” လို့ အဓိပ္ပါယ်ဖွင့်ပါတယ်။ လိင်အင်္ဂါ သန်မာမှုဆိုတာ (ဟိုက်ဒရောလစ်) တံခါးမျိုးလိုဘဲ လိင်တံထဲကို သွေးတွေစီးဝင်လာရာကနေ ဖြစ်လာစေရပါတယ်။ လိင်အင်္ဂါသန်မာဘို့ရာ ဖြစ်စဉ် ၂ ခုရှိပါတယ်။ (၁) Reflex erection ဆိုတာ လိင်အင်္ဂါကို ထိကိုင်တဲ့အခါ တုံ့ပြန်မှု၊ Peripheral nerves အဖျားပိုင်းက အာရုံကြောတွေနဲ့ ခါးဆစ်ထဲက အာရုံကြောတွေကနေ လုပ်ပေးတယ်။ လိင်အင်္ဂါကို ထိကိုင်တာနဲ့ အာရုံကြောစနစ်ကြောင့် Nitric oxide (နိုက်ထရစ်အောက်ဆိုက်) တွေ ထွက်လာစေတယ်။ သူ့ကြောင့် လိင်တံထဲက Corpora cavernosa ထဲမှာရှိတဲ့ Smooth muscles အနုစားကြွက်သားတွေ Relaxation ပျော့ကျယ်လာစေမယ်။ (၂) Psychogenic erection စိတ်ပိုင်းကနေလုပ်ပေးတာ။ Sexual arousal လိင်စိတ်ဖြစ်ပေါ်လာခြင်း

Erectile Dysfunction ပန်းသေ-ပန်းညှိုး

Image
ပန်းသေ-ပန်းညှိုးကို Impotence လို့အများသိပြီး ဆေးစာမှာ Erectile Dysfunction လို့ခေါ်ခေါ်တယ်။ “လိင်ဆက်ဆံမှု ပြုနိုင်ဘို့ရာ ကျား-လိင်အင်္ဂါ လုံလောက်အောင် မသန်မာနိုင်တာနဲ့ လိင်ဆက်ဆံရာမှာ အပြည့်အဝ မဖြစ်နိုင်တာ” လို့ အဓိပ္ပါယ်ဖွင့်ပါတယ်။ လိင်အင်္ဂါ သန်မာမှုဆိုတာ (ဟိုက်ဒရောလစ်) နည်းလိုဘဲ လိင်တံထဲကို သွေးတွေ စီးဝင်လာရာကနေ ဖြစ်လာစေတယ်။ လိင်အင်္ဂါသန်မာဘို့ရာ ဖြစ်စဉ် ၂ ခုရှိပါတယ်။ (၁) လိင်အင်္ဂါကို ထိကိုင်တဲ့အခါ တုံ့ပြန်မှုနဲ့ အဖျားပိုင်းက အာရုံကြောတွေနဲ့ ခါးဆစ်ထဲက အာရုံကြောတွေကနေ လုပ်ပေးတယ်။ လိင်အင်္ဂါကို ထိကိုင်တာနဲ့ အာရုံကြောစနစ်ကြောင့် (နိုက်ထရစ်အောက်ဆိုက်) တွေ ထွက်လာစေတယ်။ သူ့ကြောင့် လိင်တံထဲက Corpora cavernosa ထဲမှာရှိတဲ့ အနုစားကြွက်သားတွေ ပျော့ကျယ်လာစေမယ်။ (၂) စိတ်ပိုင်းကနေ လုပ်ပေးတာ။ လိင်စိတ် ဖြစ်ပေါ်လာခြင်းကနေ အစပျိုးတယ်။ ED ရောဂါဟာ တကမ္ဘာလုံးမှာ ဖြစ်ကြတာ များတယ်။ အသက် ၆ဝ ကျော်ရင် ၃၅% မှာ ပန်းသေ-ပန်းညှိုး ရှိနေကြတယ်။ ယောက်ျားတွေဟာ ဆေးများများသောက်လေလေ ပန်းသေ-ပန်းညှိုးဖြစ်နိုင်ခြေ များလေလေဖြစ်တယ်။ ဖြစ်နေရင်လဲ ပိုဆိုးစေနိုင်ပါသေးတယ်။ အသက် ၄၆ နှစ်ကနေ ၆၈ နှစ်ကြားအရွယ်ရှိတဲ့ အတန်းအစားပေါင်းစုံက ယောက်ျ

Viagra သန်မာစေတဲ့ဆေး

Image
ပန်းသေ-ပန်းညှိုးဖြစ်တာကို ကုစားနည်းတွေ ကြိုးစားပမ်းစား ရှာဖွေခဲ့ကြရတယ်။ နောက်ဆုံးပေါ်လဲဖြစ် နောက်ထပ် ပေါ်စရာမလိုတော့ဘူး ပြောနိုင်မဲ့ Viagra ဆေးကို ၁၉၉၈ မတ်လ ၂၇ ရက်ကစပြီး ဆိုင်တင်ခဲ့ပါပြီ။ ဆေးက တကယ် အစွမ်းထက်သလို ဘေးထွက်ဆိုးကျိုးက သိပ်ထူးလှတာ မဟုတ်လို့ အလွန်အောင်မြင်တဲ့ အသစ်တီထွင်မှု ဖြစ်တယ်။ ဒေါ်လာ သန်းထောင်ကျော် စီးပွါးရေးလဲ ဖြစ်ပါတယ်။ ဆေးတိုင်းမှာ Generic name ဆေးနာမယ်နဲ့ Trade name အရောင်းအဝယ်လုပ်ဘို့ပေးတဲ့ နာမယ်ဆိုပြီး နှစ်မျိုးရှိရာမှာ Viagra က Generic နာမယ်ပါ။ တခြားနာမယ်တွေ Caverta, Sildenafil citrate, Revatio စသဖြင့် ရှိသေးတယ်။ Viagra ကို Nicknames တင်စားခေါ်တာတွေလဲ ရှိတယ်။ Vitamin V, Mo Mojo, Woodmaker, The pill for men, Soft Tabs, Blue Pill စသဖြင့်။ Kamagra ကလဲ တရားဝင်အရောင်းနာမည် ဖြစ်လာတယ်။ Sildenafil citrate ဆေးဟာ Pfizer Company ရဲ့ Generic Viagra ဆိုပြီးပေးတဲ့ မူပိုင်ဖြစ်လို့ နောက်လူတွေ ဒီနာမယ် အတိုင်း ရောင်းလို့မရပါ။ Herbal Viagra, Natural Viagra ဆိုတာတွေက အတုလို့ ပြောနိုင်တယ်။ (အွန်လိုင်း) ကနေ ဝယ်ခြင်ရင် သတိထားပေးတာထဲမှာ “အဆိုးဆုံးက တရုပ်-ကုမ္ပဏီ ဖြစ်တယ်” လို့ ဆိုတယ်။ ဆေး

Erectile Dysfunction Medicines ပန်းသေ-ပန်း ညှိုးအတွက်ပေးတဲ့ဆေးများ

Image
(က) ပန်းသေ-ပန်းညှိုး ကုသဘို့ပေးတဲ့ဆေးများ ၁။ Sildenafil (Viagra) ဆေး၊ ၂။ Vardenafil (Levitra or Staxyn) ဆေးနဲ့ ၃။ Tadalafil (Cialis) ဆိုတဲ့ ဆေးနာမည်တွေနဲ့ အမေရိကားမှာ ဝယ်လို့ရတယ်။ ၄။ Avanafil (Stendra) ဆေးကိုလည်း FDA ကနေ ၂ဝ၁၂ ဧပြီလမှာ ခွင့်ပြုချက်ပေးလိုက်ပြီဖြစ်တယ်။ တခြားနာမည်တွေနဲ့ တခြားနိုင်ငံတွေမှာ ထုတ်လုပ်တယ်။ နာမည်ရှိတဲ့ ဆေးကုမ္ပဏီတွေက ထုတ်တာကိုသာ သုံးသင့်တယ်။ ဆေးတွေအားလုံး ထိရောက်တယ်၊ ဘေးထွက်-ဆိုးကျိုးလဲ နည်းတယ်။ လူသုံးများလှနေပြီ။ အလုပ်လုပ်ပုံ ခပ်ဆင်ဆင်တူတယ်။ • Viagra နဲ့ Levitra ကပိုတူတယ်။ အစာနဲ့ တွဲမသောက်ရဘူး။ ကိုယ်လိုအပ်မဲ့အချိန်ထက် ၃ဝ-၆ဝ မိနစ် ကြိုသောက်ထားပါ။ ၅ နာရီအထိ ဆေးအစွမ်းရှိတယ်။ • Cialis ကို အစာနဲ့ နီးနီးဝေးဝေး သောက်နိုင်တယ်။ ချက်ချင်းလို သက်ရောက်လို့ ကြိုသောက်စရာ မလိုဘူး။ တရက်ခံတယ်။ Cialis (36-hour) ဆိုရင်တော့ မိနစ် ၃ဝ ကြိုတင်သောက်ပါ။ ၃၆ နာရီခံတယ်။ • Vardenafil (Levitra) ဆေးကို လျှာအောက်ငုံရတဲ့ Staxyn ဆေးပြားလဲ လာတယ်။ • ဆေး ၃ မျိုးလုံးကို တနေ့မှာ တခါသာသောက်ပါ။ Viagra ဆိုရင် 50mg နဲ့လဲရတဲ့သူ များတယ်။ အဲလိုလူတွေက တနေ့ ၂ ခါအထိ သောက်နိုင်တယ်။ • သတိထားစရ

Cialis (Tadalafil) ပန်းသေပန်းညှိုးအတွက်ဆေး

Image
 ကျွန်တော် Tadalafil 20g သောက်ပြီးတာ ၃ ရက်မြောက်ပါပြီ။ သောက်ပြီးကတည်းက ခြေထောက်တွေ မခံမရပ်နိုင်အောင် တစ်ခါတစ်ခါကိုက်ပါတယ်။ ညလည်းမအိပ်ရဘူး တအားကိုက်ပါတယ်ဆရာ။ ဘာလုပ်သင့်လဲဆိုတာ ပြောပေးပါ။ ယောက်ျားတွေမှာ လိင်ပိုင်းဆိုင်ရာအခက်အခဲ ၃ မျိုးရှိတယ်။ (၁) သုက်လွှတ်မြန်တာ၊ (၂) လိင်အင်္ဂါ သန်မှုနည်းနေတာနဲ့ (၂) လိင်အင်္ဂါကို ပိုကြီးရှည်ချင်တာတွေဖြစ်တယ်။ မိန်းမတွေမှာလိုလိင်စိတ်နည်းတာမျိုးယောက်ျားမှာ ဖြစ်ခဲတယ်။ ကဲလွန်းနေတာတော့ ရှိတယ်။ Impotence ပန်းသေ-ပန်းညှိုးရောဂါကို Erectile dysfunction (ED) လို့ ဆေးစာနဲ့ ခေါ်တယ်။ ရောဂါအခြေအနေအပြော့၊ အပြင်းမတူပါ။ တချို့မှာလုံးဝလိင်အင်္ဂါ သန်မာမှုမရှိဘူး။ တချို့ကြ တခါတလေကောင်းလိုက် တခါတလေမကောင်းလိုက် ဖြစ်တယ်။ ယောက်ျားတွေလဲရှက်ကြတာဘဲ။ ဆရာဝနဆီမလာတာမနည်းလှဘူးထင်ရတယ်။ လူဘယ်လောက်မှာဒီလို ဖြစ်နေတယ် ပြောဘို့ခက်တယ်။ စာရင်းဇယားထားတတ်တဲ့ အမေရိကားမှာသန်း ၃ဝ ရှိမယ်တဲ့။ အသက်အရွယ် သိပ်မရွေး ဖြစ်နိုင်ပေမဲ့ ငယ်သူတွေမှာနည်းပြီး ကြီးသူတွေမှာအဖြစ်များတယ်။ ၄၅ ကျော်လာရင် နည်းနည်းဖြစ်ဖြစ် စကြပြီ။ (မက်ဆာချူးဆက်) အသက်ကြီးလေ့လာရေးဌာနကနေပြောတာက အသက် ၄ဝ ကျော်ရင် လုံးဝပန်းသေသူ ၅% တိုးလာပြီး၊ ၇ဝ