Age of Military Era စစ်အစိုးရ ဘယ်တုံးကစခဲ့သလဲ

ပုဂံဘုရားတွေကို မွမ်းမံခဲ့တာဟာ စနစ်မကျလို့ ရှေးဟောင်းအမွေအနှစ်ကို မထိန်းသိမ်းတတ်တာဆိုတဲ့ ဝေဖန်ချက်အပေါ် တာဝန်အရှိဆုံးလူကနေ ပြန်ချေပပါသတဲ့။ ဘဘတို့က ထေရဝါဒကွဲ့။ ထေရဝါဒဆိုတာ ဘုရားရွှေချရတယ်တဲ့ဗျာ။ ဘဘဆိုတဲ့သူ ထေရဝါရနဲ့ မဟာယနကို ဂဃနဏသိပုံမရဘူး။

မဟာယနကလဲ ဘုရားတွေကို ရွှေချတာပါဘဲ။ ဓါတ်ပုံတွေကိုကြည့်ပါ။

ကာဗွန်-၁၄၊ ဒါမှမဟုတ် ရေဒီယိုကာဗွန် ခေါ်တာနဲ့ ရှေးဟောင်းပစ္စည်းတွေရဲ့ သက်တမ်း ခန့်မှန်းရတယ်။ နောင်တချိန်မှာ ပုဂံဘုရားတချို့ရဲ့ သက်တမ်းကိုစစ်ရင် အစားထိုးအုတ်ချပ်တွေကိုတွေ့လို့ စစ်အစိုးရသက်တမ်းနဲ့ အတူဖြစ်တာ တွေ့ရပါတော့မယ်။

(မှတ်ချက်။  ရှေးဟောင်းပစ္စည်းတွေကို သက်တမ်းစစ်ရင် အော်ဂဲနစ် ခေါ် ကာဗွန်ပါတဲ့အရာကိုသာစစ်ပါတယ်။)

ဒေါက်တာတင့်ဆွေ
၁၅-၃-၂ဝ၁၄
၁၅-၃-၂ဝ၁၇


Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး