Hello Saya ဟယ်လိုဆရာ

မေးနည်းစည်းကမ်းပြီးရင် အများဆုံးပို့ပေးရတဲ့စာ။ တဖြည်းဖြည်းနဲ့တော့ နည်းနည်းလာပြီ။ ကောင်းတယ်။ အခုတခါလာလို့ ထပ်တင်ရတာ။ ခဏခဏ (ခဏခဏ) တင်ရလို့ ဆောရီး။

ဆရာဝန်ကို အကို၊ ဦးလေး၊ အဘ၊ ဘဘလို့အခေါ်ခံရတာနဲ့ ကိုယ်ကိုယ်ကို သားလို့၊ သမီးလို့ရေးတာတွေဟာ ကျွန်တော့်အတွက် အခက်အခဲတွေ ဖြစ်စေပါတယ်။

ကိုယ့်ကိုယ်ကို သားလို့ရေးရင် ရေးတဲ့သူလား၊ သူ့သားလား စဉ်းစားရတယ်။ သမီးလို့ရေးရင် ရေးတဲ့သူလား၊ သူ့သမီးလား၊ သမီးရဲ့သမီးဆိုရင် သူ့မြေးမလေးလား၊ သားကောင်မလေးလို့ရေးတော့ ရေးတဲ့သူရဲ့ သားမက်လား စဉ်းစားရပြီ။ နာမည်ကို အဖျားဆွတ်ရေးတာလည်း အတော်စဉ်းစားရခက်တယ်။

အဘဆိုတာ စစ်အစိုးရထဲကလူကြီးတွေကို ခေါ်ကြတယ်။ နိုင်ငံရေးလုပ်သူတွေကို ဖမ်းဆီးနှိပ်စက်၊ ထောင်ချခဲ့သူက သူထောင်ကလွတ်လာတော့ သူ့ကိုယ်သူ အဘတဲ့။ အဘခေတ် ကျဆုံးပါစေ။

ငယ်ချင်လို့ပြောတာ မဟုတ်ပါ။ ကျွန်တော့်ပရိုဖိုင်းလ်မှာ အသက်မှန်အတိုင်း ရေးထားပါတယ်။ ဆရာထက် မှန်တာ၊ ယဉ်ကျေးတာ၊ လေးစားသမှုရှိတာ မရှိပါ။ ဆရာကြီးလည်း မဟုတ်ပါ။ ဆရာ-လူနာ ဆက်ဆံရေးမှာ တွယ်ကပ်မှု ကင်းရတယ်။ အပို-အလို မရှိသင့်ပါ။ ဒေါက်တာဆိုတာတော့ နားယဉ်နေကြပါပြီ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး