Cheap medicine for hepatitis C အသည်းရောင် (စီ) ဆေး ဈေးချိုချိုနဲ့ရနိုင်တော့မည်

သတင်း = DVB - ဒေါ်လာ ၉ သောင်းတန်ဖိုးရှိ အသည်းရောင်အသားဝါဆေးကို ၆၅ဝ နဲ့ ရအောင်ကြိုးစားနေ

နောက်ဆုံးရကျန်းမာရေးသတင်းကိုအခြေခံပြီး ၂၆-၈-၂ဝ၁၄ နေ့က ဒီပို့စ်ကိုတင်ခဲ့ပါတယ်။ အသည်းရောင် (စီ) ပိုးကို ကုသပေးနေတဲ့ဆေး Sovaldi (Sofosbuvir) ကို ဆေးဝါးထုတ်လုပ်တဲ့ အမေရိကန် Gilead Sciences ကုမ္ပဏီကနေ အမေရိကမှာရောင်းနေတဲ့ ဈေးနှုန်ထက် ၉၉% နည်းတဲ့တန်ဘိုးနဲ့ရောင်းဘို့ အီဂျစ်နဲ့ အိန္ဒိယနိုင်ငံတွေကို ကမ်းလှမ်း လိုက်ပါတယ်။ အသည်းရောင် (စီ) ဖြစ်နေတာ အများဆုံးဖြစ်တယ်။ Sofosbuvir 400 mg ဆေးပြားကို တနေ့ ၁ ကြိမ်၊ ၁၂ ပါတ် ပေးရတယ်။ ဆေး ၁ ပြားကို ဒေါ်လာ ၁ဝဝဝ ပေးရတယ်။ Gilead Sciences ဆေးကုမ္ပဏီကနေ အမေရိကားမှာ ရောင်းဈေး ၈၄ဝဝဝ ကများလွန်းလို့ အိန္ဒိယမှာ ဒေါ်လာ ၉ဝဝ နဲ့ ရအောင် ထုတ်စရာရှိတယ်။ အဲလိုသာ ဖြစ်လာရင် ဆင်းရဲတဲ့နိုင်ငံကလူတွေအတွက် အများကြီးအကျိုးရှိပါမယ်။

အမေရိကန် Gilead ကနေ တခြားနိုင်ငံတွေက ဆေးထုတ်နိုင်တဲ့ကုမ္ပဏီ ၅ ခု ၆ ခုနဲ့စကားပြောခဲ့ပါတယ်။ အိန္ဒိယက Cipla လည်းဝင်တယ်။ ဒေါ်လာ ၈၄ဝဝဝ ပေးရတာကို ၉ဝဝ လို့ခန့်မှန်းခဲ့တာကနေ အခု ဒေါ်လာ ၆၅ဝ နဲ့ရမယ်ဆိုတာ အလွန် ကောင်းပါတယ်။ ဒီအစီအစဉ်ကို အိန္ဒိယ၊ ပါကစ္စတန်၊ အီဂျစ်၊ အင်ဒိုနီးရှား၊ တောင်အာဖရိ၊ ဗီယက်နမ်၊ မွန်ဂိုလီးယားနဲ့ မြန်မာနိုင်ငံအပါအဝင် ဆင်းရဲသေးတဲ့နိုင်ငံ (၈ဝ) မှာ ဝယ်ယူနိုင်မှာဖြစ်ပါတယ်။

၁၅-၉-၂ဝ၁၄ နေ့သတင်းအရ India's Cipla (CIPL.NS) and Ranbaxy Laboratories (RANB.NS) အိန္ဒိယ ဆေးကုမ္ပဏီက အရင်ဆုံးရတယ်။ နိုင်ငံပေါင်း ၉၁ နိုင်ငံကိုရောင်းမယ်။ အိန္ဒိယမှာ အသည်းရောင် (စီ) လူနာ တကမ္ဘာလုံးရဲ့ ၅၄% ရှိနေတယ်။ Cadila Healthcare (CADI.NS), Sequent Scientific (SEQU.BO), Strides Arcolab (STAR.NS), Hetero Drugs and Mylan Laboratories ဆေးကုမ္ပဏီတွေကိုလည်း မူရင်းဆေးနာမည် Sovaldi generic ကို ဆေးထပ်ဆင့်ထုတ်ခွင့် Gilead ကနေပေးလိုက်ပြီ။

စိုးရိမ်တာတခုက ဆေးတွေအရည်အသွေးပြည့်မီဘို့နဲ့ ဆေးရောင်းသူတွေကနေ အကြံအဖန်မလုပ်စေဘို့ဖြစ်ပါတယ်။ ကျွန်တော် ဒေလီမှာ နေခဲ့စဉ်က မြန်မာပြည်ကနေ အိန္ဒိယကိုဆေးလာဝယ်တဲ့ ကုန်သည်တယောက် ဆေးကုမ္ပဏီကို ဆေးအလေးချိန် လျှော့ထည့်ဘို့ အော်ဒါမှာခဲ့လို့ကြားခဲ့ရပါတယ်။

မြန်မာ FDA ကနေရော စားသုံးသူအသင်းတွေကပါ အမြဲကြပ်မတ်ပေးကြဘို့ အကြံပြုပါရစေ။ မတ်လ ၁၅ ရက်နေ့ဟာ World Consumer Rights Day ကမ္ဘာ့စားသုံးသူများအခွင့်အရေးနေ့ဖြစ်ပါတယ်။

ဒေါက်တာတင့်ဆွေ
၂၇-၂-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး