Chinese tourists have the money, but not the manners

တရုပ်ခရီးသွားများ ပိုက်ဆံသာရှိပြီး ရိုင်းစိုင်းကြသည်

ပိုက်ဆံချမ်းသာကြသူတွေ တရုပ်ပြည်မကြီးကနေ တိုင်းတပါးကိုခရီးလှည့်လည်ရာမှာ ယဉ်ကျေးမှု အဆင့်အတန်း နိမ့်လွန်းတယ်ဆိုတဲ့ နာမည်ပျက်မှုကို လူတိုင်းကပြောနေကြပါပြီ။

တရုပ်ကမ္ဘာလှည့်ခရီးသည်တွေကို ဂျာမဏီနိုင်ငံ ဖရန့်ဖတ်မြို့ကိုရောက်တော့ အဝေးပြေးလမ်းမ ခရီးတဝက်မှာ အလေးအပေါ့သွာဘို့ ဆင်းကြတယ်။ စကားပြန် လင်ဒါလီက ရေအိမ်သာသုံးခ €0.7 (HK$6.62) ပေးရမယ်လို့ ရှင်းပြရတယ်။ ဘတ်စ်ကားပေါ်မှာ တရုပ်တွေ တယောက်တခွန်းပြောကြပါလေရော။ ဟောင်ကောင်မှာဆို ပိုက်ဆံပေးရတဲ့အိမ်သာသုံးရင် 0.5 yuan (HK$0.63) ပဲပေးရတယ်လို့။ တရုပ်ခရီးသွားအများစု အဲတာဆို အဲဒါကို သုံးမနေတော့ဘူး လမ်းဘေးသွားမယ်လို့ ဆုံးဖြတ်လိုက်ကြတယ်။ လီက ခေါင်းခါပါသေးတယ်။ ဒါပေမဲ့ ကျကျနန ဝတ်ထားတဲ့ တရုပ်အမျိုးသားကြီးတဦးလည်း လမ်းဘေးမှာပဲ သေးပေါက်တာတွေ့လိုက်ရလို့ စကားပြန်မှာ ပိုပြီး အံသြရပါတော့တယ်။ နောက် ၇ နှစ်နေတော့ လီကပြန်တာမှာ အဲဒီ €0.7 မပေးချင်တဲ့တရုပ်ကြီးက အဲဒီခရီးမှာ ယူရိုထောင်နဲ့ချီပြီးသုံးခဲ့တယ်၊ Vacheron Constantin လက်ပတ်နာရီဝယ်သွားတယ်တဲ့။

တရုပ်တွေဟာ ငွေတွေအထပ်လိုက်သာမက အိမ်ရှင်နိုင်ငံတွေဆီကို ပြဿနာတွေ တလှေကြီးပါသယ်လာတယ်လို့ ပြောစမှတ်ဖြစ်လာနေပါတယ်။ ဧည့်တရုပ်တွေဟာ ချွေတာဘို့တော့သိကြပြီး၊ ယဉ်ကျေးမှုတော့ မသိကြဘူး။ သူတို့ သွားလေရာမှာ စိတ်ပျက်ကြရတယ်။ ပျက်စီးမှုတွေဖြစ်ရတယ်။ တချို့ဆိုရင် တရုပ်တွေလာမယ်ဆိုတာနဲ့ လက်မခံချင် ဖြစ်လာကြတယ်။

ပြီးခဲ့တဲ့ နိုဝင်္ဘာအထိ ဒီနှစ်တွင်းမှာ တရုပ်ပြည်မကြီးက တိုးရစ် သန်း ၁ဝဝ ကျော်ထွက်ကြတယ်။ China National
Tourism Administration တရုပ်ခရီးသွားလုပ်ငန်အသင်းအဆိုအရ ဒါဟာစံချိန်ဖြစ်တယ်။ မနှစ်က ၉၈့၂ သန်း နိုင်ငံခြား ထွက်ကြတယ်။ ဟောင်ကောင်၊ မကာအိုကို ၈၅့၎ သန်း သွားကြတယ်။ ဥရောပကို ၃့၎ သန်း ဒုတိယ အများဆုံး သွားကြတယ်။ အာဖရိကကို ၂့၇ သန်းသွားကြတယ်။

တရုပ်တွေဟာ ၂ဝ၁၃ ကတည်းက အမေရိကန်နဲ့ ဂျာမန်တွေခရီးသွားနိုင်တဲ့အဆင့်နေရာကို ဝင်ယူနိုင်လာကြပြီ။ နိုင်ငံတကာခရီးစဉ်တွေအတွက် US$128.6 billion သုံးခဲ့တယ်။ အမေရိကန်တွေက US$104.7 billion နဲ့ ဂျာမန်တွေက US$91.4 billion သုံးနိုင်ကြတယ်။

တရုပ်တွေလာတာ ရုပ်ဆိုးတာသာမက ဆုံးရှုံးမှုတွေပါကြုံရတယ်။ မနှစ်က ၁၅ နှစ်သားတရုပ်ကလေးက နှစ်ပေါင်း ၃၅ဝဝ သက်တမ်းရှိတဲ့ အီဂျစ်ရှေးဟောင်ရုပ်တုတခုရဲ့ မျက်နှာမှာ ဂရက်ဖတီရုပ်ဆွဲသွားလို့ ပျက်စီးစေခဲ့တယ်။ ဟောင်ကောင် လမ်းပေါ်မှာ အခင်းကြီးစွန်တဲ့အဖြစ်အပျက်ကြောင့် ကျယ်ကျယ်လောင်လောင် ဆန္ဒပြတဲ့အထိဖြစ်လာတယ်။

သတင်းခေါင်းကြီးတွေမှာ ဒီသတင်းမျိုး မကြာမကြာဖတ်ရနိုင်တယ်။ ဒီလထဲမှာ တရုပ်ခရီးသည် ၄ ယောက်ကနေ ခေါက်ဆွဲနဲ့ ရေနွေးပူတွေကို ထိုင်းလေယာဉ်မယ်ပေါ်လောင်းခဲ့တယ်။ သူတို့မကျေနပ်ကြတာက လေယာဉ်လက်မှာ ပြောစာမရလို့နဲ့ ထိုင်ခုံနေရာမကြိုက်လို့တဲ့။ CNTA တရုပ်ခရီးသွားလာရေးအသင်း အဲဒီလူတွေကို နာမည်မည်းစာရင်း သွင်းလိုက်ပါတယ်။

အဲလို ရိုင်းစိုင်းတဲ့ဆတရုက်ခရီးသွားတွေသတင်းက တရုပ်ပြည်ထဲမှာလဲ သတင်းဖြစ်ပါတယ်။ တရုပ်အာဏာပိုင်တွေက လက်ချာပေးတာတွေ၊ နားချပြောရတာတွေနဲ့ ဥပဒေပြင်တာတွေလုပ်လာရတယ်။ တရုပ်ရဲ့ ပထမဆုံး ခရီးသွားဥပဒေဟာ မနှစ်က အောက်တိုဘာမှာပြဋ္ဌာန်းခဲ့ပါတယ်။ ယဉ်ကျေးအောင် ဘယ်လို ပြောဆို၊ ပြုမူ၊ သွာလာရတယ်ဆိုတဲ့ လမ်းညွှန်တွေ ထုတ်ထားရတယ်။ ဒိအရင်တလမှာ စာမျက်နှာ ၆၄ မျက်နှာပါတဲ့ ပုံတွေနဲ့ပြထားတဲ့ Guidebook for Civiliဖed Tourism ကို ထုတ်ဝေခဲ့ပါတယ်။ တန်းစီတာမှာ စည်းမချိုးဖေါက်ဖို့နဲ့ ရေအိမ်သာသုံးစွဲနည်းတွေလည်းပါတယ်။

သမတ ဇီ ဂျန်းပင်ကိုယ်တိုင်ကနေ နေရာတကာရေဗူးတွေမပြစ်ကြဖို့၊ သန္တာကျောက်တန်းတွေကို မဖျက်ဆီးဘို့၊ ခေါက်ဆွဲခြောက်ထုပ်မစားပဲ၊ ဒေသထွက်နဲ့ ပင်လယ်စာတွေကိုစားဖို့၊ စက်တင်္ဘာလထဲတုံးက မောလ်ဒိုက်ခရီးစဉ်မှာ လမ်းညွှန်ခဲ့ပါသေးတယ်။

ဒေါက်တာတင့်ဆွေ
၂၈-၂-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး