Come again ဆရာ လာအုံးမှာလား

(၂ နှစ်ကရေးတဲ့စာ)

ဒေလီမှာကြာ
• ငါဘာလုပ်ခဲ့သလဲ၊ မဲပေးတာယူ၊ မဲပေးသူတွေကိုထားခဲ့၊
• တာဝန်ကျေရဲ့လားလို့ မေးတဲ့အခါ ငါပြုံးမဲ့မဲ့။

ချင်းတွင်းကိုရှောင်
• သောင်ရင်းမှာ စုန်ဆင်းဆန်တက် လှေခွက်က ရေယို၊ အမိမြေကို ခြေပြန်ချ၊
• တက်ခဲ့ရတဲ့ အစည်းဝေးတွေက ခိုးကြောင်ခိုးဝှက်နိုင်ပါလှ။

ယမုန်နာမှ ဝေးရာသို့
• ကပ်ပတိန်တော့မဟုတ် လှေကနေနောက်ဆုံး ဆုတ်၊ ဘာလုပ်ပေးခဲ့သလဲ မသဲကွဲ၊
• အခုနေရာ တပ်သားသစ် အကျွန်ုပ်၊ ဘာလုပ်နိုင်အုံးမလဲ မသဲကွဲ၊

နောက်တပွဲမှာ
• လာနွှဲပါလို့ ဖိတ်လာသူတွေက တဖွဲဖွဲ၊
• ကဲလာပါပြီတဲ့၊ နွှဲပါပြီတဲ့၊ နိုင်ပါပြီတဲ့၊ လွှတ်တော်မှာ လက်ခုပ်သံတခုသာပိုမဲ့ပွဲ။

စိတ်ကူးထဲအထပ်ထပ်
• နေရပ်ကိုပြန်လာ၊ လူနာ လူမမာ လူနုံခြာခြာတွေက ပေါပါလှ၊
• ငါ့ဇာတာ ငါမသိ၊ အသက်ရှိသေးသမျှ အသက်ဆက်ပေးချင်နေတာက ငါ့ဆန္ဒ။

ဒေါက်တာတင့်ဆွေ
၁ဝ-၁၂-၂ဝ၁၄
ဓါတ်ပုံ = ၁၉၉ဝ ကျော်နှစ်တွေက သောင်ရင်းမြစ်တွင်းမှာ လှေပေါက်ရေယိုတာကို ခပ်ထုတ်ခဲ့ရစဉ်က

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး