Early ejaculation (1) သုတ်လွှတ်စောခြင်း (၁)

သုတ်လွှတ်စောတာကို ဆေးစာနဲ့ Rapid ejaculation, Rapid climax, Premature ejaculation (PE) အမျိုးမျိုးရှိတယ်။ တချို့က အင်္ဂါထိုးသွင်းမှုဖြစ်ပြီးနောက် ၂ မိနစ်ထက် စောတာကိုမှ ခေါ်တယ်။ ဒါပေမဲ့ ၁၉၅ဝ မှာ Alfred Kinsey က သုတေသနလုပ်တော့ လူ ၄ ယောက်မှာ ၃ ယောက်က သူတို့အတွေ့အကြုံပေါင်း တဝက်ကျော်ကျော်မှာ အဲလိုဖြစ်တယ်။ နောက်သုတေသနတခုမှာ လူ ၇၅% က ၁ဝ မိနစ်အတွင်း သုတ်လွှတ်တယ်လို့သိရတယ်။ အမေရိးကားမယ် လူပေါင်း ၂၅-၄ဝ% မှာ အဲဒီလို ဖြစ်နေကြပါတယ်။

ကိုယ့်ဆက်ဆံဘက်အဖေါ်ထက် စောပြီးတာကိုခေါ်မယ်လို့ Masters and Johnson က ဆိုထားတယ်။ အဲလိုဖြစ်တာလဲ အကြိမ် ၁ဝဝ မှာ ၅ဝ ဖြစ်ပါသတဲ့။ သုတ်လွှတ်မှာကို ထိန်းထားနိုင်စွမ်းဟာ ယောက်ျား-မိန်းမ တဦးမဟုတ်တဦးမှာ လိင်စိတ်နဲ့ သာယာမှုကို အနှောင့်အယှက် ဖြစ်နေတာလို့ ဆိုပါတယ်။ အရေအတွက်ရော အရည်အသွေးပါ အကြုံးဝင်တယ်။

အသက် ၁၈ နှစ်ကနေ ၅ဝ ကြား ယောက်ျားတွေမှာ အမျိုးသမီးအင်္ဂါထဲမှာ သုတ်မထွက်စေအာင် ထိန်းထားနိုင်တဲ့ အချိန်ဟာ ၆ မိနစ်ခွဲလို့ အရေအတွက်ပိုင်းအရပြောတယ်။ အရည်အသွေးကိုပါ ထည့်တွက်ရမှာပါ။ သုတ်လွှတ်ချိန်က ၁ မိနစ်ခွဲသာရှိပေမဲ့ ကိုယ်တိုင်က ကျေနပ်ကြသလို၊ ၃ မိနစ် သမားတွေထဲမှာ ကိုယ့်ကိုယ်ကို မကျေနပ်သူတွေရှိတယ်။ ဒါမျိုးကိုသာ ဝေဒနာသည်အုပ်စုထဲ စာရင်းသွင်းပါတယ်။

နှစ်ဦးနှစ်ဘက်ကြား ပြောင်းလဲနေတဲ့ သဘောကနေ လိင်စိတ်-ဆက်ဆံရေးကို အမျာကြီး သက်ရောက်စေပါတယ်။ ဒါ့ကြောင့် အဖေါ်နှစ်ယောက်သာကြား ဆက်သွယ်ရေး ချို့ယွင်းတာရှိနေရင်၊ ဆက်ဆံရေးကျဲနေရင်၊ ရှင်းမရသေးတဲ့ အိပ်တွင်းရေး ပြဿနာတစုံတရာ ရှိနေရင်၊ စိတ်လှုတ်ရှားမှုတွေရဲ့ပေါင်းစပ်မှုကို ထိခိုက်စေမယ်။ အာရုံပိုင်းချို့ယွင်းတာ ခေါ်တယ်။

လိင်စိတ်ဖြစ်လာကြအောင် နိုးဆွတဲ့အဆင့် (၁) က သိပ်ကဲလွန်တာဆိုလဲ အဲလိုဖြစ်ပါသေးတယ်။ ၁၉၉၉ သုတေသန တခုအရ ရာသီစက်ဝန်းနဲ့ဆက်စပ်မှု တစုံတရာရှိတာတွေ့ရပါတယ်။ လလည်ရက်တွေမှာ အချိန်အတိုဆုံး ဖြစ်နေတယ်။ အမျိုးသမီးက အသက်ပိုကြီးနေရင် ရွယ်တူအတွဲတွေထက် အချိန်ပို တိုတတ်တယ်။

ရုပ်ပိုင်းကနေဖြစ်စေနိုင်တာတွေ -
သုတ်လွှတ်ဖြစ်စဉ်မှာ (၂) ပိုင်းရှိတယ်။
၁။ Emission ပဌမအဆင့်မှာ Ampullary vas deferens, Seminal vesicles နဲ့ Prostate gland သုတ် ဖြစ်ပေါ်ရာနဲ့ သုတ် ပို့ဆောင်ရာ နေရာတွေကနေ ဆီးသွားပြွန်ရဲ့ အရင်းပိုင်းကို သုတ်ရည်တွေ ရောက်လာတာ ဖြစ်တယ်။ (ဆင်ပသက်တစ်) အာရုံကြောတွေက အဆင့် (၁) ကို လုပ်ပေးတယ်။

၂။ ဒုတိယဆင့် Expulsion ဆိုတာ ဆီးအိမ် လည်ပင်းနေရာက ပိတ်လိုက်ပြီး၊ Pelvic-perineal and Bulbospongiosus muscle ကြွက်သားတွေကနေ Rhythmic contractions စည်းချက်ကျကျ ညှစ်အား ဖြစ်လာပြီး၊ Urethra ဆီးသွားပြွန် တုံခါလာမယ်။ External urethral sphincters ဆီးထွက်ပေါက်နေရာ အထိန်းက Relaxation လျော့ပေးလာမယ်။ Somatic and Autonomic motor neurons (ဆိုမက်တစ် နဲ့ မိုတာ နူရုန်း) အာရုံကြောတွေက ဒုတိယဆင့်ကို လုပ်ပေးကြတယ်။

ဦးနှောက်ထဲမှာ Nucleus paragigantocellularis နေရာက ဒီအရေးမှာ ထိန်းပေးပါတယ်။ Genetic link မျိုးရိုး လိုက်သလားဆိုတာ သံသယရှိတယ်။ လူနာတွေထဲက ၉၁% မှာ အမျိုးထဲမှာ သူ့လိုမျိုး တယောက်မက ရှိနေတာ တွေ့ရတယ်။

၂ဝဝ၅ ခုမှာ အသက် ၁၉ ကနေ ၇၃ နှစ်အရွယ်၊ (ပျမ်းမှ အသက် ၄ဝ နှစ်) ရှိတဲ့ လူပေါင်း ၄၉၁ ယောက်ကို စမ်းသပ်တယ်။
သူတို့က ၄ ပါတ်အတွင်း လိင်ဆက်ဆံမှု အကြိမ်ပေါင်း ၄ဝဝဝ ဆောင်ရွက်ခဲ့ကြတယ်။ ၁ တွဲဟာ ၁ ပါတ်မှာ ဂ ကြိမ် ပျမ်းမျှ ရှိတယ်။
• ၁၄% သော ယောက်ျားတွေက ၂ဝဝ စက္ကန့်ထက်နဲတယ်။
• ၂၆% သော ယောက်ျားတွေက ၆ဝဝ စက္ကန့်၊
• ဝ့၅-၂့၅% သော ယောက်ျားတွေက ဝ့၉-၁့၃ မိနစ်။
• ၃ဝ စက္ကန့်ကနေ ၄၄ မိနစ်ကြာတယ်။ ပျမ်းမျှ ၅့၎ မိနစ်ရတယ်။ တူရကီမှာ ၃့၇ မိန်စ၊ ဗြိတိန်မှာ ၇့၆ မိနစ်။
• ပန်းအဖျားလှီးဖြတ်တာနဲ့ အဲလိုမလုပ်တာ ဘာမှ ကွာခြားတာ မတွေရ့ဘူး။
• (ကွန်ဒွမ်) သုံး-မသုံးမှာလဲ ကွာတာမရှိဘူး။

အရက်ဆိုတာက လိင်အင်္ဂါ တောင့်တင်းလာအောင် လုပ်ပေးဘို့မှာ ပြောင်းပြန်သတ္တိရှိပေမဲ့ သောက်တာမများရင် ဆက်ဆံချိန်ကို ကြာစေနိုင်တယ်။ ဆီးအိမ်တင်းနေချိန်မှာ ဆက်ဆံရင်တော့ အချိန်တိုတတ်တယ်။ ပန်းသေ-ပန်းညှိုးဆေး Viagra ဆေးဟာ ကျားအင်္ဂါကိုသန်မာလာစေတာ မှန်သလို ဆေးရှိန်ရှိနေတုံး ဆက်ဆံချင်စိတ်လဲ ပေါ်စေတယ်။ သုတ်လွှတ်မြန်နေသူများလဲ တခါပြီး နောက်တခါ ဆက်ဆံချင်စိတ် ပေါ်ဘို့ သုံးနိုင်ပါတယ်။

စုံတွဲတခုဟာ ဝါတူနေရင် ပိုကောင်းတယ်။ အပျိုစစ် နဲ့ လူပျိုစစ်။ အတွေ့အကြုံ နည်းသူချင်း၊ များသူချင်း ဆိုတာမျိုး။ ဖူးစာအရ မတူသူတွေ ဖြစ်နေလဲ နားလည်မှုပေးကြရင် ပြဿနာ မကြီးနိုင်ဘူး။ သူများတွေ ဘယ့်လောက် ကြာတယ်၊ ဘာရယ် ဘေးချိတ်ထားပါ။ (အင်တာနက်) က ပြတာတွေကိုလဲ အဟုတ် မထင်ပါနဲ့။ ကိုယ့်အဖေါ်နဲ့ အတူနေတာဟာ သုတ်လွှတ် ပြိုင်ပွဲဝင်နေတာ မဟုတ်ဘူး။ ဆရာဝန်က အကြံပေးပါတယ် အရေအတွက်မှသည် အရည်အချင်းသို့။

သုက်လွှတ်စောတာ ခံစားနေရသူ တကမ္ဘာမှာ ၁၆ နှစ်နဲ့ ၅၅ နှစ်ကြား ယောက်ျား အားလုံး ၄ဝ% ရှိနိုင်ပါသတဲ့။ တချို့က အင်္ဂါထိုးသွင်းမှု ဖြစ်ပြီးနောက် ၂ မိနစ်ထက် စောတာကိုမှ အဲဒါလို့ ခေါ်တယ်။ ဒါပေမဲ့ ၁၉၅ဝ မှာ သုတေသန လုပ်တော့ လူ ၄ ယောက်မှာ ၃ ယောက်က သူတို့ အတွေ့အကြုံပေါင်း တဝက်ကျော်ကျော်မှာ အဲလိုဖြစ်နေပါသတဲ့။ နောက်သုတေသနတခုမှာ လူ ၇၅% က ၁ဝ မိနစ်အတွင်း သုက်လွှတ်တယ်လို့ သိရတယ်။ အမေရိးကားမယ် လူပေါင်း ၂၅-၄ဝ% မှာ အဲဒီလို ဖြစ်နေကြပါတယ်။

Glans penis ခေါ်တဲ့ ခေါင်းထိပ်အဖျားပိုင်းဟာ Mucocutaneous တစ်ရှူးနဲ့လုပ်ထားတယ်။ ဖုံးပေးတဲ့အလုပ်ရော စိုစွပ်အောင် အရည်ထုတ်ပေးတာပါ လုပ်ပေးတယ်။ ပိုအရေးကြီးတာက အာရုံခံစားမှု သိပ်ကောင်းတယ်။ ကျားလိင်အင်္ဂါ ခေါင်းနဲ့ အမျိုးသမီးများရဲ့ Clitoris (မ-အစိ) ဟာ သဘာဝခြင်းအတူတူဘဲ။ ၂ ခုလုံးက အာရုံခံစွမ်းအရှိဆုံးနေရာတွေ ဖြစ်ကြတယ်။ အာရုံကြော အရေအတွက်ပေါင်း ကျားမှာ ၄ဝဝဝ၊ မမှာ ၈ဝဝဝ ရှိတယ်လို့ မျက်စိကောင်းကောင်းနဲ့ ရေတွက်ထားပါတယ်။ Corona glandis ဆိုတာက ကျားလိင်အင်္ဂါ ခေါင်းပိုင်းရဲ့ အကားဆုံးနေရာပါ။ ဒီနေရာက အာရုံခံမှု အကဲဆုံး ဖြစ်တယ်။ အဲဒီနေရာတွေကို ထိမိအောင်လုပ်လေ မြန်မြန်ပြီးစီးလေဖြစ်တယ်။ ဒါ့ကြောင့် သုတ်လွှတ် နှေးစေချင်ရင် အဲဒီနေရာတွေကို မထိမိအောင် လုပ်ပါလေ။

အပေါ်ဖုံးအရေပြား Foreskin ရဲ့အောက်ပိုင်း။ အလယ်တည့်တည့်မှာ လိင်တံရဲ့ ခေါင်းကိုလာ ဆက်ထားတဲ့နေရာ၊ Frenulum လို့ခေါ်တယ်။ ဒီနေရာမှာ Meissner’s corpuscles ခေါ်တဲ့ စပါယ်ရှယ် အာရုံကြောတွေ ထောင်နဲ့ချီ ရှိတယ်။ အရေပြား ဖြတ်ပေးတာ လုပ်လိုက်ရင် ဒါမျိုးတွေ အတော် ပါသွားတတ်တယ်။ Frenulum ကို ဆွပေးရင် ပြော့နေတဲ့ ကျားအင်္ဂါက သန်မာလာစေသလို သုတ်လွှတ် တာလည်း မြန်စေတယ်။ အဲဒီချက်ကောင်း ၂ နေရာကို အထိအတွေ့ နည်းအောင်သတိထားရင် သုတ်လွှတ်တာကိုနှေးစေတယ်။

အမျိုးသမီးရဲ့အင်္ဂါဆိုတာ အဝနေရာက အကျဉ်းဆုံးဖြစ်ပြီး၊အတွင်းရောက်လေ ကျယ်လေဖြစ်တယ်။ အဝမှာ ကြွက်သားရှိလို့လဲ အကျဉ်းအကျယ်ဖြစ်အောင် လုပ်ပေးတတ်အောင် လေ့ကျင့်ပေးလို့ရတယ်။ မွေးလမ်းကြောင်းကနေ ကလေးမဖွါးဘူးသူဆိုရင် အဝအောက်နုတ်ခမ်း အလည်နေရာက မိမွေးတိုင်းရှိလို့ ကျားအင်္ဂါကို ပိုပြီး ထိမိစေတာမို့ အာရုံခံစားမှု ကောင်းစေသလို အပြီးလဲ့မန်စေနိုင်တယ်။ Frenulum of the labia or Fourchette လို့ ခေါ်တဲ့နေရာ ဖြစ်တယ်။ သမားရိုးကျဆက်ဆံပုံ အနေအထားမှာ ကျားရဲ့ Frenulum နဲ့ မရဲ့ Frenulum တို့ ထိမိနေကြတယ်။ နှစ်ဦးနှစ်ဝ အာရုံခံစားမှု တူကြစေတယ်။ နှေးစေချင်ရင် မထိမိအောင် ဆင်ခြင်ပါ။

အတွေ့အကြုံများရင် ကြာကြာထိန်းနိုင်တယ်ဆိုတာ အာရုံခံကောင်းလှတဲ့ နေရာတွေဟာ ကြာတော့ ထုံသလို ထူသလို ဖြစ်လာလို့ဘဲ။ ဒါ့ကြောင့် အတွေ့အကြုံများသူများကို ဖြတ်လမ်းကလိုက်ချင်ရင် ထုံဆေးသုံးနိုင်တယ်။ နာမှန်း-ကျင်မှန်း၊ ပူမှန်း-အေးမှန်၊ ထိမှန်း-ကိုင်မှန်း၊ ကောင်းမှန်း-မကောင်းမှန်း မသိတော့ဘူး။ ကျားလိင်အင်္ဂါ ထိပ်ဖျားပိုင်းကို ထုံဆေး (လိမ်းဆေး၊ ပန်းဆေး) တခုခု သုံးနိုင်တယ်။ ထိုးတာကတော့ မကောင်းလှပါ။ လိင်ဆက်ဆံလို့ နာသူများသုံးတဲ့ Xylocaine 2%, 5% (ဂျယ်လီ) ကို ဒီနေရာမှာလဲ သုံးနိုင်တယ်။ ၅-၁ဝ မိနစ် ကြိုတင်ပါ။ များသောအားဖြင့် မိနစ် ၃ဝ လောက်ခံတယ်။ အသန့်ထားပါ။ ပြီးရင် ဆေးပြစ်ပါ။ နောက်ဆို ဆေးသုံး စရာလိုမှာ မဟုတ်ပါ။

ကုသတာမှာ -
• သာမန်ဆိုရင် တဖြေးဖြေး တိုးတက်လာစေအောင် သင်တန်းပေးမယ်၊ စိတ်အားပေးမယ်။ တခါဆက်ဆံပြီး နောက်ခါ ဆက်ဆံရင် အချိန်ပိုကြာတယ်။
• ထုံဆေး (ခရင်) လိမ်းတာလဲ တချို့အတွက် ကောင်းတယ်။ ဒါပေမဲ့ ထုံနေလို့ ခံစားမှု လျော့စေလို့ ဆက်ဆံချိန် ပိုကြာစေတယ်။
• Masters and Johnson ရဲ့နည်းတခုက Start and Stop technique ဆက်ဆံပါ၊ မပြီးခင် နားပါဆိုတာဖြစ်တယ်။
• Kegel exercises (ကီးဂယ်) လေ့ကျင့်ခန်းလုပ်တာလဲ အကျိုးရှိတယ်။ (ရေးထားတာ ရှိပါတယ်။)
• လိင်တံထဲ Vasodilator သွေးကြောကျယ်ဆေး ထိုးနည်း။ စမ်းတဲ့သူ ၇ဝ% အကျိုးရှိတယ် ဆိုပါတယ်။
• Enlast, Confido, Alpha7, Climax, Priligy, StalliOn247, Generic Ambllis နဲ့ Xytomax ဆေးတွေက (ဟာဗယ်) ဆေးတွေဖြစ်တယ်။ ဆရာဝန်တွေကမညွှန်ပါ။ Prexil, VigRX Plus နဲ့ PreJac တွေက ကြော်ငြာဆေးတွေ ဖြစ်တယ်။
• (SSRI) ဆေးပေးရင် အကျိုးများတာ လာတွေ့ရတယ်။ Dapoxetine (Priligy) ဆေးက (SSRI) အမျိုးအစားဖြစ်တယ်။ အချိန်တို အကျိုးသက်ရောက်စေတယ်။ sertraline (Zoloft), paroxetine (Paxil) နဲ့ fluoxetine (Prozac, Sarafem) တွေကိုသုံးတယ်။ အဲတာနဲ့မရသူတွေကို tricyclic antidepressant ဖြစ်တဲ့ clomipramine (Anafranil) ဆေးပေးတယ်။ ဆေးတွေက အာခေါင်ခြောက်မယ်။ ပျို့ချင်မယ်။ အိပ်ချင်မယ်။ လိက်စိတ်နည်းတတ်တယ်။
• Dapoxetine Hydrochloride (Priligy) ဆေးကို ဝယ်လို့တော့ရနေပြီ။ US မှာ FDA တရားဝင်ဖြစ်လာဘို့ အဆင့် ၃ ရောက်နေပေမဲ့ တခြားနေရာတွေမှာ ဝယ်လို့ရနေပါပြီ။ 30 or 60 mg သောက်ရတယ်။
ပန်းသေပန်းညှိုးဆေးတွေဖြစ်တဲ့ sildenafil (Viagra, Revatio), tadalafil (Cialis, Adcirca) နဲ့ vardenafil (Levitra, Staxyn) တွေကိုလည်း စမ်းသုံးကြတယ်။

Early ejaculation (1) သုတ်လွှတ်စောခြင်း (၁) http://doctortintswe.blogspot.com/2015/02/early-ejaculation-1.html
Early ejaculation (2) သုတ်လွှတ်စောခြင်း (၂) http://doctortintswe.blogspot.com/2015/02/early-ejaculation-2.html
Early ejaculation (3) သုတ်လွှတ်စောခြင်း (၃) http://doctortintswe.blogspot.com/2014/10/early-ejaculation-3.html

Dr. တင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး