Heart donor နှလုံးအလှူရှင်

လွန်ခဲ့တဲ့ ၂ နှစ်တိတိက ဒီနေ့မှာ ပို့စ်တခုဖတ်ရတယ်။ နှလုံးစက်တတ်ထားရတဲ့ သမ္မတကြီးအတွက် သူ့နှလုံးကို လှူမယ်ဆိုတဲ့အဖွားတဲ့။ သမ္မတကြီးမှ အလှူခံလျှင် ဒီအဖွားမှ နှလုံးသားလှူပါ့မယ်တဲ့။ အမည့့်။ မှတ်ပုံတင်အမှတ် =့ နေရပ်လိပ်စာ =့ ဖုံးနံပါတ် =့

တပ်လို့ ပြင်ပေးပါရစေ။ သမတက တပ်ကလူမို့မဟုတ်ပါ။ သတ်ပုံမှားနေလို့ပါ။ စေတနာကောင်းပေမယ့် သမတရောဂါက နှလုံးအစားထိုးလို့မရပါ။ Pace maker စက်နဲ့သာရပါတယ်။

နှလုံးအစားထိုးကုသခြင်းဆိုတာ နှလုံးက ဘယ်လိုမှ အလုပ် မလုပ်နိုင်တော့တဲ့အခါ တခြားရွေးစရာလမ်းမရှိလို့ သုံးရပါတယ်။ နှစ်ပေါင်း ၂ဝ အတွက် နှလုံးအလှူခံချင်သူတွေ များလာနေတယ်။ တကမ္ဘာလုံးမှာ တနှစ်ကို နှလုံးအလှူရှင် ၃၅ဝဝ ရှိတယ်။ လူ့နှလုံးအစားထိုးတာလိုပဲ နှလုံးအတုနဲ့လည်း အစားထိုးပါတယ်။ နှလုံးအခန်းတွေနဲ့ အဆို့ရှင်တွေ မကောင်းလို့ လုပ်ရတာဖြစ်ပါတယ်။ အဲတာကတော့ အချိန်မရွေးဝယ်လို့ရတယ်။

သမတကြီးလောက်တော့ ထောက်ခံအားပေးတဲ့သူမရှိတဲ့ ကျွန်တော်ဟာ တောနယ်တခုမှာ ခွဲစိတ်တဲ့အခါသုံးဘို့ရာ တကယ်စေတနာနဲ့ မြင်းမြီးလာပေးသူရှိခဲ့တာကို ဂုဏ်ယူမိပါတယ်။

ဒေါက်တာတင့်ဆွေ
၂၃-၂-၂ဝ၁၅
၂၃-၂-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး