Provocative Headlines သွေးထိုးလှုံ့ဆော် ဒေါသခေါ် သတင်းခေါင်းစဉ်များရေးနည်း

ကျွန်တော် မီဒီယာသမားမဟုတ်ပါ။ ခုတလော ဖတ်နေရတာတွေကနေ ဒါလေးရေးချင်လာလို့ပါ။ ဂျာနယ်တွေနဲ့ ဖေ့စ်ဘွတ်မှာ သူများရေးနေတာတွေလည်း နမူနာတွေမယူရဲလို့ ကိုယ်ရေးဘူးတာကိုသာ ဥပမာအနေနဲ့သုံးပါတယ်။

1. Use numbers ဂဏန်းထည့်ပါ
• Pregnancy Signs ကိုယ်ဝန်ရှိခြင်း လက္ခဏာ (၂ဝ)
• Erectile Dysfunction Causes ပန်းသေ-ပန်းညှိုး အချက် (၉)
• Pregnancy links ကိုယ်ဝန်ဆာင်စာ (၁ဝဝ)

2. Use adjectives နာမဝိသသေနသုံးပါ
• Poor quality in Myanmar Army တပ်မတော်တွင်း ဆင်းရဲတွင်းနက်သလား
• Unknown Soldiers အညတရနိုင်ငံကြီးသားများအလိုရှိသည်
• News from history ခေတ်နဲ့ညီတဲ့သမိုင်းထဲကသတင်း

3. Ask a question မေးခွန်းလိုရေးပါ
• Sanctions စီးပွားရေးပိတ်ဆို့မှုပြဿနာ ထိရောက်ပါသလား
• Caffeine and Pregnancy ကေဖင်းက ကိုယ်ဝန်ကို အန္တရာယ်ပေးသလား
• Young father ယောက်ျားက အသက်ငယ်နေရင် ဥာဏ်ရည်မမီတဲ့ကလေး မွေးတတ်သလား

4. Make a promise ကတိပေးစကားသုံးပါ
• Hepatitis C Vaccine အသဲရောင် (စီ) ကာကွယ်ဆေး အလားအလာရှိ
• Breast Cancer Today ရင်သားကင်ဆာ အရင်ကနဲ့မတူပါ
• Clotho ကလိုသိုနတ်သမီး သို့မဟုတ် အသက် ၁၂ဝ ရှည်ရမည်

5. Be a bit controversial ဟိုလိုလို သည်လိုလို
• Political atmosphere နိုင်ငံရေးမိုးလေဝသ
• Fortune teller နိုင်ငံရေးဗေဒင် နာယကကြီးများလူရာဝင်
• Sympathy and Empathy သနားစိတ်၊ စာနာစိတ်နှင့် ဆရာဝန်

6. Keep your headlines short ခေါင်စီးတိုပါစေ
• Cancer ကင်ဆာ
• Mole မှဲ့၏
• Hernia အူကျ

7. Combine things that do not normally go together မတူတာကိုရောရေးပါ
• Political doctor ဆေးကုသလို နိုင်ငံရေးလုပ်ခြင်း
• Anemia and Low Blood pressure သွေးအားနည်းတာနဲ့ သွေးဖိအားနည်းတာ
• Bathing and Blood Pressure သွေးတိုးနဲ့ ရေချိုးခြင်း

Provocative Headline mreaks the rules and really works အဲလိုအရေးအသားနဲ့ သတင်းခေါင်းစဉ်တွေဟာ စည်းမျဉ်းကို ချိုးဖေါက်ရာရောက်ပေမဲ့ ထိရောက်မှုရှိတယ်။ ဆရာဝန်ဘယ်ရောက်နေလည်းလို့ ရေးလိုက်ရင် ဆရာဝန် လောကတခုလုံး မျက်လုံးပြူးစေနိုင်တယ်။

လက်ရှိမြန်မာနိုင်ငံကအဖြစ်အပျက်တွေကိုရေးနေကြာတာ သွေးထိုးလှုံ့ဆော်၊ ဒေါသခေါ် သတင်းခေါင်းစဉ်တွေ များနေသလားလို့ စိုးရိမ်မိပါတယ်။လိုဂိုနှစ်ခုကို လိုတာထက်ပိုသုံးနေကြတာကို ဆန်းစစ်ကြစေချင်ပါတယ်။

ဒေါက်တာတင့်ဆွေ
၁၈-၂-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး