War news စစ်တွင်းသတင်းများ

ရှမ်းပြည်နယ်မြောက်ပိုင်းဒေသကလာတဲ့ စစ်သတင်းတွေကို တယောက်တမျိုးပြောနေကြတယ်။ ဥပမာလေးတခု ရေးပါရစေ။

Mohammed Saeed al-Sahhaf (မိုဟာမက် ဆဟိဒ် အယ်လ်-ရှဟဖ်) ဟာ ဆဒမ် ဟူစိန်ရဲ့ ၂ဝဝ၃ စစ်အတွင်းမှာ အီရတ် ပြန်ကြားရေးဝန်ကြီးနဲ့ Arab Socialist Ba'ath Party ဘာ့သ်ပါတီ ပြောရေးဆိုခွင့်ရှိသူ ဖြစ်လာတယ်။ သူ့ကိုကမ္ဘာက သိတာကတော့ သူရဲ့ ဆိုးဝါးနေတာတွေကို မိတ်ကပ်ချယ်ပေးထားပြီး မဖြစ်နိုင်တာတွေကို ဟုတ်သယောင် တန်းဆာဆင် ပြောတဲ့ အင်တာဗျူးအဖြေတွေကြောင့်ဖြစ်ပါတယ်။ ဒါကြောင့်သူ့ကို ယူအက်စ်မှာ Baghdad BOB (Box Office Bomb) လို့ခေါ်ကြပြီး၊ ယူကေမှာတော့ Comical Ali လို့ခေါ်တယ်။ အီတလီမှာတော့ Alì il Comico လို့ခေါ်ကြတယ်။

သူပြောတာတွေထဲမှာ တခုကတော့ အမေရိကန်စစ်သားတွေ အီရတ်စစ်မြေပြင်မှာ စိတ်ဓါတ်ကျလို့ ကိုယ့်ကိုယ်ကို သတ်သေနေကြတယ်လို့ ပြောတာဖြစ်ပါတယ်။ သူ့ရဲ့ အဲလိုအပြောမျိုးကို နောက်ဆုံးကြားခဲ့ရတာကတော့ ၈-၄-၂ဝဝ၃ နေ့ကဖြစ်တယ်။ သူပြောတာက အမေရိကန်တွေက လက်နက်ချကြတော့မယ်၊ ဒါမှမဟုတ် သူတို့တင့်ကားတွေကို မီးရှို့ပြစ်ကြမယ်တဲ့။

၂၆-၆-၂ဝဝ၃ နေ့မှာတော့ သူရဲ့ ရုပ်သံသွင်းပြီးသား ဗီဒီယိုကို အဘူဒါဘီ တီဗွီတခုကနေထုတ်လွှင့်တယ်။ သူ အမေရိကန် စစ်သားတွေဆီမှာ လက်နက်ချလိုက်ပါပြီတဲ့။

အဲဒီအင်တာဗျူးအတွက် သူ့ကို ဒေါ်လာ ၂ သိန်းပေးရပါတယ်။ သူ့ပုံမြင်ရတာ စစ်ပွဲအတွက် ဝါဒဖြန့် အင်တာဗျူးတွေမှာ မြင်ရတာနဲ့ လုံးဝတခြားစီဖြစ်တယ်။ အရင်ကလို ပန်းတွေနဲ့ တန်းဆာဆင်တာတွေမပါတော့ပဲ၊ ရက်စ် နဲ့ နိုးသာဖြစ်တယ်။ အီရတ်နိုင်ငံရဲ့အလားအလားကို မှန်းဆပေးဘို့မေးတော့ သမိုင်းကသာဖြေပါလိမ့်မယ်တဲ့။

အမှန်က သူဟာ သူ့အလုပ်ကို ပရောဖက်ရှင်နယ်ကျကျ လုပ်သွားတာလို့ သုံးသပ်ကြပါတယ်။ ၇-၁၁-၂ဝ၁၄ နေ့က ဆွီဒင် တီဗွီတခုမှာ သေလုမြေပါးဖြစ်နေတဲ့သူ့ကို နောက်ဆုံးမြင်လိုက်ကြရပါတယ်။

မြန်မာပြည်မှာ (မိုဟာမက် ဆဟိဒ် အယ်လ်-ရှဟဖ်) မရှိပါ။ နိုင်ငံတကာတပ်တွေလည်းမရှိပါ။

ဒေါက်တာတင့်ဆွေ
၁၇-၂-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး