Dagu (Tankhu) တန်ခူးလ

တန်ခူး နှင့် တံခူး ဘယ်ဟာ အမှန်လဲဗျ။ မီးပုံးပျံ ဦးကျော်ရင်ပို့စ်ထဲကကြော်ငြာစာမှာ တံခူးလို့ပါလို့ မေးပါတယ်။

ရှေးကအရေးတွေမှာ တန်းခူးလို့ရေးတာများတယ်။ မူကွဲတွေလည်းရှိခဲ့ပါတယ်။ တန်ခူးလ၊ တံခူးလ၊ တန်ခူလ။

တန်းခူးရာသီ တိုင်ခဲ့ပြီ၊ ဆန်းကူးဝါနီ လှိုင်ခဲ့ပြီ၊ သွန်းဖြူးဖြာစီ အိုင်ခဲ့ပြီ။ (မင်းဇေယျနန္တမိတ်)

ကင်းဝန်မင်းကြီးရေးခဲ့တဲ့ ဆယ့်နှစ်လရာသီဖွဲ့သံပေါက်ကတော့ တန်ခူးမိဿ၊ စိတြ၊ လနှင့်ယှဉ်ပြိုင်ထွန်း။ ရင်းခတ် ကံ့ကော်၊ ထုံသင်းပျော်၊ ပွဲတော်အတာညွှန်း။ တန်ခူးလမှာ ရာသီပွဲက သင်္ကြန်ပွဲ၊ တံငါတာရာဖြစ်တယ်။

ပြင်စည်မင်းသားရေးတဲ့ သီတာသောင်ခြေပတ်ပျိုးမှာ ယမုန္နာသီတာသောင်ခြေဦးမှာလလေ အစချီပြီး၊ တငါသည်ဘဝကို စပ်ဆိုထားတယ်။

တပေါင်းတန်ခူး မိုးသားကျူး၊ လေရူးဆော်လှာပုံ၊ နဒီတွင်းမှာလ၊ ကိုငါးကြင်းငယ်တို့၊ ပိုက်တွင်းမှ သူတို့ခုန်၊ လွမ်းလေ ပူပုံ ပူပုံ ပွားပါလို့၊ အားကကုန်၊ သောင်ယံမှာ မောင်နှံငှက်ကယ်တို့၊ လည်ချင်းယှက်ပါလို့၊ နွှဲကာပျော်စံ၊ ဆွေးစေဖို့ဖန်။ ကြင်ဖော်ကွဲရော့ထင့်၊ ဝဲကာပျံတယ်၊ သည်သောင်ယံက၊ မခွာရက်တယ်၊ ကြံခက်လို့ပန်း။

စာဆိုတော် ဦးမင်းရေးခဲ့တဲ့ ၁၂ ရာသီဘွဲ့ကို ငယ်ငယ်ကသင်ရတာ မမေ့သေးပါ။ ဟောင်းရွက်ညှာ ခါလစ်လို့၊ တာသစ်ကယ်တဲ့နံ့ကြိုင်၊ သုတ်ဖြူး လေဆော်က၊ ပန်းကံ့ကော် ဝတ်မှုံကျင်း၊ သင်းပျံ့လှိုင်လှိုင်၊ ကြယ်နှစ်ပြိုင် သွယ်ဆိုင်ပဝင်း၊ စိတြငယ်နှင့် ငွေသော်တာတို့၊ ယုဂန်ချာေ တာင်တော်စွန်းမှာ၊ ထွန်းထိန်လို့လင်း။

တပေါင်းတန်ခူး ရာသီမြူးတွင် ထန်းတက်လှိုင်လှိုင် မြိုင်မြိုင်ဆိုင်ပေ့ဆိုသလို ထန်းသမားတွေလည်း အလုပ်များကြပြီ။ တပေါင်းတန်ခူး ရွက်သစ်ဖူး၊ ရွှေဖီဦးပေါ်ပေပြီဆိုသလို လက်ဖက်ခူးသမားတွေလည်း အလုပ်များတော့မည်။

တပေါင်းတန်ခူး မိုးသားကျူး၊ ကဆုန်နယုန် ဆွေ့ဆွေ့ခုန်လို့လည်း ဥတုရာသီပြောင်းလဲတာကို မှတ်သားထားကြတယ်။ မိုးဟာ မြန်မာပြည်ရဲ့ ထာဝရမိတ်ဆွေဖြစ်တယ်။ မကြာခင်မှာ သင်္ကြန်ကျတော့မယ်။ သင်္ကြန်ရက်တွေဆိုရင် မိုးမကျတဲ့ နှစ်ရယ်လို့ မရှိသလောက်ပါ။ လေလည်းလာတယ်။ အကျနေ့မှာမိုးရွာရင် မိုးဦးကောင်းမယ်၊ အကြတ်နေ့ဆိုရင် မိုးလယ်နဲ့ အတက်နေ့မှာရွာရင် မိုးနှောင်းကောင်းမယ်လို့ မှတ်ယူလေ့ရှိတယ်။

ကြည်ကြည်ဌေးဆိုတဲ့ ပိတောက်ရွှေဝါသီချင်းကို မူလတန်းကျောင်းသားဘဝကတည်းက ကြားခဲ့ရပါတယ်။ လတန်ခူးပေမို့ သြော် အလှထူးပါဘိ၊ မြမြဖူးရယ်တဲ့ ခိုင်ရွှေဝါ ခိုင်ရွှေဝါ၊ တကယ်တမ်းသာဖြင့်၊ ဘယ်ပန်းသော် စံမမှီဘု၊ နန္ဒမူ ဖန်ဂူထိပ်လ ပစ္စေက ချွေးတော်သိပ်ရတယ် အေးရိပ်ဆာယာ့

ဦးကြော့ရေးပြီး ဆိုတီး ဂီတလုလင်မောင်ကိုကို ပိတောက်ရွှေဝါ https://www.youtube.com/watch?v=cWJPSgSIQEc

တပေါင်းတန်ခူး မိုးသားကျူး၊ ကဆုန်နယုန် ဆွေ့ဆွေ့ခုန်လို့လည်း ဥတုရာသီပြောင်းလဲတာကို မှတ်သားထားကြတယ်။ မိုးဟာ မြန်မာပြည်ရဲ့ ထာဝရမိတ်ဆွေဖြစ်တယ်။ မကြာခင်မှာ သင်္ကြန်ကျတော့မယ်။ သင်္ကြန်ရက်တွေဆိုရင် မိုးမကျတဲ့ နှစ်ရယ်လို့ မရှိသလောက်ပါ။ လေလည်းလာတယ်။ အကျနေ့မှာမိုးရွာရင် မိုးဦးကောင်းမယ်၊ အကြတ်နေ့ဆိုရင် မိုးလယ်နဲ့ အတက်နေ့မှာရွာရင် မိုးနှောင်းကောင်းမယ်လို့ မှတ်ယူလေ့ရှိတယ်။ မြန်မာပြည်မှာ မိုးလေကောင်းပါစေ။ အေးရိပ်ဆာယာတွေ့ပါစေ။

ဒေါက်တာတင့်ဆွေ
၁ဝ-၁ဝ-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး