March 21st မတ်လ (၂၁) ရက်နေ့

• ၁၉၄၅ မတ်လ ၂၁ ရက်နေ့က ဒုတိယကမ္ဘာစစ်အတွင်းမှာ ဗြိတိသျှတပ်ကနေ မြန်မာနိုင်ငံက မန္တလေးမြို့ကို လွတ်မြောက်စေခဲ့တယ်။

မတ်လ ၂၁ ရက်နေ့မှာ အထိမ်းအမှတ်နေ့တွေရှိတယ်။
• Mother's Day အာရတ်နိုင်ငံအတော်များများမှာ အမေနေ့ကျင်းပကြတယ်။
• World Down Syndrome Day နိုင်ငံတကာ ဒေါင်းဆင်ဒရမ်းနေ့။
• International Day of Forests နိုင်ငံတကာ သစ်တောများနေ့။
• Harmony Day သြစတေးလျမှာ သင့်မြတ်မှုနေ့။
• International Day for the Elimination of Racial Discrimination နိုင်ငံတကာ လူမျိုးခွဲခြားမှု ပပျောက်ရေးနေ့။

•World Poetry Day (International) ကမ္ဘာ့ကဗျာနေ့လည်းဖြစ်လို့ ဆရာတင်မိုးရဲ့ ကဗျာတပုဒ်ကိုတင်ပါရစေ။

သစ္စာစကား
- ငါတို့နိုင်ငံ မိုးသောက်ယံဖြစ်ပါစေ
- ညအမှောင်ပျောက်၍ လရောင်တောက်ပါစေ
- အမျက် အအီ အဆိပ်ပြေ၍ ချစ်နှစ်သက်ဖွယ်ဖြစ်ပါစေ
- လမ်းဖုန်ဖုန်ဖွင့်၍ ပန်းအစုံစုံ ပွင့်ပါစေ

- အကြောက်တရားကြောင့် ချောက်ချောက်ချားချား
- မှောက်မှောက်မှားမှားမှ ကင်းပ၍ အလင်းရပါစေ

- အမှောင့်အဖျက် အနှောင့်အယှက်ဟူ၍မရှိ
- ပကတိငြိမ်းချမ်း၍ စိမ်းလန်းသော နိုင်ငံတော်ကြီးဖြစ်ပါစေ

- ဤစေတနာ မေတ္တာပွားသည့် သစ္စာစကားကြောင့်
- ကျောက်သားပမာမြဲခိုင်သည့် တို့နိုင်ငံတော်ကြီး ပေါ်ပေါက်စေသတည်း။ (တင်မိုး)

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး