Allergy drug may have potential against Hep C

• အသည်းရောင် (စီ) အတွက် အလာဂျီဆေးကိုသုံးနိုင်ဘွယ်ရှိတယ်လို့ HealthDay News မှာ ရေးသားလိုက်ပါတယ်။ ပဏာမဓါတ်ခွဲခန်းစမ်းသပ်မှုတွေကနေ အဲလိုပြောနိုင်တာပါ။
• လက်ရှိ အသည်းရောင် (စီ) ကိုကုသဘို့ အမေရိကန် (ဂေးလိဒ်) ဆေးကုမ္ပဏီကနေထုတ်တဲ့ Sovaldi (ဆိုဗယ်လ်ဒီ) ဆေး ၁ ပြားကို ဒေါ်လာ ၁ဝဝဝ ပေးရတယ်။ ဆေးပတ်လည်အောင်ပေးရင် ၈၄ဝဝဝ ကနေ ၉၃ဝဝဝ ဒေါ်လာကုန်ကျတယ်။
• ဆင်းရဲတဲ့နိုင်ငံတွေအတွက် ဈေးချိုတဲ့ဆေးထုတ်ဘို့ လိုင်စင်တွေလည်းပေးထားတယ်။ မကြာခင်မှာတော့ ဆေးပတ်လည်အောင်ပေးရင် ဒေါ်လာ ၁ဝဝဝ ထက်နည်းတဲ့ဆေးကို မြန်မာပြည်မှာပါ ဝယ်လို့ရပါတော့မယ်။ 
• Chlorcyclizine HCI ခေါ်တဲ့ အလာဂျီကိုပေးတဲ့ ဆေးအစွမ်းထိရောက်မှုကိုသိဘို့တော့ လိုပါသေးတယ်။
• ဒီဆေးကနေ (စီ) ဗိုင်းရပ်စ်ကို (ဆဲလ်) ထဲဝင်မလာအောင် (ဘလော့ခ်) လုပ်ပေးနိုင်ပါတယ်။ (ဆိုဗယ်လ်ဒီ) ဆေးကတော့ ဗိုင်းရပ်စ်တွေ ပုံတူမပွားနိုင်အောင်လုပ်ပေးတာဖြစ်ပါတယ်။
• အမေရိကားမှာ (စီ) ပိုးလူနာပေါင်း ၃့၂ သန်းရှိနေပါတယ်။ ဆေးဈေးနဲ့တွက်လိုက်ရင် ၅ နှစ်အတွက် ဒေါ်လာ ၆၅ ဘီလီယန်ရှိပါတယ်။
• Chlorcyclizine HCl (Ahist) ဆေး အပြား ၃ဝ ကို ၁၆့၉၈ ဒေါ်လာသာပေးရပါမယ်။ ဒီဆေးက (စီ) ပိုးကူးစက်လာသူကို စောစောပိုင်းကာလအတွက်သုံးနိုင်မယ်လို့ မျှော်လင့်ထားပါတယ်။ လက်ရှိဆေးကို နာတာရှည်သမားတွေအတွက် သုံးပါတယ်။ အခုဆေးကို အသည်းအစားထိုးထားသူတွေကိုပါ ပေးနိုင်မယ်လို့ ထင်မှတ်ထားပါတယ်။ သုတေသနကတော့ စောသေးပါတယ်။
• ဒီဆေးသုတေသနသတင်းကို ၈-၄-၂ဝ၁၅ နေ့ထုတ် Science Translational Medicine မှာ ရေးသားလိုက်တာ ဖြစ်ပါတယ်။

ဒေါက်တာတင့်ဆွေ
၂၁-၄-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး