Breath test could give clues to stomach cancer risk

အစာအိမ်ကင်ဆာကို အသက်ရှူလေကိုစမ်းတာနဲ့ သိနိုင်တော့မည်

- ၁၄-၄-၂ဝ၁၅ နေ့ကလာတဲ့ ဆေးသုတေသနသတင်းဖြစ်ပါတယ်။ လူတွေအသက်ရှူထုတ်တဲ့လေထဲမှာ ဓါတ်ပေါင်းတွေ အမျိုးမျိုးပါနေတယ်။ တချို့ဟာ ကင်ဆာဖြစ်စနဲ့ဆိုင်တာလို့ ဆိုနိုင်တယ်။
- သုတေသနတွေ အများကြီး လုပ်ရာကနေ အဲဒီဓါတ်ပေါင်းကို စမ်းသိနိုင်လို့ အစာအိမ်ကင်ဆာကို အစောကြီးကတည်းက သိနိုင်တောမယ်။
- Volatile organic compounds အငွေ့ပျံနိုင်သော အော်ဂဲနစ်ဒြပ်ပေါင်းတွေလို့ခေါ်ပါတယ်။
- ယူကေနိုင်ငံမှာ နှစ်စဉ်အစာအိမ်ကင်ဆာဖြစ်သူပေါင်း ၇၃ဝဝ ရှိတယ်။ ခက်တာက စောစောမသိနိုင်လို့ ကုသရခက်ပြီး သေကြတယ်။ ဗိုက်အောင့်တာ၊ အစာမကျေတာ ဟာတခြာရောဂါတွေလိုပဲ ရောဂါလကဏာတွေက ရောနေတယ်။
- Nanoarray breath test ခေါ်တဲ့ ဒီလေ့လာမှုကို အစ္စရေး၊ တရုပ်နဲ့ လတ်ဗီးယားမှာစမ်းခဲ့တာဖြစ်ပါတယ်။ ဆရာဝန်တွေက လူနာပေါင်း ၁၄၅ ယောက်ကနမူနာတွေယူတယ်။ လူ ၃ဝ မှာ အစာအိမ်ကင်ဆာရှိတာ သိထားပြီး ဖြစ်တယ်။ ကျန်လူတွေမှာ ရောဂါကိုစမ်းနေတုံးသာရှိသေးတယ်။
- ၃၇ ယောက်မှာ ၃၂ ယောက်က အစာအိမ်ကင်ဆာ၊ ၆၁ ယောက်က အစာအိမ်ကင်ဆာမဟုတ်တာတွေရရှိကြတယ်။
- ၉ဝ% တိကျတယ်လို့ဆိုပါတယ်။ လက်တွေ့ ဖြစ်လာဘို့တော့ လိုပါသေးတယ်။
- လက်ရှိစမ်းသပ်နည်းတွေအရ အစာအိမ်ကင်ဆာလို့သိလာချိန်မှာ ၅ ယောက်ထဲက ၁ ယောက်ကိုသာ ခွဲစိတ်ကုသပေးနိုင်အောင် နောက်ကျနေပါပြီ။

ဒေါက်တာတင့်ဆွေ
၁၄-၄-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး