Laughter is the best medicine

ရယ်မောခြင်းဟာ အကောင်းဆုံးဆေးဖြစ်တယ်။

ဒီရက်သတ္တပတ်ဟာ International Moment of Laughter Day နိုင်ငံတကာ ရယ်မောခြင်းနေ့ (ဧပြီလ ၁၄ ရက်) ဖြစ်ပါတယ်။

(ဖေါက်စ် ဝဘ်ဆိုက်) မှာ (နော်ရန်း ဖရေဇာ) ကရေးလိုက်တာ၊ ဟာသရဲ့ကျန်းမာရေးအကျိုးဖြစ်ပါတယ်။ (ယူကျု) စတဲ့ လူမှုရေးဆိုက်တွေမှာ ရယ်မောစရာတွေ အမျိုးမျိုးတင်နေကြတယ်။ အဲတာတွေကြည့်ဖတ်ပြီးတော့ ကျမဟာ မျက်ရည် ကျတဲ့အထိ ရီမောမိပါတယ်။ ဘာလို့ အဲလိုနေ့တိုင်မလုပ်သင့်သလည်း။ အဲလိုတာဆို ကျမတို့ပိုပြီး ကျန်းမာလာကြမယ် မဟုတ်ပါလား။

ရယ်မောခြင်းရဲ့ ကျန်းမာရေးအကျိုးဟာ ဆေးသိပ္ပံကနေသက်သေပြနိုင်ပါတယ်။ ဆရာဝန်တွေက ဦးနှောက်လှိုင်းတွေကို လေ့လာကြတယ်။ happy centers ပျော်စရာဗဟိုချက်မတွေလို့ ခေါ်တယ်။ ဟားဖတ်ဆေးကျောင်းက ၁၉၇ဝ ကျော် ကတည်းက လေ့လာနေတာပါ။

သိပြီးလည်းဖြစ်မှာပါ Endorphins (အင်ဒိုဖင်) ဟော်မုန်းဆိုတာရှိတယ်။ ဦးနှောက်နဲ့ အာရုံကြောစနစ်ကနေထုတ်ပေးတယ်။ ဇီဝကမ္မအလုပ်တွေလုပ်စေတယ်။ ကိုယ်ထဲက opiate receptors (အိုပီယိတ် ရီဆက်ပတာ) တွေကို သက်ရောက်ပြီး analgesic effect မနာတဲ့အစွမ်းကိုရစေတယ်။ ရယ်မောရင် အဲဒီ (အင်ဒိုဖင်) ဟော်မုန်းတွေ ထွက်လာစေတယ်။ အပြေးသမားတွေ နာလာရင် ဘယ်မှာရယ်မောနိုင်ကြသလည်း။ နာတာနဲ့ ရီတာပြောင်းပြန်။ နာကျင်တာနဲ့ အပြုသဘောဆောင်တာနဲ့ တခြားစီမဟုတ်ပါလား။ ဒါကြောင့် ရယ်မောရင် stress relief စိတ်ဖိအားလျော့ပြီး စိတ်ကျန်းမာရေး ကောင်းစတယ်။

ရီရင် ကိုယ်အင်္ဂါအစိတ်အပိုင်းတွေဆီ အောက်စီဂျင်သွားတာလည်း တိုးများစေတယ်။ နေကောင်းစေတယ်။
တနေကုန် ရီနေဘို့တော့ မဟုတ်ပါ။ ကိုယ်လက်လှုတ်ရှားပါ။ လေ့ကျင့်ခန်းလုပ်ပါ။ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်လည်း စားသောက်ပါ။

ဒေါက်တာတင့်ဆွေ
၁၈-၄-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး