Online labor room အွန်လိုင်း သားဖွါးခန်း

ဆရာရှင့်။ ကျမမောင်လေးရဲ့အမျိုးသမီးအကြောင်းမေးမြန်းပေးချင်လို့ပါ၊ သူကမြန်မာပြည့့် မြို့ကပါ။ အသက် ၃၂ နှစ်ပါ။ အိမ်ထောင်သက် ၂ နှစ်ကျော် မှကိုယ်ဝန်ရပါတယ်။ တားဆေးစားခြင်းမရှိခဲ့ပါ။ နှစ်ဦးစလုံး အရက်မသောက်ပါ။ အခု သူတို့ရဲ့သားဦးကိုယ်ဝန်ဆောင်ထားတာ ၈ လပြည့်ဖို့ ၈ ရက်အလို ၂ဝ၁၅ မြန်မာနှစ်ဆန်း တရက်နေ့ မနက် ၄ နာရီမှာ ရေမွှာဆင်းပါတယ်။ မိုးလင်းတာနဲ့ ထိုင့်း့ ဆေးရုံသို့ သွားရပါတယ်ဆရာ။ ၄ နာရီအထိ ဗိုက်နာခြင်း၊ ခါးနာခြင်းလဲမရှိ၊ ကလေးက ထွက်ခြင်သောကြောင့် တိုးနေပါတယ်။ သားအိမ်ခေါင်းလဲမပွင့်ပါဆရာ။ ပွင့်ဆေးထိုးပေးလဲ မပွင့်ပါဘူးဆရာ။ ကလေးက ၂၄ ကီလို ရှိမယ်လို့ ခန့်မှန်းပါတယ်။ ဆေးထိုးပေးပြီး နောက်ထပ် ၄၈ နာရီစောင့်ကြည့်မယ်လို့ပြောပါတယ်။ ကလေးကတော့ ယခင်ရက်ထက် ပိုလူပ်ရှားပါတယ်။ လမစေ့သေးလို့ ၁၉-၄-၂ဝ၁၅ မှာ ပေါက်ထားတဲ့ ရေမွှာကို ပြန်ချုပ်ပေးပြီး လစေ့အောင် အိမ်ပြန်စောင့် ဒါမှမဟုတ် လမစေ့ပဲခွဲမွေးချင်မွေး မိမိတို့နှစ်သက်ရာကို ရွေးချယ်ခိုင်းပါတယ် ဆရာ။ အဲ့ဒါကို ကျမတို့နားမလည်လို့ပါဆရာ။ ဘာကိုရွေးချယ်သင့်ပါသလဲ၊ လမစေ့ပဲမွေးခဲ့ရင်ကလေးက ကျန်းမာရေး ချူခြာတတ်တယ်လို့ သိရှိထားပါတယ်ဆရာ။ ပေါက်ထားတဲ့ရေမွာကို ပြန်ချုပ်ပြီး အိမ်ပြန်တလစောင့် ဆိုတာကလဲ စိုးရိမ်စရာရှိပါသလားဆရာ။

ဆောရီး။ ကိုယ်ဝန်ရက် အတိအကျ မသိရပါ။ (၁) နောက်ဆုံးရာသီလာခဲ့တဲ့ပထမရက် သိရင်ပြောလို့ရတယ်။ (၂) အာလ်ထွာဆောင်းမှာ ခန့်မှန်းမွေးမယ့်ရက်ပါတယ်။ ရေမြွာဆင်းတာက ရေမြွာအိတ်ပေါက်လို့ဖြစ်တယ်။ ကလေးကို ဂရုစိုက်ရမယ်။ စိမ်းပေါက်တာသာဆိုရင် စောင့်လို့ရတယ်။ ရေမြွာအိတ်ကိုချုပ်တယ်လို့တော့ ဆရာမသိပါ။ ကလေး လှုတ်နေရင် ကောင်းတယ်။ စောမွေးရင် ကလေးကို အထူးဂရုစိုက်ရတယ်။ စောမွေးလည်း ကလေးကောင်းတာတွေ များပါတယ်။

(Early Rupture of Membranes ရေမြွာစောပေါက်ခြင်း) စာကို ပို့လိုက်ပါတယ်။

အခုလို ချက်ချင်းစာပြန်လာပေးသောဆရာကို ရိုသေခြင်းများစွာဖြင့် ကျေးဇူးတင်ပါတယ်ဆရာ။ နောက်ဆုံး ရာသီစလာတဲ့ရက် ၂ဝ၁၄ သြဂုတ်လ ၂၆ ရက် နေ့ပါဆရာ။ နောက်ဆုံးဆင်းတာတော့ ၂ဝ၁၄ သြဂုတ်လ ၂၉ ရက်ပါ ဆရာရှင့်။

ရာသီရက်အရ ခန့်မှန်းမွေးမယ့်ရက် = ၃-၆-၂ဝ၁၅ ဖြစ်တယ်။ သားအိမ်စောပွင့်တာကိုသာ ပြန်ချုပ်ရပါတယ်။

ဆရာပို့ပေးသောစာကို ပိုနားလည်အောင် ခဏခဏဖတ်နေပါတယ်ရှင့်။ ဆေးရုံမှ အာလ်ထွာဆောင်း ခန့်မှန်းမွေးမယ့်ရက် မပြောဘူးဆရာ။ ပိုးဝင်မှာစိုးလို့ ဆေးထိုးပေးထားပါတယ်။ drip သွင်းခြင်းနဲ့ ကလေးအတွက်ဆေးများကိုလဲမကြာခဏ မိခင်ကိုထိုးပေးနေပါတယ်ရှင့်။ နောက်ထပ် အခုညမှာပဲ အာလ်ထာဆောင်း ရိုက်ပါသေးတယ်။ ဘာမှမပြောပဲ အထက်က ပြောသလို ရွေးချယ်ခိုင်းပါတယ်ရှင့်။ ယခုလိုမဖြစ်ခင်နှစ်လတွင် ကိုယ်လက်ယောင်ရမ်းခြင်းဖြစ်ခဲ့ပါတယ်။

ကောင်းပါတယ်။ ပိုးမဝင်ဖို့နဲ့ နားနေဖို့သာလိုတယ်။ ကလေးလှုတ်ရေသမျှ ဘာမှမစိုးရိမ်ရပါ။ ကလေးနှလုံးခုန်တာ ကြည့်ပြီး လိုလာရင် မွေးလမ်းကမွေးနည်းနဲ့ မရရင်တော့ ခွဲမွေးနိုင်တယ်။ စောမွေးလည်း ဆေးရုံမှာဖြစ်လို့ ကလေးကို မွေးကာစမှာ ပေါင်းအိုးထဲထားရင် ကောင်းပါမယ်။

ဆရာ့စာအရဆိုရင် ပြန်ချုပ်တာ ကောင်းတယ်လို့ ဆိုလိုတာပေါ့နော်။ အိမ်ရောက်မှ သူက ကလေးထွက်ကြလာမှာကို စိုးရိမ်နေပါတယ်ဆရာ။ ဆရာ့အား ကျေးဇူးတင်ပါတယ်လို့ ထပ်လောင်းပြောပါရစေ။

မဟုတ်ပါ။ သားအိမ်ဝကိုသာ စောပွင့်နေမှသာ ချုပ်ရပါတယ်။ ရေမြွာအိတ်ကိုချုပ်တာ ဆရာမသိပါ။

စေတနာထား အချိန်ပေးညွှန်ကြားပေးခဲ့သောဆရာအား ကျေးဇူးတင်ပါတယ်ရှင်။ ယနေ့ (၁၉-၄-၂ဝ၁၅) မနက် ၁ဝ နာရီမှာ ခွဲမွေးလိုက်ပါတယ်ရှင့်။ ကလေးခေါင်း အောက်ရောက်နေတာကြောင့် ခွဲစိတ်ချိန်ကြာမြင့်ခဲ့ပေမယ့် မိခင်နှင့် ကလေး အဆင်ပြေ ကျန်းမာစွာ ခွဲစိတ်နိုင်ခဲ့ပါတယ်ဆရာ။ မိန်းကလေးမွေးပါတယ်။ ၂့၆ ကီလို၊ အရပ် ၅ဝ စီအင်မ် ရှိပါတယ်။ အခု ကလေးကို ပေါင်းအိုးထဲထည့်ထားပေးပါတယ်ရှင်။ ဆရာရဲ့စေတနာဖြင့် ညွှန်ကြားပေးမူနှင့် မေတ္တာဆုတောင်းပေးသော ကျေးဇူးများ ကြောင့် အားလုံးအဆင်ပြေ ကျန်းမာပျော်ရွှင်ရပါတယ်ဆရာ။ ဆရာ့အား ရိုသေစွာ ကျေးဇူးတင် ကန်တော့ပါတယ်ဆရာ။ ကိုယ်စိတ်နှစ်ပါး သက်ရှည်ကျန်းမာပျော်ရွှင်နိုင်ပါစေရှင်။

ဆရာလည်း ဝမ်းသာပါတယ်။ ကလေးအမေကိုပြောလိုက်ပါ၊ နောက်တယောက်ဆို ဒိထက်လွယ်မယ်လို့။

ဒေါက်တာတင့်ဆွေ
၁၉-၄-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး