Pepsi to drop artificial sweetener aspartame

နာမည်ကြီး (ပက်ဆီ) ထဲမှာ အချိုဓါတ် (အက်စ်ပါတိန်း) သုံးတော့မည်မဟုတ်

• ကနေ့ထွက်တဲ့ ကျန်းမာရေးသတင်းပါ။ တကမ္ဘာလုံးမှာ သောက်သုံးသူအများဆုံး (ပက်ဆီ) ထဲမှာ အချိုတုဓါတ် (အက်စ်ပါတိန်း) ကိုမသုံးတော့ဘူးလို့ဆိုပါတယ်။ အမေရိကားမှာတော့ အဲဒီဓါတ်မပါတာကိုသာ လာမယ့် သြဂုတ်လကစပြီး ရောင်းချပါတော့မယ်။
• အစားအသောက်နဲ့ဆေးဝါးထိန်ချုပ်သူတွေကတော့ (အက်စ်ပါတိန်း) ဓါတ်ဟာ ဖျောာာ်ရည်တွေထဲထည့်သုံးတာ စိတ်ချရပါတယ်လို့ ဆိုပါတယ်။
• PepsiCo ကုမ္ပဏီအဆိုက ဒီဆုံးဖြတ်ချက်ဟာ စီးပွါးရေသက်သက်ပါလို့ပြောပါတယ်။
• ပြီးခဲ့တဲ့နှစ်က Diet Pepsi ရောင်းရတာ ၅% နည်းသွားတယ်။ Aspartame ပါတဲ့ Diet Coke ရောင်းရတာ ၆% မကနည်းသွားတယ်။
• PepsiCo ကုမ္ပဏီက (အက်စ်ပါတိန်း) အစား Sucralose နဲ့ Acesulfame potassium (Ace-K) ရောတာကို သုံးပါတော့မယ်။
• (အက်စ်ပါတိန်း) ပါတာဟာ ပါးစပ်မှာ ခံစားမှုတမျိုးဖြစ်စေတယ်လို့ တတ်သိနားလည်သူတွေကဆိုပါတယ်။
• (အက်စ်ပါတိန်း) ဓါတ်ကိုသားသုံးရာမှာ သုံးနိုင်တယ်လို့ ၁၉၈ဝ ကျော်ကတည်းက အသိအမှတ်ပြုထားပါတယ်။
• (အက်စ်ပါတိန်း) ဟာ အလေးချိန်တူရင် သကြားထက် အဆ ၂ဝဝ ပိုချိုတယ်။ ဒါပေမယ့် ကယ်လိုရီမများလှဘူး။
• ကနေ့ အစားအသောက်မျိုးစုံမှာ အချိုတုမျိုးစုံသုံးထားပါတယ်။
• ၂ဝဝ၅ သုတေသနတခုအဆိုအရ (အက်စ်ပါတိန်း) ကနေ ကင်ဆာဖြစ်နိုင်သလားမေးခွန်းထွက်ခဲ့ပါတယ်။
• အများဆုံးလက်ခံထားတာက စိတ်ချရပါတယ်။ တနေ့ကို အဲလို သကြားမပါအချိုရည် ၁၄ ဗူးသောက်ရင်တော့ အန္တရာယ်ပေးနိုင်တယ်။

ဒေါက်တာတင့်ဆွေ
၂၇-၄-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး