A popular word သဝေထိုး မရေးချ ငသတ်

• မောင်တလုံးတည်းနဲ့ ခေတ်မီသွားပြီ၊ ခေတ်မီတယ် စသဖြင့်ပြောကြတယ်။

• ဒီမိုကရေစီဆိုတာ ဘာညာ အရှည်ကြီးတွေ၊ အကိုးအကားတွေ၊ ပါဝါပွိုင့်တွေနဲ့ အတော်ပြောကြတယ်။ အဲတာတွေက စာသမားတွေ။ ဒီမိုကရေစီဆိုတာ လူအများစုလို့တော့ ဘယ်သူတွေ ဆရာလာမလုပ်လည်း သိတဲ့သူချည်းပဲ။
• အများဆိုတာ ဘယ်လိုလူတွေလည်း။ ပေါ့ရွှတ်ရွတ် သဘောကျသူ ပေါတယ်။ ဆွဲဆောင်တာနောက် ကောက်ကောက်ပါသူ များတယ်။ သတ်ပုံမှန်အောင်မရေးသူ အလွန်များတယ်။ စာရောစကားပါ မပီသသူ ရေတွက်မကုန်ဘူး။
• အဲတာတွေမသိပဲ နိုင်ငံရေးလုပ်လို့ကတော့ ၂၅% စာရင်းထဲမပါရင် ရှုံးမယ်။

• မှားနေတာတွေသိပြီး မှားနေတောတွေလည်း ပြင်ပေးမှ ဒီမိုကရေစီနိုင်ငံရေးလုပ်သူပီသမယ်။
• မဲအရွေးခံမှာမဟုတ်ပေမယ့် (လိုက်ခ်) တော့ပေးကြမှာပဲ။ အဲ့ (ဘလော့ခ်) လည်းပါတာပေါ့။ ကိစ္စမရှိပါ။ ရာနှုန်းပြည့်ဆိုတာ ဒီမိုကရေစီမဟုတ်ဘူး။

ဒေါက်တာတင့်ဆွေ
၁၈-၅-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး