Advances in Medications to Treat Hepatitis C

အသည်းရောင် (စီ) ကုသနည်း တိုးတက်လာပုံအဆင့်ဆင့်

အသည်းရောင် (စီ) ကုသနည်းတွေ တိုးတက်ကောင်းမွန်လာနေပါတယ်။ ဆေးထိရောက်မှုပိုကောင်းလားသလို ကုသရတဲ့ ကာလလည်းတိုလာတယ်။ ဈေးချိုချိုနဲ့ရစရာလည်း လက်တကမ်းမှာရောက်နေပါပြီ။ အမေရိကန် FDA လမ်းညွှန်အရ ခုနှစ်အလိုက် တိုးတက်လာတာတွေကို ရေးပါရစေ။

လွန်ခဲ့တဲ့နှစ်အနည်းငယ်ကဆိုရင် ဆေး (၂) မျိုးသုံးခဲ့တယ်။
(၁) Pegylated interferon (Peg-IFN) ဆေးကို Interferon အင်တာဖရွန်လို့လူသိများတယ်။ ထိုးဆေးဖြစ်တယ်။ အစကတမျိုးတည်းသုံးခဲ့တယ်။ နောက်မှာ Ribavirin ဆေးနဲ့တွဲသုံးတယ်။ ဘေးထွက်ဆိုးကျိုးကို သိပ်မခံနိုင်ကြဘူး။ Interferon ကို genotypes 1, 2 နဲ့ 4 အမျိုးအစားတွေကို မပေးပါ။ genotype 3 ကိုတော့တချို့နေရာတွေမှာပေးတယ်။

(၂) နောက်တခုက Ribavirin (RBV) စားဆေးဖြစ်တယ်။ သူတမျိုးတည်းဘယ်တော့မှမပေးပါ။

၂ဝ၁၁ မေလမှာ နောက်ထပ်ဆေး ၂ မျိုးပေါ်လာတယ်။
(၁) Boceprevir (Victrelis) နဲ့ (၂) Telaprevir (Incivek) ဖြစ်တယ်။ Direct-acting antivirals (DAAs) ဆေးတွေလို့ ခေါ်တယ်။ HCV genotype 1 အမျိုးအစားအတွက် Peg-IFN/RBV နဲ့တွဲပေးတယ်။ ဆေးသုံးမျိုးတွဲပေးလို့ Triple therapy လို့ခေါ်တယ်။ ၂ဝ၁၄ ရောက်တော့ အဲတာကိုမသုံးတော့ပါ။

၂ဝ၁၃ နိုင်္ဘာလမှာ FDA ကနေ တနေ့မှာ ၁ ကြိမ်သာသောက်ရမယ့်ဆေးခွင့်ပြုလာတယ်။ Protease inhibitor ဆေးမျိုးဖြစ်တယ်။ Simeprevir (OysioO) ခေါ်တယ်။ Peg-IFN/RBV therapy နဲ့တွဲသုံးဘို့ဖြစ်တယ်။ လူနည်းနည်းကိုသာ ပေးပြီးနောက် ပိုကောင်းတဲ့ Sofosbuvir (Sovaldi) နဲ့တွဲပေးလာပါတယ်။ genotype 1 အမျိုးအစားအတွက် Ribavirin နဲ့တွဲလို့ဖြစ်ဖြစ် မတွဲပဲဖြစ်ဖြစ်ပေးတယ်။ အဲတာက တရားဝင်အပြည့်အဝတော့ မဟုတ်ပါ။ ၂ဝ၁၄ နိုဝင်္ဘာမှာ Simeprevir နဲ့ Sofosbuvir ကိုခွင့်ပြုခဲ့တယ်။

၂ဝ၁၃ ဒီဇင်္ဘာ Sofosbuvir (Sovaldi) ကိုတရားဝင်ခွင့်ပြုလိုက်ပါတယ်။ Sofosbuvir ဆေးကို တနေ့ ၁ ကြိမ်နဲ့ HCV genotypes 1, 2, 3 နဲ့ 4 တွေအတွက်ပေးတယ်။ အဲတာဟာ genotype 2 နဲ့ 3 အတွက် စားဆေးချည်းဖြစ်တဲ့တဲ့ ပထမဆုံးဆေးဖြစ်တယ်။ ထိုးဆေးမပါနည်းလို့ခေါ်တယ်။

Genotype 1 နဲ့ 4 အတွက်ပထမတန်းစားဆေးအဖြစ် Peginterferon + Ribavirin ကို ၁၂ ပတ်ပေးတယ်။ Interferon မထိုးသင့်သူတွေကို Sofosbuvir + Ribavirin ၂၄ ပတ်ပေးတယ်။

Sofosbuvir ဆေးကို HIV-HCV co-infection ခေါ်တဲ့ HIV ပါတွဲရှိနေသူတွေအတွက်ပါသုံးနိုင်တယ်။

၂ဝ၁၄ အောက်တိုဘာလ
HCV genotype 1 အတွက်စားဆေးချည်းကုသနည်းအဖြစ် Ledipasvir/Sofosbuvir (Harvoni) ကိုခွင့်ပြုလိုက်တယ်။
တနေ့ ၁ ကြိမ်ပေးရတဲ့ sofosbuvir (Sovaldi) နဲ့တွဲထားတဲ့ဆေးသစ်ကို ledipasvir ခေါ်တယ်။ direct-acting antivirals (DAAs) ခေါ်တယ်။ စီပိုးတွေပွါးများရာမှာလိုတဲ့ အင်ဇိုင်းမ်တွေကိုတားဆီးပေးတယ်။

Harvoni ဆေးဟာ လူကြီး HCV genotype 1 အတွက်ဖြစ်တယ်။ ယူအက်စ်များ အများဆုံးဖြစ်တဲ့အမျိုးအစားဖြစ်တယ်။
ဘေးထွက်ဆိုကျိုးများကြတဲ့ Interferon ကို တပတ်တကြိမ်ထိုးစရာလည်းမလိုပါ။ Ribavirin စားဆေးလည်းမလိုပါ။
ခုထိလေ့လာမှုတွေအရ Harvoni ဆေးဟာ HCV ကို ၁၂ ပတ်နဲ့ ပျောက်ကင်းနှုန်း ၉၄% ရှိတာတွေ့ရတယ်။

၂ဝ၁၄ နိုဝင်္ဘာလ
Simeprevir (Olysio) ဆေးကိုခွင့်ပြုလိုက်တယ်။ Sofosbuvir (Sovaldi) နေ့တွဲပြီး တနေ့ ၁ ကြိမ်ပေးစားဆေး ဖြစ်တယ်။ ဒိအရင်က genotype 1 အတွက် Simeprevir ကို Peg-IFN/RBV therapy နဲ့တွဲပေးနေတယ်။

၂ဝ၁၄ ဒီဇင်္ဘာလ
ဆေးအတွဲသစ်ထွက်လာတယ်။ Genotype 1 အတွက် Ribavirin နဲ့တွဲလည်းပေးတယ်။ မတွဲပဲလည်းပေးတယ်။ Cirrhosis အသည်းခြောက်နေသူကိုလည်း ပေးနိုင်တယ်။ Ombitasvir/Paritaprevir/Ritonavir စားဆေးနဲ့ Dasabuvir (Viekira Pak) စားဆေးဖြစ်တယ်။ HCV/HIV co-infection တွေကိုလည်းပေးတယ်။ အသည်းအစားထိုးထားသူကိုလည်းပေးတယ်။
အသည်းခြောက်တာ လွန်ကဲနေတဲ့သူကိုတော့ မပေးပါ။

ခုထိလေ့လာမှုတွေအရ Viekira Pak ဆေးပေးတာ ပျောက်ကင်းနှုန်း ၉၇% ရှိတယ်။ HCV genotype 1a and 1b အမျိုးအစားတွေကို ကုသပေးတာဖြစ်တယ်။ အသည်းခြောက်နေသူတွေလည်း ပါတယ်။

ဒီဆေးသုတေသနကို နောက်ဆုံး (အပ်ဒိတ်) လုပ်ထားတာက ၂ဝ၁၅ ခုနှစ် ဧပြီလမှာဖြစ်ပါတယ်။

ဒေါက်တာတင့်ဆွေ
၅-၅-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး