Baby sex အထီး-အမ သိချင်ကြ

၁။ ဆရာရှင့် သမီးကိုယ်ဝန် ၂၁ ပတ်မှာ Ultrasound ရိုက်တာ plectana posteria mild လို့ရေးထားတယ်။ အဲဒါ စိုးရိမ်ရလားရှင့်။ လရင့်ရင်ရော အချင်းက ပြန်လှည့်သွားလားရှင့်။ အသက် ၄၁ မှာရတဲ့ သားဦးကိုယ်ဝန်လေးမို့ အရမ်း စိုးရိမ်လို့ပါ။ sorry ရေးတာတာမှာလို့ plectanta anteria mild ပါရှင့်။ သမီးအဆင့်က စိုးရိမ်ရတဲ့အဆင့်မှာပါလားဆရာ။ ကျေးဇူးပြုပြီးဖြေကြားပေးပါနော် လေးစားပါတယ်ဆရာရှင်။

mild မဟုတ်။ mid အလယ်လို့ရေး။ ပုံမှန်။

sorry အခြင်းက စိုးရိမ်ရလားရှင့်

ဖြေထားပြီး။ အချင်းလို့ ရေးရ။

Sorry
Good morning ဆရာရှင့် ကိုယ်ဝန်ဘယ်နှစ်ပတ်ဆို ကျား မ တိတိကျကျသိရလဲရှင့်။ သမီး ကိုယ်ဝန် ၂၁  ပတ်မှာ ultrasound သွားရိုက်တုန်းက အဲဒီကိုယ်ဝန်ပတ်အရွယ်အစားမှာ ကလေးအနေအထားမှန်ရင် သိရပြီတဲ့။ ခုဟာက အနေအထားမမှန်သေးလို့တဲ့။ ကိုယ်ဝန်ဘယ်နပတ်မှာ ပြန်ရိုက်ရင် တိတိကျကျသိရနိုင်လဲရှင့်။ အကယ်၍ 3 D ရိုက်ရင်ရော ဘယ်နှစ်ပတ်မှာစရိုက်လို့ရလဲရှင်။ ကျား မ တိတိကျကျသိရပြီး အသုံးအဆောင်လေးတွေကြိုဝယ်ထားခြင်လို့ပါ။ လေးစားလျက်ပါဆရာရှင့်။

၂။ အခု မြန်မာပြည်မှာ ခေတ်စားလာတဲ့ ယောက်ျားလေးလား မိန်းကလေးလား ဆီးနဲ့စစ်ရတဲ့ပစ္စည်း။ အဲ့ဒါမှန်ကန်တဲ့ အဖြေထွက်ပါသလားဆရာ။ ဝယ်သုံးသင့်ပါသလား။

အခုခေတ်စားနေတဲ့၊ အရမ်းနာမည်ကြီးနေတဲ့၊ လူပြောများနေတဲ့၊ ရေပန်းစားနေတဲ့ဆိုတာတွေ နေ့တိုင်းလာတယ်။ အရမ်း အရမ်းဆိုတာတွေကတော့ တနေ့တမျိုး၊ တယောက်တမျိုး။ အခုခေတ်စားနေတယ်ပြောတာ မဟုတ်ပါ။ ဒီစာရေးထားတာ ၂ နှစ်ကျော်ပြီ။

၃။ ကိုယ်ဝန် ၆ ပတ်နဲ့ ယောက်ျားလေး မိန်းကလေး ခွဲခြားသိနိုင်တဲ့  စမ်းသပ်ပစ္စည်းတွေပေါ်နေပြီဆိုလို့ အဲ့ဒါ ဟုတ်ပါသလားဆရာ။ အဖြေရော မှန်နိုင်ပါ့မလားဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးစေလိုပါတယ်ရှင့်။

၎။ မင်္ဂလာပါဆရာ။ ကျွန်မအသက် ၂၄နှစ်ပါ။ အိမ်ထောင်ကျတာ ၈ လကျော်ပါပြီ။ ကိုယ်ဝန်က ၄ ပတ်နဲ့ ၄ ရက်ရှိပါပြီ။ သားလေးလိုချင်ရင်ဖြစ်ဖြစ် သမီးလေးလိုချင်တာမျိုးဖြစ်ဖြစ် အစားအသောက်နဲ့ ရွေးလို့ရတယ်ဆိုတဲ့ဆရာ့ရဲ့ ဆောင်းပါးလေး ဖတ်ဖူးပါတယ်။ အခုအဲ့ဆောင်းပါးကို သေသေချာချာလေး အသေးစိတ်ပြန်ဖတ်ချင်လို့ပါ။ ပြန်ရှာတာ ကျွန်မ မတွေ့လို့ပါ။ အဲ့အကြောင်းကို link လေးဖြစ်ဖြစ် ပို့ပေးပါဆရာ။

၅။ ဆရာရှင့် ကိုယ်ဝန်လနုချိန်မှာ အစားအစာနဲ့ ကလေးရဲ့ sex ကို ပြောင်းလို့ရတယ်ဆိုတာ ဟုတ်ပါသလားရှင်။ သူငယ်ချင်းတွေက ဆရာ့ wall မှာ တင်ထားပေးတယ်ဆိုလို့ သမီးရှာတာမတွေ့လို့ပါရှင်။

သန္ခေဖြစ်ကတည်းက မွေးလမယ့်ကလေးရဲ့ ကျား-မ ပြဋ္ဌာန်းပြီးဖြစ်တယ်။ သန္ခေသားတခုဟာ ယောက်ျားလေးဖြစ်မလား မိန်းကလေးဖြစ်မလားဆိုတာ လူတိုင်းမှာ တစုံစီရှိကြတဲ့ (ခရိုမိုဇုမ်း) တွေကနေပြဋ္ဌာန်းတယ်။ မိန်းကလေးတိုင်းမှာ XX နဲ့ ယောက်ျားလေးတိုင်းမှာ XY ပါတယ်။ လူတိုင်းမှာ ခန့်မှန်းချေ ခရိုမိုဇုမ်း (၂၅ဝဝဝ) စီရှိကြတယ်။

ဖခင်ရဲ့သုက်ပိုးတွေထဲမှာ တချို့က X နဲ့ တချို့က Y ကိုသယ်ဆောင်လာကြတယ်။ မိခင်မျိုးဥကို X နဲ့တွေ့မှာလား Y နဲ့ တွေ့မှာလားအပေါ်မူတည်ပြီး မွေးလာမယ့်ကလေးဟာ ယောက်ျားလေးဖြစ်ဖြစ် မိန်းကလေးဖြစ်ဖြစ် ဖြစ်လာမယ်။ တနည်းအားဖြင့် သုက်ပိုးတွေက မမျိုးဥဆီကို ကူးခတ်သွာလာရာမှာ ဘယ်သုက်ပိုးက အရင်ဆုံးရောက်ပြီ ပေါင်းစပ်သလဲဆိုတာအပေါ်မှာ မူတည်နေတယ်။ အဲလိုဖြစ်မှာကို ဘာနဲ့မှထိန်းချုပ်လို့မရပါ။

အဲဒီနောက်မှာ ကျားဟော်မုန်းနဲ့ မဟော်မုန်းတွေကနေ ပြောင်းလဲမှုတွေကိုဖြစ်လာစေတယ်။ ကိုယ်ဝန် ၇ ပါတ်မှာအဲလို မတူတော့တာတွေ (ကျားလိင်အင်္ဂါ၊ မလိင်အင်္ဂါ) စဖြစ်တယ်။ အာလ်ထွာဆောင်းရိုက်ရင် ၁၆ ပါတ်ထက်စော မသိနိုင်ဘူး။ အသင့်ဆုံးက ၁၈ ပါတ်နဲ့ ၂ဝ ပါတ်မှာရိုက်မှသေချာတယ်။ အာလ်ထွာဆောင်းရိုက်ချိန်မှာ ကလေးအနေအထားအပေါ် မူတည်ပြီး ထင်ရှားမှုဖြစ်နိုင်တယ်။

စောသိချင်ရင် Amniocentesis ခေါ်တဲ့ရေမြွာရည်စုပ်ယူပြီး Chromosomes ခရိုမိုဇုမ်းကိုစစ်ရတယ်။ ၇ ပါတ်မှာစမ်းရင် ၉၅% သေချာတယ်။ ၂ဝ ပါတ်မှာစမ်းရင် ၉၉% သေချာတယ်။ ဒီနည်းကို အသက် ၃၅ နှစ်ကျော်မှ ကိုယ်ဝန်ရသူတွေကို လုပ်တယ်။ မျိုးဗီဇချို့ယွင်းချက်တွေ ပါနေမနေသိဘို့ဖြစ်တယ်။ ဥပမာ Down syndrome ဒေါင်းဆင်းရုမ်းနဲ့ကလေး။

မိခင် မျိုးဥဆီက Pronuclei နဲ့ ဖခင်သုက်ပိုးဆီက Pronuclei နှစ်ခုဟာ ထိစပ်ယုံသာဖြစ်တယ်။ တခုတည်းအဖြစ် ပေါင်းစပ်လိုက်ကြတာတော့ မဟုတ်ပါ။ ခရိုမိုဇုမ်းတွေလည်း အီကွေတာမျဉ်းတဖက်စီမှာ ခုထိစပ်တာသာ ဖြစ်ကြတယ်။ ဆက်ပြီး ခရိုမိုဇုမ်းတွေက အညီအမျှခွဲလာရာကနေ ပထမဆုံး (ဆဲလ်) တွေဖြစ်တာတယ်။ (ဆဲလ်) ၂ ခု ဖြစ်လာဘို့ရာ ၂၂-၂၆ နာရီသာကြာတယ်။ အဲလိုဖြစ်လတာကို Zygote ခေါ်တယ်။ သန္ခေလို့ပြောနိုင်ပြီ။ ကျား-မ ခွဲပြီးသား။

နောက်သုတေသနတခု -
၁။ အာလ်ထွာဆောင်း ၁၇ ပါတ်မှာရိုက်ရင် ၉၉% သေချာတယ်လို့ ၂ဝ၁၂ ဆေးပညာဂျာနယ်တခုကဆိုပါတယ်။
၂။ Chorionic Villus Sampling (CVS) နည်းကို ၉ ပါတ်နဲ့ ၁၂ ပါတ်မှာလုပ်နိုင်တယ်။ စောရင် အန္တရာယ်များတယ်။ ကိုယ်ဝန်ပျက်နှုန်း ၁-၃% ရှိတယ်။
၃။ Amniocentesis နည်းကို ၁၅-၁၆ ပါတ်မှာလုပ်တယ်။

၁ဝ-၈-၂ဝ၁၁ နေ့ထုတ် တိုင်းမ်မဂ္ဂဇင်းမှာ သွေးစစ်နည်းသစ်ကိုရေးထားတယ်။ ၇ ပါတ်မှာ အစောဆုံးလုပ်နိုင်တယ်။ ၉၄့၈% မှန်တယ်။ ၇-၁၂ ပါတ်မှာလုပ်တာက ၉၈့၉% မှန်တယ်။ အဲဒီအချိန်က ဒေါ်လာ ၄ဝဝ ကုန်ကျတယ်။

အချုပ်ပြောရရင် အထဲကကလေး ကျားလား မလားသိအောင် ကိုယ်ဝန် ၁၆-၁၈-၂ဝ ပါတ်မှာ အာလ်ထွာဆောင်း ရိုက်နည်းက အသင့်တော်ဆုံးဖြစ်ပါတယ်။ ကျန်နည်းတွေ မဖြစ်နိုင်လို့ မပြောပါ။ % နဲ့ ကုန်ကျစရိတ်ကြည့်ရမယ်။ ကြော်ငြာတိုင်း မှန်တာတော့ မဟုတ်ပါ။ အမေရိကမှာလည်း သည်အတိုင်းပဲ။

- Baby Boy ကလေးမွေးရင် (ယောက်ျားလေး) ရချင်သလား http://doctortintswe.blogspot.com/2014/11/baby-boy.html
- Baby girl or boy ဘာလေးမွေးမှာလဲ http://doctortintswe.blogspot.com/2014/11/baby-girl-or-boy.html

ဒေါက်တာတင့်ဆွေ
၂၆-၅-၂ဝ၁၅
၃-၁၂-၂ဝ၁၆
၂၅-၁၂-၂ဝ၁၆
၁၂-၅-၂ဝ၁၇
၂၇-၈-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး