Beanstalk and I ပဲပင်စိုက်ထားတယ်

- အခုနေရတဲ့အရပ်မှာ ရာသီဥတု သိသိသာသာပြောင်းလာပြီ။ အပူဓါတ်ရလာလို့ အပြင်ထွက်လမ်းလျှောက်နိုင်ကြပြီ။
- အန်တီက အိုးလေးထဲမှာ မြေဆွေးထည့်ပြီး အပင်စိုက်ဘို့ကြိုးစားတယ်။ ရတာနဲ့စတယ်။ ပဲစေ့။ မက်ဆီကန်ပဲမျိုး စိုက်ကြည့်တာ တပါတ်နေတော့ ဒီအခြေအနေထိ ရှိလာတယ်။

- ကလေးတွေကိုပြောရင် Jack and the Beanstalk ကိုပြောရတယ်။ ဂျက်နဲ့ ပဲပင်ပုံပြင်ကို လူတိုင်းကြားဖူး ဖတ်ဖူးကြမယ်။ မူရင်းကအင်္ဂလိပ်ပုံပြင်ပါ။ မူကွဲတွေကအများကြီး။ အစောဆုံး ပုံနှိပ်ခဲ့တာက ၁၈ဝ၇ ကလို့ဆိုပါတယ်။ ပေါ်နေခဲ့တာကတော့ ဒိထက်ကြာမယ်။ တချို့က ကိုယ်ပိုင်ပုံပြင်လို့ ထင်ကြမယ်။
- ဘီလူးကြီးရဲ့အော်သံမူရင်း Fee! Fie! Foe! Fum! I smell the blood of an Englishman ကို ရှိတ်စပီးယားက လီယာဘုရင်ကြီးထဲမှာ Fie, foh, and fum, I smell the blood of a British man လို့ ရေးထားတယ်။

- ပဲပင်နွယ်ကို အထက်တက်ပြီး နတ်ပြည်ထိရောက်ချင်တာမဟုတ်ပါ။ စိုက်ထားတဲ့ပဲပင်နွယ်တွေက ၈၅၂၁ မိုင်ရှည်လာရင် ဒီကနေ ရန်ကုန်အထိရောက်မယ်။ မန္တလေးဆိုရင် ၈၁၆၃ မိုင်ပဲဝေးတော့ လမ်းလျှောက်သွားရင် မြန်မြန်ရောက်မယ်။

ဒေါက်တာတင့်ဆွေ
၁၅-၅-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး